• Follow Us on

Home ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ ဆက်လက်တပ်စွဲထားသောကြောင့် ဆွေးနွေးပွဲများ တိုးတက်ဖွယ်ရာမမြင် ကြောင်း ဘလင်ကန်ပြော

ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ ဆက်လက်တပ်စွဲထားသောကြောင့် ဆွေးနွေးပွဲများ တိုးတက်ဖွယ်ရာမမြင် ကြောင်း ဘလင်ကန်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀ (People Media)

 

ရုရှားတပ်ဖွဲ့များကို ယူကရိန်းနယ်စပ်အနီးတွင် ဆက်လက်တပ်စွဲထားသည်ဟု အမေရိကန်အစိုးရကယုံကြည်နေ သောကြောင့် ရုရှား-အမေရိကန် လုံခြုံရေးဆွေးနွေးပွဲမှာ မျှော်မှန်းထားသလောက် တိုးတက်အောင်မြင်နိုင်ဖွယ်မ ရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇန်နဝါရီလ ၉ ရက်နေ့ကပြောသည်။

 

“ရုရှားတပ်တွေ ယူကရိန်းနယ်စပ်တစ်လျှောက်စုဖွဲ့ထားတာ အင်အား ၁၀၀,၀၀၀ ရှိပါတယ်။ အဲဒီအင်အားက အ ချိန်တိုအတွင်း အမိန့်ပေးလိုက်တာနဲ့ နှစ်ဆတက်သွားနိုင်တယ်။ ယူကရိန်းရဲ့ ဦးခေါင်းကို ရုရှားကသေနတ်နဲ့ချိန် ထားတဲ့အချိန်မျိုးမှာ၊ တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မျိုးမှာ အမှန်တကယ်တိုးတက်မယ့် ဆွေးနွေးပွဲမျိုးကို မြင်ရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။” ဟု ဘလင်ကန်ကပြောသည်။

 

“တကယ်လို့ တင်းမာမှုတွေလျော့ကျလာတာ ကျွန်တော်တို့မြင်ရမယ်ဆိုရင်၊ တင်းမာမှုတွေ လျှော့ချတာကို မြင် နေရပြီဆိုရင် ဒါဟာ ကျွန်တော်တို့ တိုးတက်မှုတွေရအောင်ပြုလုပ်နိုင်တဲ့၊ နှစ်ဖက်စလုံးက စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်တဲ့ အခြေအနေအမျိုးအစားပဲဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

ရုရှားနှှင့် အမေရိကန်တို့သည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဂျီနီဗာမြို့၌ ဆွေးနွေးပွဲများကျင်းပရန် စီစဉ်ထားပြီး ရုရှား-နေတိုးကောင်စီ အစည်းအဝေးကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၌လည်းကောင်း ဥရောပ လုံခြုံရေးအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရေး အမြဲတမ်းကောင်စီ (OSCE Permanent Council) အစည်း အဝေးကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဗီယင်နာမြို့၌ ကျင်းပသွားရန် စီစဉ်ထားသည်။

 

ဆွေးနွေးပွဲများမှာ ဥရောပ-အတ္တလန်တိတ်ဒေသတွင်း လုံခြုံရေးအတွက်  ရုရှားနိုင်ငံ၏ဆောင်ရွက်ချက်များကို အဓိကဦးတည်ဆွေးနွေးသွားမည်ဖြစ်သည်။ ရုရှားအစိုးရက အမေရိကန်နှင့် နေတိုးအဖွဲ့ထံမှ မျှော်လင့်ထားသည့် လုံခြုံရေးဆိုင်ရာအာမခံမှုသဘောတူညီချက်မူကြမ်းနှစ်စုံပါဝင်သည့် အဆိုပြုလွှာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

အမေရိကန်/ နေတိုးအဖွဲ့နှင့် ချုပ်ဆိုရန်အဆိုပြုထားသည့် စာချုပ်မူကြမ်းနှစ်စုံတွင် နေတိုးအဖွဲ့က အရှေ့ဘက်သို့ နယ်မြေတိုးချဲ့ခြင်းရပ်တန့်ရန်၊ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်သစ်အဖြစ် လက်ခံခြင်းမပြုရန်နှင့် နျူကလီးယား လက်နက်များကဲ့သို့  အင်အားပြင်းထန်သောလက်နက်များကို တပ်ဖြန့်ချထားခြင်းမပြရန်ဆိုသည့်အချက်များပါ ဝင်သည်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်သည်ဆိုသော ထုတ်ပြန်ကြေညာချက်များမှာ အနောက်နိုင်ငံ များနှင့် ယူကရိန်းနိုင်ငံဆီမှ ပလူပျံအောင်ထွက်ပေါ်လျက်ရှိသည်။ ယင်းကြေညာချက်များမှာ အထောက်အထား မခိုင်လုံသောကြေညာချက်များဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် မည် သည့်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမရှိကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စ်ကော့ဗ်ကပြောသည်။

 

တပြိုင်တည်းမှာပင် အနောက်နိုင်ငံများ၏ ထုတ်ပြန်ကြေညာချက်များကို အတည်ပြုနိုင်ရန်အတွက် ကျူးကျော် ရန်စမှုများကို ထည့်မတွက်ဘဲဖယ်ထုတ်ထားခြင်းမရှိကြောင်း မီထရီပက်စ်ကော့ဗ်က ပြောဆိုလိုက်ပြီး ယူကရိန်း နိုင်ငံ အရှေ့တောင်ဘက်ရှိ အကျပ်အတည်းကိစ္စများကို အင်အားသုံးဖြေရှင်းလာမည်ဆိုပါက ပြင်းထန်သော နောက်ဆက်တွဲအကျိုးများကို တွေ့ကြုံခံစားရလိမ့်မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

 

Ref: Blinken says talks unlikely to make progress while Russia keeps troops near Ukraine

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Blinken says talks unlikely to make progress while Russia keeps troops near Ukraine

 

#PeopleMedia


Share this post