• Follow Us on

Home ယူကရိန်းမှာရှိတဲ့ ကြေးစားစစ်သားတွေ အဖမ်းခံရရင် စစ်သုံ့ပန်းအခွင့်အရေးရမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံက ပြင်းထန်စွာသတိပေး

ယူကရိန်းမှာရှိတဲ့ ကြေးစားစစ်သားတွေ အဖမ်းခံရရင် စစ်သုံ့ပန်းအခွင့်အရေးရမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံက ပြင်းထန်စွာသတိပေး

Share this post

နိုင်ငံတကာ၊ မတ် ၅

 

ယူကရိန်းအမျိုးသားရေးဝါဒီအစိုးရအတွက် တိုက်ပွဲဝင်ဖို့ အနောက်အုပ်စုကစေလွှတ်လိုက်တဲ့ ဘယ်လိုကြေးစား စစ်သားမဆို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအရ တိုက်ခိုက်ရေးသမားတွေခံစားရရှိမယ့် အ ခွင့်အရေးမျိုးကို ရရှိမှာ မဟုတ်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်အီဂါ ကိုနာရှန် ကော့ဗ်က ပြောဆိုလိုက်ပါတယ်။

 

“ကိယက်ဗ်မှာရှိတဲ့ အမျိုးသားရေးဝါဒီအစိုးရအတွက် စစ်တိုက်ဖို့ ယူကရိန်းနိုင်ငံကို အနောက်တိုင်းကနေ စေ လွှတ်လိုက်တဲ့ ဘယ်လို ကြေးစားစစ်သားမဆို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေအရ တိုက် ခိုက်နေတဲ့သူတွေလို့ မှတ်ယူစဉ်းစားမှာ မဟုတ်သလို အဖမ်းခံရရင်လည်း စစ်သုံ့ပန်းအဖြစ်သတ်မှတ်ခံရမှာ မ ဟုတ်ဘူးဆိုတာကို ကျွန်တော်တရားဝင်ထုတ်ပြန်ပြောကြားလိုပါတယ်။” လို့ ကိုနာရှန်ကော့ဗ်ကပြောပါတယ်။

 

ယူကရိန်းမှာရှိတဲ့ကြေးစားစစ်သားတွေက သူတို့ရဲ့အဖျက်လုပ်ရပ်တွေကို အနောက်နိုင်ငံတွေကထောက်ပံ့ထား တဲ့လက်နက်တွေကိုင်ဆောင်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း ၎င်းကပြောပါတယ်။ ပြည်ပနိုင်ငံတွေက ကြေစး စားစစ်သားတွေဟာ ရုရှားစစ်တပ်နဲ့ ထောက်ပံ့ရေးယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း၊ ထောက်ပံ့ရေးပစ္စည်း များကို လေကြောင်းက ပို့ဆောင်ခဲ့ကြောင်း ၎င်းကပြောပါတယ်။

 

“ယူကရိန်းထောက်လှမ်းရေးအဖွဲ့အစည်းတွေက ဝါဒဖြန့်ချိဖို့ ရိုက်ကူးထုတ်လွှင့်နေတဲ့ဗီဒီယိုဖိုင်တွေမှာ အဲဒီကြေး စားစစ်သားတွေကို ဒေသခံအရပ်သားတွေအဖြစ် ပုံဖော်ရိုက်ကူးထားတာတွေ့ရတယ်။ အဲဒီကြေးစားစစ်သား တွေက ဗီဒီယိုကင်မရာရှေ့မှာ ပေါ်မလာအောင် ရှောင်ရှားပြီး အရိုက်ခံနေတာတွေ့ရပါတယ်။” လို့ ကိုနာရှန် ကော့ဗ်ကပြောပါတယ်။

 

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားကြေးစားစစ်သားမှန်သမျှ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရပြီး အရေးယူခံရမှာဖြစ် ကြောင်း ၎င်းကပြောပါတယ်။

 

“အကောင်းဆုံးကတော့ အဲဒီကြေးစားစစ်သားတွေဟာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရမှာဖြစ်တဲ့အတွက် ကိယက်ဗ် အစိုးရအတွက် စစ်တိုက်ပေးဖို့ အစီအစဉ်မဆွဲခင်မှာ အကြိမ်ကြိမ်အဖန်ဖန်စဉ်းစားပါလို့ နိုင်ငံခြားသားတွေအား လုံးကို ကျွန်တော်တို့ တိုက်တွန်းအကြံပေးချင်ပါတယ်။” လို့ ကိုနာရှန်ကော့ဗ်ကပြောပါတယ်။

 

Ref: Russia Strictly Warns Foreign Mercenaries In Ukraine: If Caught, You Can’t Get Prisoners Of War Status

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 

Ref: Russia Strictly Warns Foreign Mercenaries In Ukraine: If Caught, You Can’t Get Prisoners Of War Status

 

#PeopleMedia


Share this post