• Follow Us on

Home ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများပို့ရန် ဒိန်းမတ်ပြင်ဆင်နေ

ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများပို့ရန် ဒိန်းမတ်ပြင်ဆင်နေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းကို မကျူးကျော်ရန်ကာကွယ်သည့်အနေဖြင့် အနောက်နိုင်ငံများက ရုရှားနိုင်ငံကို သံတ မန်နည်းလမ်းအရဖိအားပေးခြင်း၊ စီးပွားရေးအရေးယူပိတ်ဆို့မှုများချမှတ်သွားမည်ဟုခြိမ်းခြောက်ခြင်းများပြုလုပ် နေသလို ဒိန်းမတ်နိုင်ငံကလည်း ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းများပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းတွေပို့ပေးဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်မတို့ ယူကရိန်းအတွက် အကြံ ဉာဏ်တွေလည်းပေးခဲ့ပါတယ်။” ဟု ဒိန်းမတ်ဝန်ကြီးချုပ် မက်တစ်ဖက်ဒရစ်ဆန်က သတင်းစာရှင်းလင်းပွဲ တွင်  ပြောာကြားလိုက်သည်။

 

“ဆိုက်ဘာလုံခြုံရေးနဲ့ပက်သက်ပြီး အကြံတောင်းထားတာ ကျွန်မတို့သိပါတယ်။” ဟု ၎င်းကပြောသည်။ ယခုလ အစောပိုင်းက ယူကရိန်းအစိုးရဝက်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခြင်းခံခဲ့ရသည်။

 

သို့သော် ယူကရိန်းနိုင်ငံတွင်း ဒိန်းမတ်တပ်ဖွဲ့ဝင်များတပ်ဖြန့်ချထားမည့်အရေးကို ဆွေးနွေးခြင်းမရှိခဲ့ကြောင်း ဖက်ဒရစ်ဆန်က ပြောသည်။

 

“တခြားနိုင်ငံတွေလိုပါပဲ ကျွန်မတို့ ကူညီချင်ပါတယ်။ တကယ်လို့ ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက် ခိုက်ခဲ့မယ်ဆိုရင် နိုင်ငံတကာအဆင့်အနေနဲ့ စီးပွားရေးအရေးယူပိတ်ဆို့ဖို့ ကျွန်မတို့သဘောတူညီမှုရရှိထားပြီး ပါပြီ။” ဟု ၎င်းကပြောသည်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော ဒိန်းမတ်နိုင်ငံအနေဖြင့် ယူကရိန်းအစိုးရကို နှစ်စဉ် ဥရောပငွေ သန်း ၈၀ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း လွန်ခဲ့သည်သီတင်းပတ် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ  ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂင်မြို့သို့လာရောက်သည့်အချိန်တွင် ဒိန်းမတ်နိုင်ငံက ကတိပြုခဲ့သည်။

 

ယင်းထောက်ပံ့မှုမှာ ဒိန်းမတ်ထိပ်တန်းသံတမန်ဖြစ်သူက ဇန်နဝါရီလလယ်ကကြေညာခဲ့သည့် ဥရောပငွေ ၂၂ သန်း (ဒေါ်လာ ၂၅.၇ သန်း) တန်ကြေးရှိ ထောက်ပံ့ရေးအစီအစဉ်အပြင် သီးခြားထောက်ပံ့မှုဖြစ်သည်။

 

ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားအစိုးရက အင်အား ၁၀၀၀၀၀ ကျော် တပ်ဖြန့်ချထားရာ ယူကရိန်းနိုင်ငံကို ကျူးကျော်နိုင်သည့်အရေးကြောင့် ကုသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဇန်နဝါရီလ ၃၁ ရက်နေ့ အငြင်းပွားခဲ့ကြသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗော့ဗ်တို့ ဖေဖော်ဝါ ရီလ ၁ ရက်နေ့တွင် ဖုန်းလိုင်းဖြင့် ပြောဆိုဆွေးနွေးမည်ဖြစ်သည်။

 

Ref: Denmark Prepared to Send Military Equipment to Ukraine

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Denmark Prepared to Send Military Equipment to Ukraine

 

#PeopleMedia


Share this post