• Follow Us on

Home ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုချမှတ်ဖို့ ဥရောပသမဂ္ဂက သဘောတူ 

ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုချမှတ်ဖို့ ဥရောပသမဂ္ဂက သဘောတူ 

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ရုရှားနိုင်ငံအပေါ်ချမှတ်မယ့် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ဥရောပသမဂ္ဂက သဘောတူလိုက်ပါတယ်။ အဲ ဒီအရေးယူပိတ်ဆို့မှုတွေမှာ ရုရှားနိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ အစိုးရအရာရှိတွေကို အမည် ပျက်စာရင်းသွင်းတာတွေ၊   ရုရှားငွေတိုက်စာချုပ်တွေအရောင်းအဝယ်လုပ်ပြီး စီးပွားရှာတဲ့  ဥရောပကရင်းနှီး  မြုပ်နှံသူတွေကို ပိတ်ပင်တားဆီးတာတွေ၊ ခွဲထွက်နိုင်ငံနှစ်နိုင်ငံက သွင်းကုန်/ ပို့ကုန်တွေကို ပစ်မှတ် ထားပိတ်  ပင်တားဆီးတာတွေ ပါဝင်ပါတယ်။

 

ဒါပေမဲ့ ရုရှားသမ္မတဗလာဒီမာပူတင်ကိုတော့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်မှာမဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပဲရစ်မြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ခုအပြီးမှာ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုး ဆက်ဘာရယ်က ပြောပါတယ်။

 

ယူကရိန်းကနေ ခွဲထွက်လာတဲ့ဒေသနှစ်ခုကို ရုရှားနိုင်ငံက တရားဝင်ထောက်ခံလိုက်တာဟာ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်လိုက်တာဖြစ်ပြီး လက်မခံနိုင်တဲ့ထောက်ခံမှုလို့ ဘာရယ်ကပြောပါတယ်။

 

“ဒီလိုအတွဲလိုက်စီးပွားရေးအရေးယူပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်နဲ့ ချမှတ်ခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံကို ထိခိုက်အောင်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီအရေးယူမှုက ရုရှားနိုင်ငံကို ကောင်း ကောင်းကြီး ထိခိုက်စေမှာဖြစ်ပါတယ်။” လို့ ပဲရစ်မြို့က အစည်းအဝေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျိန်း ယက်ဗ် လီဒရိန်းနဲ့အတူ ယှဉ်တွဲရပ်နေရင်း ဘာရယ်ကပြောဆိုလိုက်တာဖြစ်ပါတယ်။

 

တကယ်လို့ ရုရှားနိုင်ငံက ယူကရိန်းကို ထပ်မံကျူးကျော်လာမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်သွားမှာဖြစ်တယ်လို့ အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကယ်လက်စ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

အရေးယူပိတ်ဆို့မှုတွေထဲမှာ ခွဲထွက်နှစ်နိုင်ငံကို အသိအမှတ်ပြုဖို့အတွက်  မဲပေးရွေးချယ်ခဲ့တဲ့ ရုရှားနိုင်ငံက အောက်လွှတ်တော်အမတ်တွေကိုပိတ်ဆို့ဖို့နဲ့ ဥရောပမှာ အဲဒီလွှတ်တော်အမတ်တွေပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေ ကို ပိတ်ဆို့ထားဖို့၊ ဥရောပဒေသကို အဲဒီလွှတ်တော်အမတ်တွေကို ခရီးသွားလာခွင့်မပြုဖို့ ပါဝင်ပါတယ်။

 

“ယူကရိန်းပိုင်နက်နယ်မြေ၊ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ထိပါးခြိမ်းခြောက်တဲ့နေရာမှာ အဓိက အခန်းကဏ္ဍကပါဝင်တဲ့ လူပုဂ္ဂိုလ် ၂၇ ဦးကို ကျွန်တော်တို့ အဓိကပစ်မှတ်ထား ပိတ်ပင်တားဆီးသွားမှာပါ။” လို့ ဘာရယ်ကပြောပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေး၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးကဏ္ဍက လူတွေဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ရုရှားနိုင်ငံနဲ့ ရုရှားအစိုးရကို ကျွန်တော်တို့ရဲ့ အရင်းအနှီးတွေ၊ ဘဏ္ဍာရေးဈေးကွက်နဲ့ ဝန်ဆောင်မှုတွေကို အသုံးမပြုနိုင်အောင် ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်ပါတယ်။” လို့ ဘာရယ်ကပြောပါတယ်။

 

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ခွဲထွက်ရေးဝါဒီတွေ ဘဏ္ဍာရေးလုပ်ငန်းတွေအသုံးပြုနေတဲ့ ဘဏ်တွေလည်း ပစ်မှတ်ထားတိုက်ခိုက်မယ့်အထဲမှာပါတယ်လို့ ၎င်းကပြောပါတယ်။ အခုခွဲထွက်လိုက်တဲ့ဒေသနှစ်ခုကိုလည်း ဥရောပသမဂ္ဂနဲ့ ယူကရိန်းနိုင်ငံတို့ကြားမှာဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးစာချုပ်ထဲကနေ ထုတ် ပယ်ပစ်လိုက်ပြီလို့ဆိုပါတယ်။

 

Ref: EU agrees sanctions ‘to hurt Russia’ over Ukraine crisis

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: EU agrees sanctions ‘to hurt Russia’ over Ukraine crisis

 

#PeopleMedia


Share this post