• Follow Us on

Home ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ ဂျိုးဘိုင်ဒန်ပြော

ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ ဂျိုးဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံ ရုရှားကျူးကျော်မှုကို ခုခံကာကွယ်နိုင်ရန်အတွက် စစ်လက် နက်ပစ္စည်းတွေ ဆက်လက်ပေးပို့သွားမှာဖြစ်ပြီး အရှေ့ဥရောပတစ်ခွင်ရှိ နေတိုးမဟာမိတ်နိုင်ငံတွေမှာ အမေ ရိကန်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က  ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်တို့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဘော်လတစ်ဒေသက အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေး နီးယားနိုင်ငံတွေကို အင်အားဖြည့်တင်းပေးဖို့အတွက် ဥရောပဒေသကို နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်မံပေးပို့သွားဖို့ ကျွန်တော်ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောပါ့ မယ်၊ အခုလိုပို့ဆောင်ပေးတာဟာ မိမိနိုင်ငံမိမိ ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။” လို့ အိမ်ဖြူတော်ကနေ ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းတစ်ခုမှာ ဘိုင်ဒန်က ပြောကြားသွားတာဖြစ်ပါတယ်။

 

ဘိုင်ဒန်မိန့်ခွန်းပြောကြားပြီးတဲ့နောက်မှာ ပင်တဂွန်စစ်ဌာနချုပ်က အသေးစိတ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အီတလီနိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေထဲက ခြေလျင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အင်အား ၈၀၀ ကို ဘော်လတစ်ဒေသကိုစေလွှတ်သွားမှာဖြစ်သလို ဂျာမနီမှာတပ်စွဲထားတဲ့ F-35 တိုက်လေယာဉ် ၈ စင်းကို နေတိုး အဖွဲ့ရဲ့ အရှေ့ဘက်စစ်နယ်ဝန်းဘက်ကို စေလွှတ်သွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။

 

AH-64 တိုက်ခိုက်ရေးရဟတ်ယာဉ် အစင်း ၂၀ ကို ဂျာမနီကနေ ဘော်လတစ်ဒေသကို ရွှေ့ပြောင်းစေလွှတ်ပေး သွားမှာဖြစ်ပြီး နောက်ထပ် ရဟတ်ယာဉ် ၁၂ စင်းကိုတော့ ဂရိနိုင်ငံကနေ ပိုလန်နိုင်ငံကို စေလွှတ်ပေးသွားမှာ ဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

 

အခုဆောင်ရွက်မှုတွေဟာ ဥရောပသေမှာတပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၉၀,၀၀၀ ကို ထပ်မံအား ဖြည့်လိုက်တာလည်းဖြစ်ပါတယ်။

 

“ကျွန်တော်တို့နေတိုးမဟာမိတ်နိုင်ငံတွေ စိတ်အေးရအောင်၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထိပါးလာနိုင်တဲ့ ကျူး ကျော်တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်အောင်နဲ့ နေတိုးမဟာ မိတ်အဖွဲ့ရဲ့ကြားစခန်းနိုင်ငံတွေမှာ လိုအပ်တာ တွေ လေ့ကျင့်သင်ကြားပေးနိုင်အောင် အခု ထပ်မံစေလွှတ်လိုက်တဲ့တပ်ဖွဲ့ဝင်အင်အားကို ပြန်လည်တပ်ဖြန့်ချ သွားမှာဖြစ်ပါတယ်။” လို့ အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

Ref: Biden Says Will Continue to Supply ‘Defensive’ Weapons to Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


 

Ref: Biden Says Will Continue to Supply ‘Defensive’ Weapons to Ukraine

 

#PeopleMedia


Share this post