• Follow Us on

Home ယူကရိန်းအတွက် အမေရိကန်ထုတ်စစ်လက်နက်များထောက်ပံ့ရန် ဘော်လတစ်နိုင်ငံများကို အမေရိကန်ခွင့်ပြု

ယူကရိန်းအတွက် အမေရိကန်ထုတ်စစ်လက်နက်များထောက်ပံ့ရန် ဘော်လတစ်နိုင်ငံများကို အမေရိကန်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မည့်အရေး စိုးရိမ်ပူပန်မှုများမြင့်တက်နေစဉ်အတွင်း ယူကရိန်းနိုင် ငံအတွက် အမေရိကန်ထုတ် တင့်ဖျက်ဒုံးကျည်များနှင့် အခြားစစ်လက်နက်ပစ္စည်းများတင်ပို့ရန် အက်စ်တိုးနီး ယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား နိုင်ငံများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက် သည်။

 

ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းများအရ အမေရိကန်လက်နက်များရယူထားသည့်နိုင်ငံတစ်နိုင်ငံသည် ယင်းလက် နက်များကို တတိယနိုင်ငံတစ်နိုင်ငံသို့ ပြန်လည်ရောင်းချလိုပါက အမေရိကန်နိုင်ငံ၏ခွင့်ပြုချက် ရယူရမည်ဖြစ် သည်။ အဆိုပါဘော်လတစ်သုံးနိုင်ငံက လတ်တလောကာလအတွင်း ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်ပြီး အမေရိ ကန်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်နေ့က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

 

အမေရိကန်နိုင်ငံ၏ခွင့်ပြုချက်အရ အက်စ်တိုးနီးယားနိုင်ငံက ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များ ယူကရိန်းနိုင်ငံသို့ အမြန်ပေးပို့သွားမည်ဖြစ်ပြီး လစ်သူယေးနီးယားနိုင်ငံက မြေပြင်-ဝေဟင်ပစ် စတင်းဂါးဒုံးကျည်များထောက်ပံ့ပေး ပို့သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

 

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နိုင်ပြီး ယင်းကဲ့သို့ ကျူးကျော်တိုက်ခိုက်ပါက တန်ဖိုးကြီးစွာပေးရ မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောဆိုလိုက်ပြီးနောက် နာရီ ပိုင်းတွင် ယူကရိန်းသို့လက်နက်တင်ပို့ရန် အမေရိကန်ကခွင့်ပြုလိုက်သည့်သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

တစ်ပြိုင်တည်းမှာပင် ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီပေးရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကူ အညီပေးရေးအတွက် ဒီဇင်ဘာလအတွင်းက ခွင့်ပြုခဲ့ကြောင်း အမေရိကန်အစိုးရကထုတ်ဖော်ပြာကြားခဲ့သည်။

 

ယူကရိန်းနိုင်ငံသို့ တင့်ဖျက်လက်နက်များနှင့် သင်တန်းနည်းပြများစေလွှတ်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်များကို တင့် ဖျက်လက်နက်အသုံးပြုနည်းသင်တန်းများပို့ချသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရကလည်း ကြေညာခဲ့သည်။

 

စစ်ရေးလေ့ကျင့်ရန်ဟူသော အကြောင်းပြချက်ဖြင့် ရုရှားတပ်များ ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိနေခြင်းက လည်း တင်းမာမှုများကို ပိုမိုမြင့်တက်လာစေသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းကို တိုက်ခိုက်နိုင်ရန်အတွက် စစ်ရေးလေ့ကျင့်မှုအကြောင်းပြ၍ ဘယ်လာရုစ်နိုင်ငံတွင် တပ်စွဲထားနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ Politico မီဒီယာက ရေးသားဖော်ပြခဲ့သည်။ ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ရန် စီစဉ်နေသည်ဆိုသည့် စွပ်စွဲချက်ကို ရုရှားအရာရှိများက အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

 

Ref: US Approves Baltic Nations’ Request to Supply Arms for Ukraine

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: US Approves Baltic Nations’ Request to Supply Arms for Ukraine

 

#PeopleMedia


Share this post