• Follow Us on

Home ယူကရိန်းအမျိုးသမီးလွှတ်တော်အမတ်ဟောင်း ရုရှားတပ်များကို လက်နက်စွဲကိုင်တိုက်ပွဲဝင်

ယူကရိန်းအမျိုးသမီးလွှတ်တော်အမတ်ဟောင်း ရုရှားတပ်များကို လက်နက်စွဲကိုင်တိုက်ပွဲဝင်

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့အပြင် တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပြီး လွှတ်တော်အမတ်ဟောင်းတစ်ဦး လည်းဖြစ်တဲ့ ယူကရိန်းအမျိုးသမီး တက်တီယာနာချာနိုဗိုဟာ ရုရှားတပ်တွေကို လက်နက်စွဲကိုင်ခုခံတိုက် ခိုက်နေတယ်လို့ သိရပါတယ်။

 

မတ်လ ၂၀ ရက်နေ့မှာ ရုရှားတပ်တွေကိုတိုက်ခိုက်ဖို့ တင့်ဖျက်လက်နက်ကိုင်စွဲထားတဲ့သူ့ပုံကို တွေ့လိုက်ရပြီး တဲ့နောက်မှာတော့ ချာနိုဗိုရဲ့သတင်းက ပိုပြီးလူသိများလာပါတယ်။

 

ကိယက်ဗ်မြို့ကို ကာကွယ်ရင်းတိုက်ပွဲဝင် နေစဉ်အတွင်းမှာ သူပစ်လိုက်တဲ့ရုရှားတင့်ကားပုံကို စစ်ဆေးကြည့်ရှုနေတဲ့ စစ်ဝတ်စုံအပြည့်အစုံနဲ့သူ့ပုံကို ဗီဒီ ယိုဖိုင်တစ်ခုမှာတွေ့လိုက်ရပါတယ်။

 

အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တက်တီယာနာချာနိုဗိုဟာ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်တွေကို စွန့်ခွာပြီး ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့အတွက် ကျူးကျော်လာတဲ့ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ လက်နက်စွဲ ကိုင်တိုက်ပွဲဝင်လာတဲ့ ယူကရိန်းနိုင်ငံရဲ့ လူသိထင်ရှားကြော်ကြားသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်မှာ လွှတ်တော်အမတ်တစ်ယောင်ဖြစ်မလာခင်က ၂၀၁၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုဖြစ်ပြီး ဥရောပသမဂ္ဂလိုလားတဲ့ လှုပ်ရှားမှုဖြစ်တဲ့ ယူရိုမေဒန်တော်လှန်ရေး (Euromaidan revolution) မှာ ချာနိုဗိုဟာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

 

ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ပွင့်လင်းလွန်းအားကြီးပြီး သတင်းတွေကို ထဲထဲဝင်ဝင် စုံစမ်းတတ်တဲ့ ချာနိုဗို ဟာ မကြာခဏအတိုက်အခိုက်ခံရပါတယ်။

 

လုပ်ကြံဇာတ်လမ်းတွေနဲ့ ဉာဏ်ဆင်ပြီး မကြာခဏဖမ်းဆီးခံရမယ့် အရေးကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

 

ယူရိုမေဒန်တော်လှန်ရေး ဆန္ဒပြပွဲတွေအတွင်းမှာ ချာနိုဗိုဟာ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရပြီး နှာခေါင်းရိုး ကျိုးသွားကာ မျက်နှာတစ်ခုလုံး ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံမှာ မတည်ငြိမ်မှုတွေအထွတ်အထိပ်ရောက်ရှိလာပြီး ယူကရိန်းအစိုးရ ဖြုတ်ချခံလိုက်ရပြီး နောက် မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားနိုင်ငံက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

 

ချာနိုဗိုရဲ့ ခင်ပွန်းဖြစ်သူ မီကိုလာဘရီဇိုဗီယ်ဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံအရှေ့ဘက်မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေနဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

 

ကလေးနှစ်ယောက်မိခင် ချာနိုဗိုဟာ ယူကရိန်းနိုင်ငံလွတ်လပ်ရေးကို ကာကွယ်ဖို့နဲ့ ဗလာဒီမာပူတင်ရဲ့စစ်တပ်ကို တော်လှန်ဖို့အတွက် AK47 မောင်းပြန်ရိုင်ဖယ်ကိုစွဲကိုင်တိုက်ပွဲဝင်လျက်ရှိပါတယ်။

 

Ref: Fearless female ex-MP with the enemy in her sights dons military fatigues to battle Russian troops with anti-tank missiles

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Fearless female ex-MP with the enemy in her sights dons military fatigues to battle Russian troops with anti-tank missiles

 

#PeopleMedia


Share this post