• Follow Us on

Home ယူကရိန်းအနေနဲ့ စစ်ပွဲအတွင်း အရေးကြီးတဲ့အပြောင်းအလဲကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်ပြော

ယူကရိန်းအနေနဲ့ စစ်ပွဲအတွင်း အရေးကြီးတဲ့အပြောင်းအလဲကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေဝင်ရောက်တိုက်ခိုက်တဲ့စစ်ပွဲ တစ်နှစ်ပြည့်ခါနီးမှာ စစ်ပွဲလမ်းကြောင်းပြောင်းဖို့အ တွက် ယူကရိန်းအနေနဲ့ အလွန်အရေးကြီးတဲ့ အပြောင်းအလဲကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်ပြည် ထောင်စုက ယူကရိန်းအစိုးရကို သတိပေးလိုက်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေ အများအပြားပိုမိုလက်ခံရရှိနေစဉ် အတွင်း အခုလိုသတိပေးပြောကြားလိုက်တာဟာ စစ်မြေပြင်မှာ အရေးကြီးတဲ့အောင်ပွဲတွေရရှိဖို့အတွက် ယူက ရိန်းအစိုးရကို ဖိအားတွေ တိုးမြှင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

 

စစ်ပွဲဖြစ်ပွားနေတဲ့ကာလတလျှောက်လုံး ယူကရိန်းနိုင်ငံကို ကူညီသွားမယ်လို့ ကတိကဝတ်တွေပေးထားပေမဲ့ ကွန်ဂရက်လွှတ်တော်နဲ့ မဟာမိတ်နိုင်ငံတွေက လတ်တလောကာလတင်ပို့ပေးတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ စစ်ပွဲလမ်းကြောင်းကို သိသိသာသာပြောင်းလဲအောင်ဆောင်ရွက်နိုင်ဖို့ ယူကရိန်းနိုင်ငံအတွက်အကောင်းဆုံးအ ခွင့်အလမ်းဖြစ်တယ်လို့ ဘိုင်ဒန်အစိုးရအရာရှိတွေက ပြောပါတယ်။

 

ရီပတ်ဘလီကန်တွေလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က ကွန်ဆာဗေးတစ်အများအပြားဟာ အကူအညီတွေ ပြန်လည်ရုပ်သိမ်းဖို့ ကတိပြုထားတဲ့အပြင် စစ်ပွဲအတွက်ဆက်လက်ကူညီထောက်ပံ့ဖို့ ဥရောပနိုင်ငံတွေရဲ့ ဆန္ဒ ကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

အမေရိကန်အရာရှိအများအပြားက ယူကရိန်းကိုတင်ပို့ပေးမယ့်အကူအညီတိုင်းကို ပါတီနှစ်ရပ်ပေါင်းလွှတ် တော်အမတ်တွေကထောက်ခံခဲ့တာဖြစ်ကြောင်းထောက်ပြခဲ့သလို ကွန်ဂရက်လွှတ်တော်ဟာ အိမ်ဖြူတော်က တင်ပြတာထက်ကျော်လွန်ပြီး ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့ ဒါတွေဟာ ဒီမိုကရက်တွေဦးဆောင်တဲ့ အောက် လွှတ်တော်နဲ့ အထက်လွှတ်တော်ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်း အသိအမှတ်ပြုဝန်ခံခဲ့ပါတယ်။

 

“ကျွန်တော်တို့ ရေရှည်မှာ အမြဲတမ်းအကူအညီပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို သူတို့နားလည်အောင် ကျွန် တော်တို့ ကြိုးစားပြီး အသိပေးရပါမယ်။” လို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ယူကရိန်းခေါင်းဆောင် တွေကို ရည်ညွှန်းပြီး ပြောပါတယ်။

 

သိမ်မွေ့လွန်းတဲ့ သံတမန်အရေးတွေကို ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုနေစဉ်အတွင်းမှာ ကွန်ဂရက်လွှတ်တော်က နေ လုံခြုံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာအကူအညီတွေ အခုလိုအဆင့်မျိုးနဲ့ ဆက်တိုက်ရရှိဖို့ဆိုတာ မလွယ်ကူဘူးဆို တာကို အစိုးရအဖွဲ့က ခိုင်ခိုင်မာမာသိရှိထားကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

 

Ref: The United States warns Ukraine that it faces a pivotal moment in the war

 

#PeopleMedia

 

 

(unicode)


…………………………………………….

 


 


 


 


 


 


 


 


 

Ref: The United States warns Ukraine that it faces a pivotal moment in the war

 

#PeopleMedia


Share this post