• Follow Us on

Home ယူကရိန်းအရေးတွင် ဗြိတိန်ကို လျှော့မတွက်ရန် ရုရှားကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးသတိပေး

ယူကရိန်းအရေးတွင် ဗြိတိန်ကို လျှော့မတွက်ရန် ရုရှားကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးသတိပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (People Media)

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်မည့်အရေး စိုးရိမ်ပူပန်နေသည့်ကြားမှ ဗြိတိန်နိုင်ငံက ၎င်း တို့အနေဖြင့် ကျူးကျော်ရန်စသူများကို ခုခံသွားမည်ဖြစ်ကြောင်းပြောကြားလိုက်စဉ်အတွင်း ရုရှားနိုင်ငံနှင့် ဘဝင်  မကျစရာဆွေးနွေးပွဲများကြားတွင် အဆိုးရွားဆုံးအခြေအနေများအတွက် မဟာမိတ်နိုင်ငံများအနေဖြင့် အသင့် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောကြားလိုက်သည်။

 

ရုရှားနိုင်ငံံက ယူကရိန်းနိုင်ငံကို ကျူးကျော်နိုင်သည့်ကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ ထိပ်တိုက်တွေ့ဆုံစဉ် မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်းမရှိသူများကို ကာကွယ်ရန် နည်းလမ်းများရာဖွေရာတွင် နယ်မြေအပိုင်းအခြားအကွာအဝေးဆိုသည်မှာ ဗြိတိန်နိုင်ငံအတွက် အဟန့်အတားမဟုတ်ကြောင်း ဖောက်က လန်ကျွန်းစစ်ပွဲ အနှစ် ၄၀ မြောက်အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဘန်းဝေါလေ့စ်ကပြောကြားလိုက်ခြင်း ဖြစ်သည်။

 

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ယူကရိန်းအရေးနှင့် အခြားလုံခြုံရေးဆိုင်ရာကိစ္စများကို ပြင်းပြင်းထန်ထန် ပြောဆို ဆွေးနွေးနေကြသဖြင့် ဂျီနီဗာမြို့တွင်ကျင်းပနေသည့် အမေရိကန်နှင့် ရုရှား သံတမန်များ၏ အဆင့်မြင့်ဆွေးနွေး ပွဲများအတွင်း မည်သည့်တိုးတက်မှုမှ ထွက်ပေါ်လာသည်ကို မတွေ့ရသေးပေ။

 

ရုရှားအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် မည်သည့်ရည်ရွယ်ချက်မှမရှိကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂျီရတ်ကော့ဗ်က အခိုင်အမာပြောကြားခဲ့သော်လည်း ရုရှားအစိုးရ၏ ပြုမူဆောင် ရွက်ချက်များနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာများ ဆက်လက်တွေ့ရှိနေရကြောင်း ကာကွယ်ရေးဝန်ကြီးဘန်းဝေါ လေ့စ်က ပြောသည်။

 

ဗြိတိန်နိုင်ငံသည် အရှေ့ဥရောပတစ်ခွင်တွင် စိန်ခေါ်မှုများကို ရှောင်ရှားနေမည်မဟုတ်ကြောင်း ဝေါလေ့စ်က ပြောဆိုနေစဉ် ဤကျွန်းနိုင်ငံငယ်လေးကို အထင်သေးလျှော့တွက်ခဲ့သူများ၏ နောက်ဆက်ရလဒ်များကို သမိုင်း စာမျက်နှာများတွင် တွေ့မြင်နိုင်ကြောင်း စကော့လုံခြုံရေးတပ်ရင်းတွင် ကပ္ပတိန်ဖြစ်ခဲ့သူ ကာကွယ်ရေးဝန်ကြီး ဝေါလေ့က ရုရှားသမ္မတဗလာဒီမာပူတင်ထံသို့ သတိပေးစာထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

 

“ဒီသီတင်းပတ်အတွင်း ဥရောပမှာဖြစ်ပျက်ခဲ့တာတွေကို လူတိုင်းက သတိပြုမိကြပါတယ်။ ရုရှားနိုင်ငံက လက်ရှိ  အချိန်မှာ ယူကရိန်းကိုကျူးကျော်ဖို့ ခြိမ်းခြောက်နေမှုရယ်၊ မမှန်ကန်တဲ့တောင်းဆိုမှုတွေရယ်/ နေတိုးတပ်ဖွဲ့တွေ နယ်မြေချဲ့ထွင်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေရယ် ဒါတွကိုအကြောင်းပြပြီး အာရုံပြောင်းလာအောင် ရိုး ရိုးလေးကြိုးပမ်းဆောင်ရွက်နေတာကို လွှတ်တော်မှာ အစောပိုင်းက ကျွန်တော်တင်ပြခဲ့ပြီးပါပြီ။” ဟု ဝေါလေ့စ် က ပြောသည်။

 

“လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ က ပြိုင်ဘက်တွေအကြောင်းကို ထုတ်ဖော်ပြောဆိုနေဖို့ မလိုသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက် အရေးကြီးဆုံးကတော့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ မဟာမိတ် တွေနဲ့ ကျွန်တော်တို့ပိုက်နက်အတွက် နေရာမရွေး၊ အချိန်အခါမရွေး ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေပါ ပဲ။ ကျွန်တော်တို့ အမြဲတမ်း အသင့်ဖြစ်နေရပါမယ်။ ရေရှည်ကာလမှာ ကျွန်တော်တို့ တပ်မတော်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေရပါမယ်။” ဟု ၎င်းကပြောသည်။

 

“ကျွန်တော်တို့ရန်သူတွေဟာ အနိုင်ကျင့်စော်ကားမယ့်သူတွေကို ခုခံတိုက်ခိုက်သွားမယ့်၊ မိမိကိုယ်မိမိ ခုခံကာ ကွယ်နိုင်စွမ်းမရှိတဲ့သူတွေကို၊ ကျွန်တော်တို့အလေးထားရတဲ့တန်ဖိုးတွေကို ကျွန်တော်တို့ကာကွယ်သွားမယ့် ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို သံသယမရှိသင့်ဘူး။ အကွာအဝေးနဲ့ စိန်ခေါ်မှုပမာဏာဟာ ဗြိတိန်နိုင်ငံအတွက် အဟန့်အတားမဟုတ်ဘူး။ ဒီကျွန်းနိုင်ငံလေးကို လျှော့တွက်ခဲ့သူတွေရဲ့ နောက်ဆက်တွဲရလဒ်တွေ သမိုင်းစာ မျက်နှာမှာ အပြည့်ပဲ။” ဝေါလေ့စ် က ပြောသည်။

 

Ref: Defence Secretary warns Russia not to underestimate UK in stand-off with Ukraine

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Defence Secretary warns Russia not to underestimate UK in stand-off with Ukraine

 

#PeopleMedia


Share this post