• Follow Us on

Home ယူကရိန္းေလယာဥ္ကို အီရန္ကပစ္ခ်သည့္ သက္ေသအေထာက္ အထားျပရန္ အီရန္အစိုးရစိန္ေခၚ

ယူကရိန္းေလယာဥ္ကို အီရန္ကပစ္ခ်သည့္ သက္ေသအေထာက္ အထားျပရန္ အီရန္အစိုးရစိန္ေခၚ

Share this post

ကေနဒါ၀န္ႀကီးခ်ဳပ္ ထရူးေဒါ့က တီဟီရန္ေလဆိပ္က ထြက္ခြာခဲ့တဲ့ ယူကရိန္းေလယာဥ္ကို အီရန္က ပစ္ခ်ခဲ့ဖြယ္ ရွိေၾကာင္းေျပာၾကားခ်က္ကို အီရန္အစိုးရက အေထာက္အထားမွ်ေ၀ဖို႔ ထုတ္ျပန္လိုက္ပါတယ္။

အီရန္အစိုးရရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ထရူးေဒါ့ေျပာၾကားတဲ့ ေထာက္လွမ္းေရးအရင္းအျမစ္ေတြကရရွိတယ္လို႔တဲ့ သက္ေသအေထာက္အထားေတြကို ျပသဖို႔လည္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

အီရန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကလည္း အေမရိကန္ေလယာဥ္ထုတ္လုပ္တဲ့ ကုမၸဏီ Boeing ကို ေလယာဥ္ပ်က္ က်တဲ့ စံုစမ္းစစ္ေဆးမႈမွာ ပူးေပါင္းပါ၀င္ဖို႔ ဖိတ္ေခၚထားပါတယ္။

ဒါ့အျပင္ ေလယာဥ္ပ်က္က်မႈမွာပါ၀င္ခဲ့တဲ့ႏုိင္ငံေတြက ကၽြမ္းက်င္ပညာရွင္ေတြကို စံုစမ္းစစ္ေဆးမႈမွာ ပါ၀င္ခြင့္ျပဳ ဖို႔ ျပင္ဆင္ေနတယ္လို႔လည္းေျပာပါတယ္။

အီရန္က ယူကရိန္းေလယာဥ္ကို ၄င္းတို႔ပစ္ခ်ခဲ့ျခင္းမရွိဘူးလို႔လည္း ျငင္းဆိုထားပါတယ္။

Ref; AFP

#PeopleMedia #International

(Unicode)
ယူကရိန်းလေယာဉ်ကို အီရန်ကပစ်ချသည့် သက်သေအထောက် အထားပြရန် အီရန်အစိုးရစိန်ခေါ်
…………………………………………………………

ကနေဒါဝန်ကြီးချုပ် ထရူးဒေါ့က တီဟီရန်လေဆိပ်က ထွက်ခွာခဲ့တဲ့ ယူကရိန်းလေယာဉ်ကို အီရန်က ပစ်ချခဲ့ဖွယ် ရှိကြောင်းပြောကြားချက်ကို အီရန်အစိုးရက အထောက်အထားမျှဝေဖို့ ထုတ်ပြန်လိုက်ပါတယ်။

အီရန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ထရူးဒေါ့ပြောကြားတဲ့ ထောက်လှမ်းရေးအရင်းအမြစ်တွေကရရှိတယ်လို့တဲ့ သက်သေအထောက်အထားတွေကို ပြသဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ Boeing ကို လေယာဉ်ပျက် ကျတဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် လေယာဉ်ပျက်ကျမှုမှာပါဝင်ခဲ့တဲ့နိုင်ငံတွေက ကျွမ်းကျင်ပညာရှင်တွေကို စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခွင့်ပြု ဖို့ ပြင်ဆင်နေတယ်လို့လည်းပြောပါတယ်။

အီရန်က ယူကရိန်းလေယာဉ်ကို ၄င်းတို့ပစ်ချခဲ့ခြင်းမရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။

Ref; AFP

#PeopleMedia #International


Share this post