• Follow Us on

Home ယူကရိန်းလေသူရဲတွေကို အမေရိကန်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေက ဥပဒေကြမ်းတစ်ရပ်တင်သွင်း

ယူကရိန်းလေသူရဲတွေကို အမေရိကန်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေက ဥပဒေကြမ်းတစ်ရပ်တင်သွင်း

Share this post

နိုင်ငံတကာ၊ ဇွန် ၂၄

 

ယူကရိန်းလေသူရဲတွေကို အမေရိကန်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးဖို့အတွက် အမေရိကန်လွှတ်တော်အမတ် နှစ်ဦးက ပြီးခဲ့တဲ့သီတင်းပတ်က ဥပဒေကြမ်းတစ်ရပ်တင်သွင်းခဲ့ပါတယ်။

 

တကယ်လို့ ရုရှားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားခဲ့ပြီး အမေရိကန်လေယာဉ်တွေကို တပ်ဖြန့်ချထားရတော့မယ်ဆိုရင် အမေရိကန်လေယာဉ်တွေကို ယူကရိန်းလေသူရဲတွေကိုင်တွယ်မောင်းနှင်နိုင်အောင် ယူကရိန်းလေသူရဲတွေကို အမေရိကန်တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ပေးဖို့အတွက် “ယူကရိန်းလေသူရဲအက်ဥပဒေ” တစ်ရပ်ပြဋ္ဌာန်းပေး ဖို့ အီလီနွိုက်ပြည်နယ်က ရီပတ်ဘလီကန်ပါတီဝင် ကွန်ဂရက်လွှတ်တော်အမတ် အဒမ်ကင်ဇင်ဂျာနဲ့ ပန်ဆယ် ဗေးနီးယားပြည်နယ်က ဒီမိုကရက်တစ်ပါတီဝင် ကွန်ဂရက်လွှတ်တော်အမတ် ခရစ်ဆီဟူလာဟန်တို့က တင် သွင်းခဲ့တာဖြစ်ပါတယ်။

 

“အမေရိကန်အစိုးရက အမေရိကန်လေယာဉ်တွေပို့ပေးဖို့ ဆက်ပြီး စဉ်းစားနေတဲ့အချိန်မှာ ဒီဥပဒေကြမ်းက F-15 တိုက်လေယာဉ်တွေ၊ F-16 တိုက်လေယာဉ်တွေနဲ့ တခြားအမေရိကန်တိုက်လေယာဉ်တွေကို ယူကရိန်းလေ သူရဲတွေနဲ့ လေတပ်တပ်ဖွဲ့ဝင်တွေ ကိုင်တွယ်မောင်းနှင်နိုင်ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ သင်တန်းပေး ခွင့်ရသွားမှာဖြစ်ပါတယ်။” လို့ လွှတ်တော်အမတ် အဒမ်ကင်ဇင်ဂျာရဲ့ရုံးကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အမေရိကန်အစိုးရက အထက်ကပြောသလို ယူကရိန်းကို တိုက်လေယာဉ်တွေပေးပို့သည်ဖြစ်စေ မပေးပို့သည် ဖြစ်စေ ယူကရိန်းလေသူရဲတွေကို သင်တန်းပေးထားမယ်ဆိုရင် ရေရှည်မှာ ယူကရိန်းလေသူရဲတွေအတွက် အ ထောက်အကူဖြစ်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းလေသူရဲတွေကို အမေရိကန်လေယာဉ်တွေနဲ့ သင်တန်းပေးဖို့ကိစ္စနဲ့ပတ် သက်တဲ့ မဟာဗျူဟာမြောက်စီမံကိန်းကို ပြန်လည်စဉ်းစားဖို့ လေတပ်စစ်ပြန်အမျိုးသမီးတစ်ဦးဖြစ်ပြီး လွှတ် တော်အမတ်အဒမ်ကင်ဇင်ဂျာရဲ့ အဆိုကိုထောက်ခံထားတဲ့ လွှတ်တော်အမတ် ခရစ်ဆီဟူလာဟန်က ဘိုင်ဒန် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

 

“ဒီပဋိပက္ခဟာ ဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်လို့ ကျွန်မတို့ရဲ့မဟာမိတ်ယူကရိန်းနိုင်ငံကို ကူညီဖို့အတွက် ကျွန် မတို့ရဲ့ ရေရှည်မဟာဗျူဟာမြောက်အစီအစဉ်ကို ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ယူကရိန်းနိုင် ငံကို ပေးပို့ကောင်းပေးပို့သွားနိုင်တဲ့ တိုက်လေယာဉ်မျိုးတွေနဲ့ ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပေး ဖို့ပါဝင်ပါတယ်။ ဒါက ရှင်းရှင်းလေးပါ။ ကျွန်မတို့တပ်မတော်က ကျွန်မတို့လေယာဉ်တွေကို ယူကရိန်းကို လွှဲပေး တော့မယ်ဆိုရင် ယူကရိန်းလေသူရဲတွေ အဲဒီလေယာဉ်တွေကို ချက်ချင်းအသုံးပြုနိုင်ဖို့ လိုအပ်တယ်လေ။” လု့ိ လွှတ်တော်အမတ် ခရစ်ဆီဟူလာဟန်က ပြောပါတယ်။

 

အမေရိကန်နိုင်ငံဟာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက ဒီကနေ့အချိန်အ ထိ စစ်လက်နက်ခဲယမ်း ဒေါ်လာ ၄.၆ ဘီလျံဖိုး ထောက်ပံ့ခဲ့ပြီးဖြစ်ရာ လေယာဉ်ပစ်ပခုံးထမ်းဒုံး၊ တင့်ဖျက်ဒုံး၊ အ ပျက်စီးခံဒရုန်း၊ စောင့်ကြည့်ထောက်လှမ်းရေးဒရုန်းတွေကနေ ၁၀၅ မမ ဟောက်ဝစ်ဇာအမြောက်၊ အတွဲလိုက် ဒုံးကျည်တွေအထိ ပေးပို့ခဲ့ပါတယ်။

 

ဒါပေမဲ့ ယူကရိန်းနိုင်ငံပြင်ပအထိ စစ်ရှိန်မြင့်တက်လာမှာရယ်၊ ယူကရိန်းလေသူရဲတွေ အနောက်တိုင်းလေယာဉ် တွေနဲ့ အကျွမ်းတဝင်မရှိတာရယ်ကြောင့် ယူကရိန်းကိုပေးပို့ခဲ့တဲ့စစ်လက်နက်ပစ္စည်းတွေထဲမှာ တိုက်လေယာဉ် တွေ ထည့်သွင်းပေးပို့ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ယူကရိန်းလေတပ်မှာလက်ရှိအသုံးပြုနေတဲ့ လေယာဉ်အစီး ၂၀ အတွက် လိုအပ်တဲ့အပိုပစ္စည်းတွေကို အမေရိကန်က ယူကရိန်းကို ပို့ပေးခဲ့တယ်လို့ဆိုပါတယ်။ ပိုလန်နိုင်ငံက မတ်လအတွင်းက ၎င်းတို့ပိုင် Mig-29 တိုက်လေယာဉ်အုပ်စုကို ယူကရိန်းနိုင်ငံကိုပေးပို့နိုင်ဖို့အ တွက် အမေရိကန်ကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံက ပိုလန်နိုင်ငံကို F-16 တိုက်လေယာဉ်တွေအစားပြန်ပေးဖို့ ကမ်းလှမ်းခဲ့ရာ အဲဒီကမ်းလှမ်းချက်ကို အမေရိကန်အစိုးရက ပယ်ချခဲ့ပါတယ်။

 

Ref: US Reps Introduce Bill to Train Ukrainian Pilots on American Aircraft

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: US Reps Introduce Bill to Train Ukrainian Pilots on American Aircraft

 

#PeopleMedia


Share this post