• Follow Us on

Home ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် စစ်သည်အင်အား ၁၇၅,၀၀၀ အထိ ရုရှားနိုင်ငံက စုဖွဲ့ပြင်ဆင်နေ ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများပြော

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် စစ်သည်အင်အား ၁၇၅,၀၀၀ အထိ ရုရှားနိုင်ငံက စုဖွဲ့ပြင်ဆင်နေ ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄ (People Media)

 

ရုရှားနိုင်ငံသည် မြေပြင်တွင် တပ်ဖွဲ့ဝင်အင်အား ၁၇၅,၀၀၀ အထိ အင်အားကြီးမားစွာစုစည်းထားပြီး ယူကရိန်း နိုင်ငံအား ၂၀၂၂ ခုနှစ်အစောပိုင်းကာလလောက်တွင် ဝင်ရောက်ကျူးကျော်နိုင်ရန်ပြင်ဆင်နေသည်ဟု အမေရိ ကန်ထောက်လှမ်းရေးအရာရှိများက ယူဆထားကြသည်။

 

ရုရှားနိုင်ငံကပြင်ဆင်နေသည့်ထိုးစစ်အတွက် ရုရှားစစ်သည်အင်အား ၁၇၅,၀၀၀၊ သံချပ်ကာယာဉ်များ /တင့် ကားများနှင့် အမြောက်ကြီးများပါဝင်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားကြောင်း အမေရိကန်အုပ်ချုပ် ရေးအရာရှိတစ်ဦးက Forbes မဂ္ဂဇင်းကိုပြောသည်။

 

လတ်တလောကာလသီတင်းပတ်များအတွင်း ရုရှားနိုင်ငံက တပ်များစုစည်းနေပြီးနောက် အဆိုပါရုရှားစစ်သည် အင်အားထက်ဝက်ခန့်ကို ရုရှား-ယူကရိန်းနယ်စပ်အနီးတွင် တပ်ဖြန့်ချထားပြီးဖြစ်ကြောင်း အမေရိကန်အရာရှိက ပြောသည်။ ရုရှားတပ်များစုစည်းမှုသည် ယခင်ဆိုဗီယက်တပ်များက သိမ်းပိုက်သလို ကျူးကျော်သိမ်းပိုက်လာ နိုင်ကြောင်း ယူကရိန်းအရာရှိများက သတိပေးခဲ့သည်။

 

စစ်ရေးပြင်ဆင်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ရုရှားအစိုးရက အရန်တပ်ဖွဲ့ဝင်များကို ပမဏာကြီးမားစွာ အင်အား စုစည်းပုံရကြောင်း အမေရိကန်အရာရှိကပြောသည်။ ရုရှားအစိုးရသည် အရန်တပ်ဖွဲ့ဝင်အားအား အမြောက်အ မြားကို ဆင့်ခေါ်ခဲ့ကြောင်း လွန်ခဲ့သည့်လက Bloomberg မီဒီယာက ရေးသားဖော်ပြခဲ့သည်။

 

ရုရှားအစိုးရသည် ရှေ့တန်းစစ်မျက်နှာတွင် ရေရည်ရပ်တည်နိုင်ရန်အတွက် သီတင်းတစ်ပတ်ကြာ သို့မဟုတ် ယင်းထက်ပိုမိုသောအချိန်ကာလအထိ ဆေးတပ်ဖွဲ့ဝင်များ၊ လောင်စာဆီများနှင့် အခြားလိုအပ်သော ထောက်ပံ့ ရေးပစ္စည်းများကို လုံလောက်စွာစုပုံထားကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ အစောပိုင်းတွင် CNN သတင်းဌာနက ဖော်ပြခဲ့သည်။

 

ရုရှားနိုင်ငံကလည်း ယူကရိန်းဆန့်ကျင်ရေးနှင့် နေတိုးအဖွဲ့ဆန့်ကျင်ရေးမြှင့်တင်ရန်အတွက် ရုရှားသြဇာလွှမ်းမိုး သော မီဒီယာများမှတစ်ဆင့် နည်းလမ်းများရှာဖွေ၍ ဝါဒဖြန့်ချိလျက်ရှိကြောင်း အမေရိကန်အရာရှိက Forbes မဂ္ဂဇင်းကိုပြောသည်။

 

“ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ဆုံးဖြတ်ထားခြင်းရှိမရှိမသိ ရသေးကြောင်း၊ သို့သော်လည်း ယင်းသို့ကျူးကျော်နိုင်ရန် အစစအရာရာ ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း၊ ၎င်း အနေဖြင့် ကျူုးကျော်ရန်ဆုံးဖြတ်လိုက်ပါက ရုရှားတပ်များဝင်ရောက်ကျူးကျော်ရန် အဆင်သင့်ဖြစ်နေကြောင်း” နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယခုသီတင်းပတ်အစောပိုင်းတွင် သတင်းထောက်များကို ပြော ကြားခဲ့သည်။

 

Ref: U.S. Intel Says Russia Is Preparing 175,000 Troops For Ukraine Offensive

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 

Ref: U.S. Intel Says Russia Is Preparing 175,000 Troops For Ukraine Offensive

 

#PeopleMedia


Share this post