• Follow Us on

Home ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် ရုရှားကို တူရကီသမ္မတအာဒိုဂန် သတိပေး

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် ရုရှားကို တူရကီသမ္မတအာဒိုဂန် သတိပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

 

ယခင်ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံဟောင်းဖြစ်ပြီး ယခုအခါ နိုင်ငံတကာမိတ်ဆွေများနှင့်အတူ အင်အားကောင်းနေ သည့်ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် ရုရှားနိုင်ငံအား တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန် က ဇန်နဝါရီလ ၁၈ ရက်နေ့က သတိပေးလိုက်သည်။

 

တူရကီနိုင်ငံက ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရေးဒရုန်းများထောက်ပံပေးအပ်ခဲ့ရာ ရုရှားနိုင်ငံက ဒေါသထွက်ခဲ့ပြီး ယင်းဒရုန်းများကို ယူကရိန်းနိုင်ငံ အရှေ့ဘက်ဒေသတွင် ရုရှားအစိုးရကပံ့ပိုးထားသည့် ခွဲထွက်ရေးဝါဒီများနှင့် ဖြစ်ပွားနေသောတိုက်ပွဲများ၌ ယူကရိန်းစစ်တပ်က အသုံးပြုမည်ကို ရုရှားနိုင်ငံက စိုးရိမ်လျက်ရှိသည်။

 

တူရကီသမ္မတအာဒိုဂန်အနေဖြင့် တင်းမာမှုများမြင့်တက်လာသည့်အရေးနှင့်ပတ်သက်၍ ရုရှားသမ္မတဗလာဒီမာ ပူတင်နှင့် ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု ၎င်းကပြောကြောင်း အယ်ဘေးနီးယားရှိ တူရကီသတင်း ထောက်များက ပြောသည်။

 

“ကျွန်တော်တို့ ကျူးကျော်တိုက်ခိုက်မယ်၊ ကျွန်တော်တို့ သိမ်းယူလိုက်မယ်လို့ပြောပြီး အခြေအနေတွေကို ထိန်း ချုပ်ကိုင်တွယ်လို့မရပါဘူး။ ယူကရိန်းနိုင်ငံဟာ သာမန်နိုင်ငံတစ်နိုင်ငံမဟုတ်တဲ့အတွက် တကယ့်အခွင့်အလမ်း တစ်ရပ်အနေနဲ့ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ယူကရိန်း ဟာ အင်အားပြည့်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ။” ဟု အာဒိုဂန်က ပြောသည်။

 

ဒီဇင်ဘာလအတွင်းက တူရကီတိုက်ခိုက်ရေးဒရုန်းများကို တပ်ဖြန့်ချထားသည့် ယူကရိန်းနိုင်ငံကို ရုရှားသမ္မတ ပူတင်က ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းတိုက်ခိုက်ရေးဒရုန်းများကို ယူကရိန်းအစိုးရ အသုံးမပြုရန်အတွက် တူရ ကီနိုင်ငံက ဖိအားပေးပြောကြားရန် တိုက်တွန်းလိုက်သည်။ ယင်းဒရုန်းများမှာ လစ်ဗျားနိုင်ငံမှ ပဋိပက္ခများနှင့် နာဂါနို-ကရာဘက်ဒေသမှ အဇာဘိုင်ဂျန်ခွဲထွက်ရေးဝါဒီများ၏ တိုက်ပွဲများတွင် အဓိက အခန်းကဏ္ဍမှပါဝင်ခဲ့ သော စစ်လက်နက်ပစ္စည်းဖြစ်သည်။

 

ဒရုန်းလေယာဉ်များရောင်းချပြီးသည့်နောက် အဆိုပါနိုင်ငံများက ယင်းဒရုန်းများကို မည်ကဲ့သို့အသုံးပြုသည်ဆို ခြင်းနှင့် ပတ်သက်၍ တူရကီနိုင်ငံက တာဝန်မယူနိုင်ကြောင်း တူရကီအစိုးရက တုံ့ပြန်ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကိုကျူးကျော်သိမ်းပိုက်ခဲ့ခြင်းကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယခုလက်ရှိ ယူကရိန်းနိုင်ငံအနီး ရုရှားတပ်များအင်အားအလုံးအရင်းစုဖွဲ့နေသည်ကိုလည်း ဆန့်ကျင်ကြောင်း အာဒိုဂန်က ပြောသည်။

 

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် မဆုံးဖြတ်မီ ကမ္ဘာပေါ်က ဆက်ဆံရေးအခြေအ နေများနှင့် ရုရှားနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို ပြန်လည်ဆန်းစစ်လေ့လာသင့်ကြောင်း ၎င်း က ပြောသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ မြောက်ဘက်နှင့် အရှေ့ဘက်နယ်စပ်တစ်လျှောက် တင့်ကားများ၊ အမြောက်  ကြီးများနှင့် စစ်သည်အင်အား ၁၀၀၀၀၀ ခန့်ကို တပ်ဖြန့်ချထားပြီး ယူကရိန်းနိုင်ငံအား ကျူုးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အနောက်နိုင်ငံများက စွပ်စွဲပြောဆိုထားသည်။

 

Ref: Erdogan Warns Russia Against Invading Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Erdogan Warns Russia Against Invading Ukraine

 

#PeopleMedia


Share this post