• Follow Us on

Home ယူကရိန်းနိုင်ငံကို တိုက်လေယာဉ်တွေပို့ပေးဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို သဘောတူခွင့်ပြုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြော

ယူကရိန်းနိုင်ငံကို တိုက်လေယာဉ်တွေပို့ပေးဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို သဘောတူခွင့်ပြုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ပြော

Share this post

နိုင်ငံတကာ၊ မတ် ၇

 

ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီအဖြစ် တိုက်လေယာဉ်တွေပို့ပေးဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို သဘောတူခွင့်ပြုလိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါ တယ်။

 

ပိုလန်နိုင်ငံက ယူကရိန်းကိုပေးပို့မယ့် ဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေအစား အမေရိကန်တိုက်လေယာဉ် တွေကို အစားထိုးပို့ပေးဖို့ အမေရိကန်နိုင်ငံနဲ့ ပိုလန်နိုင်ငံဆွေးနွေးနေတယ်လို့ The Wall Street ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။ ယူကရိန်းကို တိုက်လေယာဉ်တွေပို့ပေးမယ့်ကိစ္စ ခွင့်ပြုချက်ရပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က CBS သတင်းဌာနကို တနင်္ဂနွေနေ့က ပြောပါတယ်။

 

“သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံနဲ့ ဆွေးနွေးနေပါတယ်။ ဒီတိုက်လေယာဉ်တွေကို ယူကရိန်းကိုပို့ပေးဖို့ သူတို့ ရွေးချယ်လိုက်တာပါ။ ကျွန်တော်တို့ အခု တက်တက်ကြွကြွ ဆွေးနွေးနေကြပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

ရုရှားကို ခုခံကာကွယ်ဖို့အတွက် ယူကရိန်းကို နောက်ထပ်ဘာတွေထပ်ပြီး ပံ့ပိုးပေးရမလဲဆိုတာရယ်၊ ရုရှားနိုင်ငံ ကို စီးပွားရေးအရေးယူပိတ်ဆို့မှု တိုးမြှင့်ဆောင်ရွက်ဖို့ဆိုတာရယ်ကို နေတိုးအဖွဲ့၊ ဥရောပသမဂ္ဂနဲ့ G7 နိုင်ငံတွေ အတူတကွဆွေးနွေးတိုင်ပင်ပြီး အလုပ်လုပ်နေကြတယ်လို့ ဘလင်ကန်က ပြောပါတယ်။

 

ဒီစစ်ပွဲဟာ အချိန်အတော်ကြာတဲ့အထိ ဆက်ဖြစ်နေမှာကို စိုးရိမ်ပူပန်မိကြောင်း ဘလင်ကန်က ပြောဆိုလိုက်ပေ မဲ့လည်း ယူကရိန်းနိုင်ငံက စစ်ပွဲမှာ အနိုင်ရရှိလိမ့်မယ်လို့မျှော်လင့်ထားကြောင်း ပြောပါတယ်။

 

“စိန်ခေါ်မှုကတော့ ဗလာဒီမာပူတင်က ဒီရန်လိုမှုကို ဆက်ပြီးဆောင်ရွက်နေမှာကို စိုးရိမ်မိတာပါ။ ဒီစစ်ပွဲ ကာလ တစ်ခုအထိ ဆက်ဖြစ်နေမှာကိုတော့ စိုးရိမ်မိတယ်။ ဒါပေမဲ့ စစ်ပွဲက အဆုံးသတ်တော့မှာပါ။ ဒီစစ်ပွဲက ယူကရိန်း ဘက်က အသာစီးနဲ့ အဆုံးသတ်သွားမှာပါ။” လို့ ဘလင်ကန်က ပြောပါတယ်။

 

“မြို့တော်ကိုသိမ်းပိုက်တယ်ဆိုတာ ယူကရိန်းပြည်သူတွေရဲ့ အသည်းနှလုံးနဲ့ စိတ်ဓာတ်တွေကို သိမ်းပိုက်နိုင် တာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။ အဲဒီလို စကားမျိုးကို သမ္မတဂျိုးဘိုင်ဒန်ကလည်း ပြောဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ ဂျိုးဘိုင်ဒန်ဟာ အဲဒီစကားထဲမှာ ယူ ကရိန်းပြည်သူအစား အီရန်ပြည်သူလို့ မှားယွင်းပြောဆိုခဲ့ပါတယ်။

 

“ပူတင်ဟာ ကိယက်ဗ်မြို့ကို တင့်ကားတွေနဲ့ ဝိုင်းထားကောင်း ဝိုင်းထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူဟာ အီရန်ပြည်သူတွေရဲ့ အသည်းနှလုံးတွေနဲ့ စိတ်ဓာတ် ကိုတော့ ဘယ်တော့မှ သိမ်းပိုက်ရရှိမှာ မဟုတ်ပါဘူး။” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

လက်ရှိ တိုက်လေယာဉ်တွေပို့ပေးမယ့်အစီအစဉ်အရ ပိုလန်နိုင်ငံဟာ စစ်အေးတိုက်ပွဲအလွန်ကာလမှာ သူတို့ လက်ခံရရှိထားတဲ့ MiG တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံကို ပို့ပေးမှာဖြစ်ကြောင်း WSJ သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

Ref: NATO countries given ‘green light’ to send fighter jets to Ukraine, Blinken says

 

#PeopleMedia

 

(unicode)


………………………………………

 

 


 


 


 


 


 


 


 


 


 


 


 

Ref: NATO countries given ‘green light’ to send fighter jets to Ukraine, Blinken says

 

#PeopleMedia


Share this post