• Follow Us on
Latest News

Home ယူကရိန်းနိုင်ငံကို ဝိုင်းဝန်းကာကွယ်ရင်း တိုက်ပွဲအတွေ့အကြုံယူကြရန် ဥရောပနိုင်ငံတွေကို ဇီလန်စကီး တိုက်တွန်း

ယူကရိန်းနိုင်ငံကို ဝိုင်းဝန်းကာကွယ်ရင်း တိုက်ပွဲအတွေ့အကြုံယူကြရန် ဥရောပနိုင်ငံတွေကို ဇီလန်စကီး တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

ယူကရိန်းအရေးမှာ အနောက်နိုင်ငံတွေဟာ ဘာမှမကူညီသလောက်ပဲလို့ပြောပြီး ယူကရိန်းကို ဝိုင်းဝန်း ကာ ကွယ်ရင်း တိုက်ပွဲအတွေ့အကြုံယူကြဖို့ ဥရောပနိုင်ငံတွေကို ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက သော ကြာနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) က ဆော်သြလိုက်ပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်အချို့ ကိယက်ဗ်မြို့တော် ဆင်ခြေဖုံးရပ်ကွက်တွေကိုရောက်ရှိလာပြီး တဖြည်ဖြည်းနဲ့ မြို့တော်ထဲ ကိုဝင်ဖို့ ချဉ်းကပ်လာတဲ့အချိန်မှာ ယူကရိန်းသမ္မတက အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

 

“တကယ်လို့ ခင်ဗျားတို့အနေနဲ့ ဥရောပမှာ စစ်ရေးအတွေ့အကြုံရရှိထားမယ်ဆိုလို့ရှိရင်၊ နိုင်ငံရေးသမားတွေ ဆုံးဖြတ်ချက်မချနိုင်တဲ့အခြေအနေမျိုးကို မမြင်ချင်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံကို လာပြီး ဥရောပကို အတူ တကွကာကွယ်နိုင်ပါတယ်။ လက်ရှိအချိန်မှာ အဲဒီလိုကာကွယ်ဖို့ လိုအပ်နေပါပြီ။” လို့ မောပန်းနွမ်းနယ်နေပုံရ တဲ့ ဇီလန်စကီးက ဗီဒီယိုထုတ်လွှင့်မှုတစ်ခုကနေ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီနဲ့ စစ်ရေးအကူအညီတွေ ပိုမိုရရှိလာဖို့ ဥရောပအစိုးရတွေထံမှာ တောင်းဆိုသွားဖို့ ဥရောပနိုင်ငံသားတွေကို ရုရှားတပ်တွေတိုက်ခိုက်လာတဲ့ ဒုတိယမြောက်နေ့မှာ စကားပြောဆို ရင်း ဇီလန်စကားက တောင်းဆိုခဲ့ပါသေးတယ်။

 

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့အချိန်မှာ အနောက်နိုင်ငံတွေဆီက ဘာအကူအညီမှမရ ဘူးလို့ အသက် ၄၄ နှစ်အရွယ်ရှိ ယူကရိန်းသမ္မတက ပြောပါတယ်။

 

“ယူကရိန်းအရေးမှာတောင် အကူအညီပေးဖို့ ဒီလောက်အထိ နှောင့်နှေးနေရင် ခင်ဗျားတို့ ကိုယ့်တိုင်းပြည်ကိုယ် ဘယ်လိုကာကွယ်ကြမှာလဲ။ ဥရောပနိုင်ငံတွေမှာရှိတဲ့ နိုင်ငံ့အင်စတီကျူးရှင်းတွေကလည်း တကယ့်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်မျိုး မြန်မြန်ဆန်ဆန် ချမှတ်နိုင်ခြင်းမရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

အနောက်နိုင်ငံတွေက ရုရှားအစိုးရကို စီးပွားရေးအရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပေမဲ့လည်း SWIFT ခေါ် ကမ္ဘာ တစ်ဝန်းဘဏ်အချင်းချင်း ဘဏ္ဍာရေးဆက်သွယ်မှုစနစ်မှာတော့ ရုရှားနိုင်ငံကို ပိတ်ပင်တားဆီးထားတာမျိုးမရှိ ပါဘူး။

 

Ref: Zelensky Asks Europeans With ‘Combat Experience’ to Fight for Ukraine

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Zelensky Asks Europeans With ‘Combat Experience’ to Fight for Ukraine

 

#PeopleMedia


Share this post