• Follow Us on

Home ယူကရိန်းနိုင်ငံတွင် စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း ပူတင်ကြေညာလိုက်ချိန် ယူကရိန်းမြို့ကြီးများတွင် ပေါက်ကွဲသံများကြားရ

ယူကရိန်းနိုင်ငံတွင် စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း ပူတင်ကြေညာလိုက်ချိန် ယူကရိန်းမြို့ကြီးများတွင် ပေါက်ကွဲသံများကြားရ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ယူကရိန်းနိုင်ငံမှာ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသာပတေးနေ့ကကြေညာ လိုက်ပြီး ရုရှားနိုင်ငံရဲ့ဆောင်ရွက်မှုကို ကြားဝင်ဟန့်တားဖို့ကြိုးစားတဲ့ဘယ်နိုင်ငံမဆို တစ်ခါမှမကြုံဖူးတဲ့နောက် ဆက်တွဲဆိုးကျိုးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

 

ရုရှားရဲ့တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်လို့ ပူ တင်ကပြောပေမဲ့ အမေရိကန်အစိုးရကတော့ ရုရှားနိုင်ငံဟာ ယူကရိန်းကိုကျူးကျော်ဖို့ မှားယွင်းတဲ့အကြောင်းပြ ချက်ကို အသုံးပြုနေတာဖြစ်တယ်လို့ဆိုပါတယ်။

 

အမေရိကန်နဲ့ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ထဲဝင်ခွင့်မပြုဖို့ ရုရှားဘက် ကတောင်းဆိုမှုနဲ့ ရုရှားနိုင်ငံလုံခြုံရေးအတွက် အာမခံပေးဖို့ ကမ်းလှမ်းထားတာတွေကို လျစ်လျူရှုထားတယ်လို့ ရုပ်သံကထုတ်လွှင့်တဲ့မိန့်ခွန်းတစ်ခုမှာ ပူတင်က စွပ်စွဲပြောဆိုထားပါတယ်။

 

ရုရှားနိုင်ငံဟာ ယူကရိန်းကို သိမ်းပိုက်ဖို့ မရည်ရွယ်ကြောင်း၊ ဒါပေမဲ့ သတ်မှတ်ထားတဲ့နယ်မြေကို စစ်ဘေးကင်း မဲ့ဇုံဖြစ်အောင်လုပ်ဆောင်သွားပြီး ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ရေးဆောင် ရွက်သွားမှာဖြစ်ကြောင်း ပူတင်က ပြောပါတယ်။

 

အရုဏ်မတက်ခင် ပူတင်မိန့်ခွန်းထုတ်လွှင့်နေစဉ်အတွင်း ယူကရိန်းနိုင်ငံတစ်ဝန်းက ကီယက်ဗ်မြို့၊ ခါကိဗ်မြို့၊ အိုဒက်ဆာမြို့နဲ့ တခြားမြို့ကြီးတွေမှာ ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးတွေကြားခဲ့ရပါတယ်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားရဲ့ဆောင်ရွက်ချက်ဟာ ယူကရိန်းနိုင်ငံကို တရားမျှတမှုမရှိဘဲ အကြောင်း မဲ့တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက ရုရှားနိုင်ငံကို တာဝန်ခံခိုင်းမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

 

G7 အုပ်စုခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးရင် အမေရိကန်ပြည်သူတွေကို ကြာသာပတေးနေ့မှာ မိန့်ခွန်းပြော ကြားဖို့ စီစဉ်ထားကြောင်း ဘိုင်ဒန်ကပြောပါတယ်။ ရုရှားနိုင်ငံကို နောက်ထပ်အရေးယူပိတ်ဆို့မှုတွေချမှတ် ကြောင်း ကြေညာမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ အပြည့်အဝ ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ပြည်သူ မြောက်မြားစွာသေကြေပျက်စီးကြပြီး ယူကရိန်းနိုင်ငံက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက် ထားတဲ့အစိုးရလည်း ပြုတ်ကျသွားနိုင်ဖွယ်ရှိပါတယ်။

 

ပဋိပက္ခရဲ့နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရုရှားနိုင်ငံအပေါ်ပြဋ္ဌာန်းလိုက်တဲ့အရေးယူပိတ်ဆို့မှုတွေကနေ ထွက် ပေါ်လာမယ့်ရလဒ်တွေက ကမ္ဘာတစ်ဝန်းကို ဂယက်ရိုက်နိုင်ပါတယ်။ အဲဒီရလဒ်တွေကြောင့် ဥရောပဒေသမှာ စွမ်းအင်ထောက်ပံံ့မှုတွေအပေါ် ထိခိုက်စေလာနိုင်ပြီး နိုင်ငံတကာငွေကြေးဈေးကွက်ကို ကိုင်လှုပ်နိုင်သလို စစ် အေးလွန်ကာလချိန်ခွင်လျှာညီမျှမှုကိုလည်း ခြိမ်းခြောက်လာနိုင်ပါတယ်။

 

စစ်ရေးဆောင်ရွက်မှုအကြောင်းကို ထုတ်ဖော်ပြောကြားလာသလို ကြားဝင်မရှုပ်ဖို့လည်း တခြားနိုင်ငံတွေကို ပူ တင်က စတင်သတိပေးလိုက်ပါတယ်။

 

“လက်ရှိဖြစ်စဉ်တွေမှာ ဝင်ရှုပ်ဖို့ကြိုးစားချင်သူတွေကို စကားနည်းနည်းလောက်ပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူထုကို ခြိမ်းခြောက်ဖို့ နေနေသာသာ ကျွန်တော်တို့ဆောင်ရွက်နေတဲ့လုပ်ငန်းကို ကြားဖြတ်ပြီး နှောင့်ယှက်ဖို့ကြိုးစားတဲ့ ဘယ်နိုင်ငံမဆို ရုရှားနိုင်ငံက ချက်ချင်း တုံ့ပြန်သွားမှာဖြစ်တယ်။ အဲဒီလို တုံ့ပြန်ရာမှာ လည်း ဝင်ရောက်နှောင့်ယှက်တဲ့နိုင်ငံတွေဟာ သမိုင်းတစ်လျှောက်မှာ သူတို့မကြုံဖူးတဲ့ နောက်ဆက်တွဲဆိုးကျိုး တွေနဲ့ ကြုံတွေ့ရမှာဖြစ်တယ်။” လို့ ပူတင်က ပြောပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ယူကရိန်းစစ်သား  တွေကို လက်နက်ချပြီး အိမ်ပြန်ကြဖို့ ပူတင်ကပြောပါတယ်။

 

Ref: Putin announces Ukraine military operation, explosions heard

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Putin announces Ukraine military operation, explosions heard

 

#PeopleMedia


Share this post