• Follow Us on

Home ယူကရိန်းနိုင်ငံထဲမှာ ဖရိုဖရဲပရမ်းပတာအခြေအနေတွေကို ဖန်တီးနေတဲ့ ရုရှားထုတ် Iskander ပဲ့ထိန်းဒုံး ကျည်များ

ယူကရိန်းနိုင်ငံထဲမှာ ဖရိုဖရဲပရမ်းပတာအခြေအနေတွေကို ဖန်တီးနေတဲ့ ရုရှားထုတ် Iskander ပဲ့ထိန်းဒုံး ကျည်များ

Share this post

နိုင်ငံတကာ၊ မတ် ၁၆

 

ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲစတင်ကတည်းက တာတိုပစ်ဒုံးကျည်ပေါင်းရာနဲ့ချီပြီး ယူကရိန်းနိုင်ငံထဲကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

 

ရုရှားထုတ် အိစ်စကန်ဒါ (Iskander) ဒုံးကျည်တွေဟာ ဒီတိုက်ပွဲတွေမှာ အဓိကအခန်း ကဏ္ဍကပါဝင်ပါတယ်။ Iskander-M ဒုံးကျည်ကို ၂၀၀၈ ခုနှစ်တုန်းက ဂျော်ဂျီယာမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ အသုံးပြုခဲ့ပြီး အဲဒီဒုံးကျည် တွေဟာ ပျံသန်းနှှုန်းမြန်ဆန်ပြီး ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

 

ရုရှားတွေဟာ အဲဒီဒုံးကျည်တွေကို ယူကရိန်းနိုင်ငံမြို့တော်ကိယက်ဗ်ကို ပစ်ခတ်နိုင်ဖို့အတွက် ဘယ်လာရုစ် နိုင် ငံထဲမှာ တပ်ဖြန့်ချထားပါတယ်။ စစ်ပွဲမဖြစ်ခင်ကတည်းက Iskander ဒုံးပစ်စင် ၃၆ စီးထက်မနည်း ဘယ်လာရုစ် နိုင်ငံထဲကို ရထားနဲ့ပို့ဆောင်ခဲ့ပြီး အဲဒီဒုံးကျည်အများစုကို လက်ရှိတိုက်ပွဲထဲမှာ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

 

ရွေ့လျား Iskander ဒုံးပစ်လောင်ချာတွေကလည်း ခရုစ်ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပါတယ်။

 

Iskander ဒုံး ကျည်တွေဟာ မတူကွဲပြားတဲ့စွမ်းဆောင်ရည်အမျိုးမျိုးစွမ်းဆောင်နိုင်ပြီး ရန်သူကို ထိရောက်စွာ ချေမှုန်းနိုင်တဲ့ အတွက် ယူကရိန်းစစ်ပွဲမှာအသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

၂၀၀၆ ခုနှစ် တပ်တော်ဝင်ခဲ့တဲ့အချိန်မှာ Iskander ဒုံးကျည်စနစ်ဟာ 9M723 ပဲ့ထိန်းဒုံးကျည်တွေကို အကွာ အဝေး မိုင် ၃၁၀ ကနေ ပစ်ခတ်ခဲ့ပါတယ်။

 

အဲဒီ ဒုံးကျည်တွေဟာ ပေါင် ၁,၅၀၀ အလေးချိန်ရှိတဲ့ ပေါက်ကွဲအား ပြင်းထန်တဲ့ထိပ်ဖူးကို သယ်ဆောင်နိုင်ပါ တယ်။

 

ဒါ့အပြင် အဲဒီဒုံးကျည်တွေဟာ ကလပ်စတာဗုံးတွေ၊ နျူကလီး ယားထိပ်ဖူးတွေနဲ့ သာမိုဘရစ်ခေါ် FAE ဗုံးတွေနဲ့ ဘန်ကာဖျက်ဗုံးတွေကိုလည်း သယ်ဆောင်နိုင်ပါတယ်။

 

ဒုံးတင်လောင်ချာတွေကို 8×8 MZKT-79306 ရှိ ထရပ်ကားတွေပေါ်မှာတင်ဆောင်နိုင်ပါတယ်။

 

စစ်သည်သုံး ဦးပါတဲ့ ဒုံးတင်ယာဉ်မှာ ဒုံးကျည်နှစ်စင်းတင်ဆောင်နိုင်ပါတယ်။ ရုရှားနိုင်ငံဟာ ဘယ်လာ ရုစ်နိုင်ငံမှာ ဒုံးတင်လောင်ချာ ၄၈ စင်းထက်မနည်း တပ်ဖြန့်ချထားနိုင်ပြီး ယူကရိန်း နယ်စပ်နဲ့ ဗဟိုစစ်ဌာန ချုပ်တစ်ဝိုက်မှာလည်း တပ်ဖြန့်ချထားနိုင်ပါတယ်။

 

Iskander ဆူပါဆောနစ်ဒုံးကျည်တွေဟာ inertial နဲ့ optical လမ်းညွှန်စနစ်တွေကို အသုံးပြုပြီး ပျံသန်းနိုင်ပါ တယ်။ ဒါ့ကြောင့် ဒီဒုံးကျည်တွေဟာ ရွေ့လျားပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးဒုံးကျည်တွေက Iskander ဒုံးကျည်တွေကို ပစ်ချဖို့မလွယ်ဘူးလို့ဆိုပါတယ်။

 

Iskander ဒုံးကျည်တွေဟာ ခေတ်သစ်စစ်ပွဲတွေမှာ ပိုပြီးတော့ စွဲစွဲမြဲမြဲ အသုံးပြုလာမယ့် ဒုံးလက်နက်တွေဖြစ် လာမှာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ယူကရိန်းစစ်ပွဲမှာ အဲဒီဒုံးကျည်တွေ ဘယ်လိုစွမ်းဆောင်ရည်ရှိတယ်ဆိုတာ ကို စောင့်ကြည့်နေပုံရပါတယ်။ လက်နက်မျိုးစုံပေါင်းစပ်ထားတဲ့စစ်ပွဲမှာ ဗုံး/ဒုံးတွေနဲ့ တိုက်ခိုက်တာဟာ သမိုင်း နဲ့ချီပြီး လေ့လာရမယ့် မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

 

“လေဆိပ်တွေကိုတိုက်ခိုက်တဲ့အခါ ထိခိုက်ပျက်စီးမှုတချို့ကို ကျွန်တော်တို့တွေ့ရပါတယ်။ အတော်အတန် တိ ကျမှုရှိတယ်လို့ ပြောနိုင်ပါတယ်။” လို့ James Martin စင်တာက ဂျက်ဖရီလီးဝစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ဒုံးကျည်တွေတစ်မျိုးတည်းကတော့ ရုရှားအတွက် တိုက်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ချက်ပေးနိုင်မှာ မဟုတ်ပါဘူး။ ယူကရိန်းနိုင်ငံမှာ ပစ်မှတ်တွေ အများကြီးရှိနေပြီး အဲဒီပစ်မှတ်အားလုံးအတွက် ရုရှားနိုင်ငံမှာရှိတဲ့ တာတိုပစ်ဒုံး ကျည်တွေက မလုံလောက်ပါဘူး။ ဒါပေမဲ့ ရုရှားလေတပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ၊ ရုရှားအမြောက်တွေက ပစ်အားကိုအပြည့် အဝသုံးစွဲပြီး ပစ်ခတ်တာတွေကို ဟန်ချက်ညီညီဆောာင်ရွက်နိုင် မယ်ဆိုရင်တော့ သိသာထင်ရှားစွာ အသာစီးရ နေမှာဖြစ်ပြီး ရုရှားတွေဟာ ယူကရိန်းကို ဆက်လက်တိုက် ခိုက်သွားနိုင်မှာဖြစ်ပါတယ်။

 

Iskander ဒုံးကျည်ကသယ်ဆောင်နိုင်တဲ့ အထူးသဖြင့် စစ်မြေပြင်/ နည်းဗျူဟာမြောက်နျူကလီးယားလက်နက် အမျိုးမျိုးရဲ့ မတူကွဲပြားတဲ့ပေါက်ကွဲအားအမျိုးမျိုးကြောင့် လက်နက်စနစ်ရဲ့တိကျမှုကလည်း စိုးရိမ်စရာပါပဲ။ Iskander ဒုံးကျည်တွေကို တပ်ဖြန့်ချထားတာ ယူကရိန်းစစ်နယ်ဝန်းထဲမှာ မဟုတ်ပါဘူး။

 

Iskander ဒုံးကျည် တွေကို တပ်ဖြန့်ချထားတာက ဘော်လတစ်နိုင်ငံတွေကို ပစ်မှတ်ထားချိန်ရွယ်ထားနိုင်တဲ့ ကာလီနင်ဂရက် ပြည် နယ်ထဲမှာဖြစ်ပါတယ်။ အံ့သြစရာကောာင်းတာတစ်ခုက ရုရှားတပ်တွေဟာ မြေပြင်တပ်တွေမဝင်ခင်မှာ လုံးဝအလစ်အငိုက်ရအောင် တိုက်ခိုက်တာမျိုးနဲ့ ဗုံး/ဒုံး ပစ်ခတ်ချေမှုန်းတာမျိုးတွေ မလုပ်ခဲ့တာပါပဲ။

 

ဒါပေမဲ့ Iskander ဒုံးကျည်တွေရဲ့ ရွေ့လျားပစ်ခတ်နိုင်တဲ့လက်နက်စနစ်စွမ်းရည်တွေနဲ့ မတူကွဲပြားစွမ်းဆောင် နိုင်တဲ့ပေါက်ကွဲအားအမျိုးမျိုးတွေကြောင့် ဒီဒုံးကျည်တွေဟာ စစ်ပွဲအတွင်းမှာ အဓိကမှီခိုအားထားရတဲ့ လက် နက်စနစ်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

 

Ref: Iskander: The Russian Ballistic Missile Creating Chaos in Ukraine

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Iskander: The Russian Ballistic Missile Creating Chaos in Ukraine


Share this post