• Follow Us on

Home ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၆၀ အမေရိကန်ကူညီမည်

ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၆၀ အမေရိကန်ကူညီမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂ (People Media)

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် ယူကရိန်းသမ္မတကီရတ်ဗလာဒီမာဇီလန်စကီးတို့ စက်တင်လာလ ၁ ရက်နေ့ က အိမ်ဖြူတော်တွင် မတွေ့ဆုံမီ အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ် လာသန်း ၆၀ ကူညီသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

 

ယူကရိန်းနယ်စပ်အနီး ရုရှားနိုင်ငံက မော်တာများဖြင့်ပစ်ခတ်ခြင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းနှင့် အခြားရန်စမှုမျိုးစုံပြုလုပ်ခြင်းဖြင့် စစ်ရေးလှုပ်ရှားမှုများမြှင့်တင်ဆောင်ရွက်လာသဖြင့် ယူက ရိန်းနိုင်ငံအား စစ်ရေးအကူအညီပေးရန်လိုအပ်ကြောင်း အထက်လွှတ်တော်သို့ပေးပို့ခဲ့သည့်အကြောင်းကြားစာ တွင်ဖော်ပြထားသည်။

 

“ယူကရိန်းနယ်စပ်အနီးက ရုရှားရဲ့ စစ်ရေးတည်ဆောက်မှုတွေဟာ ယူကရိန်းတပ်မတော်အနေနဲ့ ရုရှားကျော်မှု ကိုပြန်လည်ခုခံနိုင်ဖို့အတွက် အားနည်းနေကြောင်း မီးမောင်းထိုးပြလိုက်တာပဲဖြစ်တယ်။ ရုရှားတွေရဲ့ လတ်တ လောခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ရေး အင်အားဖြည့်တင်းပေးဖို့အတွက် ယူကရိန်းရဲ့စစ်ရေးစွမ်းရည် လို အပ်ချက်တွေကို အမြန်ဖြည့်ဆည်းပေးရမယ်။” ဟု အကြောင်းကြားစာ တွင်ဖော်ပြထားသည်။

 

ရုရှားနိုင်ငံ၏ ခရိုင်းမီးယားကျူးကျော်မှုနှင့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးဝါဒီများကို လက်နက်တပ်ဆင် ပေးမှုတို့ကိုရင်ဆိုင်ရာတွင် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာအတွက် ကူညီထောက်ပံ့မှုရရှိရန်မျှော်လင့် ချက်ဖြင့် ယူကရိန်းသမ္မတဇီလန်စကီးသည် အိမ်ဖြူတော်သို့သွားရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သမ္မတဂျိုး ဘိုင်ဒန်အနေဖြင့် ယူကရိန်းသမ္မတ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များကို အားပေးကြောင်း ကိုလည်း အိမ်ဖြူတော်ကကြေညာခဲ့သည်။

 

ယူကရိန်းနိုင်ငံမှ ဂျာမနီနိုင်ငံသို့ ဖြတ်သန်းသွားမည့် အမှတ် ၂ နော်ဒ့်စထရမ်း ပိုက်လိုင်းတည်ဆောက်ရေးအား မပိတ်ပစ်ရန် အမေရိကန်အစိုးရထံ ယူကရိန်းသမ္မတဇီလန်စကီးက မေတ္တာရပ်ခံတောင်းဆိုသွားနိုင်ဖွယ်ရှိ ကြောင်းသိရသည်။ ရုရှားမှ ဥရောပသို့ပို့ဆောင်သည့် ပိုက်လိုင်းကို အမေရိကန်လွှတ်တော်အမတ်များရော ယူ ကရိန်းနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားသည်။

 

စစ်ရေးအကူအညီများတွင် Javelin တင့်ဖျက်ဒုံးကျည်များပါဝင်ပြီး ယင်းဒုံးကျည်များမှာ ရုရှားကထောက်ပံ့အား ပေးထားသည့် ခွဲထွက်ရေးဝါဒီများကိုတိုက်ခိုက်ရာတွင် အရေးပါသည့်စစ်လက်နက်များဖြစ်ကြောင်း ဇီလန်စကီး က ရှုမြင်ထားသည်။ ကင်းလှည့်ရေယာဉ်နှစ်စီးအပါအဝင် စစ်ရေးအကူအညီ ဒေါ်လာ ၁၂၅ သန်းဖိုး ယူကရိန်း နိုင်ငံသို့ ထောက်ပံ့ကူညီသွားရန် မတ်လအတွင်းက ပင်တဂွန်စစ်ဌာနချုပ်ကကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံနှင့် ပဋိပက္ခစတင်ဖြစ်ပွားစဉ်ကတည်းက ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ဒေါ်လာ ၂.၅ ဘီလျံဖိုး စစ်ရေးအကူအညီပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာထားသည်။

 

Ref: US commits to $60 million in aid to Ukraine before WH visit

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 

Ref: US commits to $60 million in aid to Ukraine before WH visit

 

#PeopleMedia


Share this post