• Follow Us on

Home ယူကရိန်းနိုင်ငံအတွက် Starstreak လေယာဉ်ပစ်ဒုံးကျည်တွေပို့ပေးသွားဖို့ ဗြိတိန်စီစဉ်နေ

ယူကရိန်းနိုင်ငံအတွက် Starstreak လေယာဉ်ပစ်ဒုံးကျည်တွေပို့ပေးသွားဖို့ ဗြိတိန်စီစဉ်နေ

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

ရုရှားကျူးကျော်စစ်ကိုရင်ဆိုင်နိုင်ရန် ယူကရိန်းနိုင်ငံအတွက် Starstreak လေယာဉ်ပစ်ဒုံးကျည်တွေကို ပို့ပေး သွားဖို့ ဗြိတိန်အစိုးရက စီစဉ်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်းဝေါလေ့စ်က မတ်လ ၉ ရက်နေ့က ကြေညာ လိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့မေတ္တာရပ်ခံချက်ကြောင့် Thales system လက်နက်စနစ်တွေကို ပို့ပေးဖို့ မူအားဖြင့် ဆုံးဖြတ် ချက်ချထားပြီးဖြစ်ပြီး ဒီလက်နက်စနစ်တွေဟာ ခုခံကာကွယ်ရေးလက်နက်တွေဖြစ်ကြောင်း ကာကွယ်ရေးဝန် ကြီးက ပြောပါတယ်။

 

“ရုရှားလေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်နိုင်ဖို့ ယူကရိန်းနိုင်ငံရဲ့စစ်ရေးစွမ်းရည်ကို ထိန်းသိမ်းထား နိုင်ရေးဟာ အသက်တမျှအရေးကြီးပါတယ်။ ဒီလက်နက်စနစ်ဟာ ခုခံကာကွယ်ရေးလက်နက်တွေရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာပဲရှိနေတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီလက်နက်တွေကြောင့် ယူကရိန်းတွေဟာ သူ တို့လေပိုင်နက်ကို သူတို့ ပိုပြီးကာကွယ်နိုင်ပါလိမ့်မယ်။” လို့ ကာကွယ်ရေးဝန်ကြီးဝေါလေ့စ် ပါလီမန်မှာပြောခဲ့တဲ့ စကားကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြသွားပါတယ်။

 

“ကျွန်တော်တို့ ရိက္ခာတွေ၊ ဆေးဝါးပစ္စည်းပစ္စယတွေနဲ့ တခြားအကူအညီအထောက်အပံ့တွေကိုလည်း ပံ့ပိုးပေး သွားမှာပါ။” လို့ ဝေါလေ့စ်က ပြောပါတယ်။

 

လွှတ်တော်က ခွင့်ပြုချက်ရခဲ့ရင် Starstreak လေယာဉ်ပစ်ဒုံးကျည်တွေကို ဗြိတိန်နိုင်ငံက ယူကရိန်းနိုင်ငံကို ပေး ပို့သွားမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုအချိန်အထိ ယူကရိန်းနိုင်ငံကို NLAW (Next generation Light Anti-tank Weapon) တင့်ဖျက်ဒုံးကျည် ၃,၆၁၅ စင်း ပို့ဆောင်ပေးထားပါတယ်။

 

Starstreak လေယာဉ်ပစ်ဒုံးကျည်ဟာ အသံထက်သုံးဆမြန်တဲ့အရှိန်နဲ့ ပျံသန်းနိုင်ပြီး အမြင့်ပေ ၇ ကီလိုမီတာ (၄.၃၅ မိုင်) မှာရှိတဲ့ တိုက်လေယာဉ်ကို ပစ်ခတ်နိုင်ပါတယ်။ ၁၄ ကီလိုဂရမ် (၃၁ ပေါင်) လေးလံတဲ့ ဒီလက်နက် ကို ပခုံးထမ်းပြီးတော့ဖြစ်စေ၊ မြေပြင်၊ ရေပြင်နဲ့ ဝေဟင် ပလက်ဖောင်းတွေပေါ်ကဖြစ်စေဟ တပ်ဆင်ပစ်ခတ်နိုင် ကြောင်းသိရပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ဂျာဗီလင်တင့်ဖျက်ဒုံးလက်နက်တွေအပါအဝင် တခြားတင့်ဖျက်လက်နက်တွေကိုလည်း ယူက ရိန်းကို ပေးပို့ခဲ့တယ်လို့ ဝေါလေ့စ်စကားကို ကိုးကားပြီး Sky News သတင်းဌာနကဖော်ပြခဲ့ပါတယ်။

 

Thales ပခုံးထမ်းဒုံးကျည်ဟာ ၂.၅ ကီလိုမီတာ (၁.၅ မိုင်) အထိပစ်ခတ်နိုင်ပြီး Saab NLAW တင့်ဖျက်ဒုံးကျည် ကတော့ မီတာ ၈၀၀ (၂,၆၂၅ ပေ) အထိ ပစ်ခတ်နိုင်ပါတယ်။

 

ဒါပေမဲ့ ဂျာဗီလင်တင့်ဖျက်ဒုံးကျည်ကတော့ Saab NLAW တင့်ဖျက်ဒုံးကျည်ထက် အကွာအဝေး နှစ်ဆနီးပါး ပစ်ခတ်နိုင်တယ်လို့ဆိုပါတယ်။

 

Ref: UK Plans to Send Starstreak Anti-Aircraft Missiles to Ukraine

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

“ကြှနျတောျတို့ ရိက်ခာတှေ၊ ဆေးဝါးပစ်စညျးပစ်စယတှနေဲ့ တခွားအကူအညီအထောကျအပံ့တှကေိုလညျး ပံ့ပိုးပေး သှားမှာပါ။” လို့ ဝေါလေ့ဈက ပွောပါတယျ။

 


 


 


 


 


 

Ref: UK Plans to Send Starstreak Anti-Aircraft Missiles to Ukraine

 

#PeopleMedia


Share this post