• Follow Us on

Home ယူကရိန်းနိုင်ငံအပေါ် တဖြည်းဖြည်း နယ်ခဲျ့နေခြင်းကို ရုရှားသည်းမခံနိုင်တော့ကြောင်း ပူတင်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ထုတ်ဖော်ပြောကြား

ယူကရိန်းနိုင်ငံအပေါ် တဖြည်းဖြည်း နယ်ခဲျ့နေခြင်းကို ရုရှားသည်းမခံနိုင်တော့ကြောင်း ပူတင်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ထုတ်ဖော်ပြောကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

 

နေတိုးအဖွဲ့ဝင်နိုင်ငံများက အရှေ့ဘက်သို့ နယ်ချဲ့နေပြီး ယူကရိန်းနိုင်ငံကို တဖြည်းဖြည်းကျုးကျော်နေသဖြင့် သည်းမခံနိုင်တေ့ာသောကြောင့် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံနယ်စပ်တစ်လျှောက် တပ်အင်အားများစုဖွဲ့ မှုကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၁၆ ရက်နေ့က ပြောကြားလိုက်သည်။

 

လက်ရှိဖြစ်ပွားနေသည့်နယ်စပ်ဒေသ အကျပ်အတည်းပြဿနာမှာ ၁၉၉၀ ပြည့်နှစ်လွန်နှစ်များကတည်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် “Fareed Zakaria GPS” အစီအစဉ်တွင် ရုရှား သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောသည်။ အကြမ်းဖျဉ်း ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀၀၀၀ ခန့် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် စုစည်းထားရှိရာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို မကြာမီကျူး ကျော်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။

 

“ဂျာမနီနိုင်ငံ ပြန်လည်စုစည်းနေတဲ့အချိန်တုန်းက၊ အဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည် ထောင်စုရဲ့ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချော့က အိုကေ လို့ပြောခဲ့တယ်။ အမေရိကန်ဘက်ကလည်း ကတိ ပေးခဲ့တယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အဲဒီလို ကတိပေးခဲ့တယ်ဆိုတာ ဥပဒေအရ တရားဝင်စည်း နှောင်ထားတဲ့ စာချုပ်စာတမ်းမရှိဘူး။ ဒါပေမဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အရှေ့ဘက်ကို ဘယ်တော့မှ နယ်မ ချဲ့ပါဘူးလို့ အာမခံခဲ့တယ်။” ဟု ပက်စ်ကော့ဗ်က ပြောသည်။

 

“ကံဆိုးချင်တော့ အဲဒီအချိန်ကတည်းက ဆန့်ကျင်ဘက်အဖြစ်အပျက်တွေ ဖြစ်လာခဲ့တယ်။ နေတိုးစစ်အင်အား တည်ဆောက်မှုဟာ တဖြည်းဖြည်း ရုရှားဖက်ဒရေးရှင်းနဲ့ နီးသထက်နီးလာတယ်။ လတ်တလောကာလ အမေရိ ကန်ရဲ့ လှုပ်ရှားမှုတွေဟာ ရုရှားလုံခြုံရေးကို ခြိမ်းခြောက်လာတယ်လို့ ရုရှားနိုင်ငံက ခံစားရတယ်။” ဟု ၎င်းက ပြောသည်။

 

နေတိုးအဖွဲ့သည် ငြိမ်းချမ်းရေးချိုးငှက်အစား ထိပ်တိုက်တွေ့ဆုံရေးလက်နက်ကို ရွေးချယ်နေကြောင်း သမ္မတပူ တင်၏ ကာလရှည်ပြောခွင့်ရပုဂ္ဂိုလ်ပက်စ်ကော့ဗ်က စွပ်စွဲပြောဆိုလိုက်သည်။ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင် နိုင်ငံသစ်အဖြစ်လက်မခံရန် နေတိုးအဖွဲ့ကို ရုရှားက တောင်းဆိုထားပြီး ယင်းသို့ လက်ခံလိုက်ခြင်းသည် ရုရှား လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

“ပထမပိုင်းမှာတော့ သူတို့က စကားတွေပဲပြောတာပေါ့။ နောက်ပိုင်းမှာ ကျွန်တော်တို့မြင်လာရတာက နေတိုးအ ဖွဲ့ဟာ ယူကရိန်းနယ်မြေကို တဖြည်းဖြည်းကျူးကျော်လာတယ်။ ယူကရိန်းမှာ အခြေခံအဆာက်အုံတွေဆောက် တယ်။ ထိုးစစ်အတွက်ရော ခံစစ်အတွက်ပါ လက်နက်တွေယူလာပြီး နည်းပြတွေရောက်လာတယ်။ ပြီးတော့ ယူ ကရိန်းစစ်တပ်ကို လေ့ကျင့်သင်ကြားပေးတယ် … စသဖြင့်ပေါ့။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ကို မျဉ်းနီပေါ်ရောက် လာအောင် ဆွဲခေါ်လာတယ်။ ကျွန်တော်တို့ ဆက်ပြီး သည်းမခံနိုင်လောက်အောင် လုပ်ခဲ့တယ်။” ဟု ၎င်းက ပြောသည်။

 

Ref: Russia cannot ‘tolerate’ NATO’s ‘gradual invasion’ of Ukraine, Putin spokesman says

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Russia cannot ‘tolerate’ NATO’s ‘gradual invasion’ of Ukraine, Putin spokesman says

 

#PeopleMedia


Share this post