• Follow Us on

Home ယူကရိန်းနိုင်ငံမှာ အမေရိကန်ဇီဝဓာတ်ခွဲခန်းတွေ တွေ့ရှိတယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပမည်

ယူကရိန်းနိုင်ငံမှာ အမေရိကန်ဇီဝဓာတ်ခွဲခန်းတွေ တွေ့ရှိတယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပမည်

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

ရုရှားအစိုးရက ယူကရိန်းနိုင်ငံမှာ အမေရိကန်ရဲ့ ဇီဝလုပ်ငန်းဆောင်ရွက်မှုတွေ တွေ့ရတယ်လို့ပြောပြီး သက် သေအထောက်အထားမရှိဘဲတင်ပြပြီး အစည်းအဝေးခေါ်ဖို့ တောင်းဆိုလာတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက သောကြာနေ့ (မတ်လ ၁၁ ရက်) မှာ အစည်းအဝေးကျင်းပသွားမှာဖြစ်ပါတယ်။

 

အစည်းအဝေးကို မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပသွားမယ်လို့ မျှော်လင့်ထားပါတယ်။

 

“ယူကရိန်းနိုင်ငံထဲမှာ ဆောင်ရွက်နေတဲ့ အမေရိကန်စစ်ဘက်ဇီဝဗေဒဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေး နွေးဖို့အတွက် မတ်လ ၁၁ ရက်နေ့မှာ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့ ရုရှားကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့တာဖြစ်ပါတယ်။” လို့ ကုသမဂ္ဂဆိုင်ရာ ရုရှားဒုတိယသံအမတ်ကြီး ဒီမီထရီပိုလျံစကီးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

 

အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံထဲမှာ ဇီဝလက်နက်တွေထုတ်လုပ်ဖို့ ဓာတ်ခွဲခန်းတွေဖွင့်လှစ်ဆောင်ရွက် နေတယ်ဆိုတဲ့ ရုရှားရဲ့စွပ်စွဲချက်ဟာ ရယ်စရာကောင်းကြောင်းနဲ့ ရုရှားက ဒီလိုပြောဆိုနေတာတွေဟာ ရုရှား အစိုးရကိုယ်တိုင် ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေ အသုံးပြုဖို့ အကြောင်းရှာနေတာဖြစ်တယ်လို့ ပြောဆိုရင်း ရုရှားနိုင်ငံရဲ့စွပ်စွဲချက်တွေကို အမေရိကန်ပြည်ထောင်စုက မတ်လ ၉ ရက်နေ့က ငြင်းပယ်လိုက်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ဓာတုလက်နက်တွေထုတ်လုပ်ဖို့ ယူကရိန်းနိုင်ငံမှာ ဓာတ်ခွဲခန်းတွေတည်ဆောက် ထားတယ်လို့ ရုရှားနိုင်ငံက လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကတည်းကစွပ်စွဲလာတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၈ ရက် နေ့ကတည်း ထပ်မံစွပ်စွဲလိုက်ပါတယ်။

 

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအတွင်းပိုင်းကို ဆက်လက်ကျူးကျော်တိုက်ခိုက်နေစဉ်အတွင်း အခုလို ရုရှား ဘက်က စွပ်စွဲချက်တွေကလည်း မီဒီယာတွေမှာ ပိုမိုမြင့်တက်လာတာကိုတွေ့ရပါတယ်။

 

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ဗုဒ္ဓဟူးနေ့က အဲဒီလိုစွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။

 

ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံထဲက ကြောက်စရာကောင်းလှတဲ့စစ်ဆင်ရေးတွေ တရားမျှတပါတယ်လို့ပြောဆို ဖို့ကြိုးပမ်းတဲ့အနေနဲ့ အကြောင်းပြချက်အမှားတွေကို ဖန်တီးနေတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

 

တခြားနိုင်ငံအများအပြားမှာလိုပဲ ယူကရိန်းနိုင်ငံမှာလည်း တိရိစ္ဆာန်နဲ့ လူသားတွေကို ဒုက္ခပေးနေတဲ့ အန္တရာယ်ရှိ တဲ့ ရောဂါပိုးမွှားတွေရဲ့ ခြိမ်းခြောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် သုတေသနလုပ်နေတဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွေ ဆောက်လုပ်ထားရှိတာ ရှိပါတယ်။

 

အဲဒီကျန်းမာရေးဓာတ်ခွဲခန်းတွေဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း တို့ထံက အကူအညီများရရှိတယ်လို့ သိရပါတယ်။

 

Ref: UN Security Council to discuss unproven Russian claims of U.S. ‘biological activities’ in Ukraine

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 

ရုရှားနျိုငျငံခွားရေး ဝနျကွီးဌာနပွောခှင့ျရပုဂ်ဂိုလျ မာရီယာဇာခါရိုဗာက ဗုဒ်ဓဟူးနေ့က အဲဒီလိုစှပျစှဲပွောဆိုလိုကျတာဖွဈပါတယျ။

 


 


 


 

Ref: UN Security Council to discuss unproven Russian claims of U.S. ‘biological activities’ in Ukraine

 

#PeopleMedia


Share this post