• Follow Us on

Home ယူကရိန်းနိုင်ငံကို ဆက်လက်ထောက်ပံ့သွားမယ်လို့ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ ကတိပြု

ယူကရိန်းနိုင်ငံကို ဆက်လက်ထောက်ပံ့သွားမယ်လို့ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ ကတိပြု

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ဆက်လက်ထောက်ပ့ံ့သွားမှာဖြစ်ကြောင်း G7 ခေါ် စက်မှုထိပ်သီးခုနစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထပ်လောင်းပြောကြား လိုက်တယ်လို့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

 

ရုရှားနိုင်ငံကိုထောက်ပံ့နေတာတွေရပ်ဆိုင်းပြီး ရုရှားအစိုးရကို စီးပွားရေးပိတ်ဆို့အရေးယူမှုမှာ ပါဝင်ဆောင်ရွက် ကြဖို့ တခြားနိုင်ငံတွေကို G-7 နိုင်ငံတွေက ထိပ်တန်းသံတမန်တွေက ဂျာမနီနိုင်ငံတောင်ပိုင်း မြူးနစ်မြို့မှာကျင်း ပတဲ့ အစည်းအဝေးတစ်ခုမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

 

စစ်ပွဲအတွင်း နျူကလီးယားလက်နက်တွေအသုံးပြုမယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က ခြိမ်းခြောက်လာ တာနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံက အဲဒီလိုတာဝန်မဲ့ပြောဆိုတာကို လက်မခံနိုင်ကြောင်း၊ အဲဒီလိုလုပ်ခဲ့ရင် နောက် ဆက်တွဲဆိုးကျိုးတွေကို ခံစားရမှာဖြစ်ကြောင်း G-7 နိုင်ငံတွေက ဝန်ကြီးတွေက ပြောပါတယ်။

 

ဂျာမနီနိုင်ငံတောင်ပိုင်း မြူးနစ်မြို့မှာကျင်းပတဲ့ နို်င်ငံတကာလုံခြုံရေးညီလာခံရဲ့ ဘေးပန်းအစည်းအဝေးဖြစ်တဲ့ ဒီ အစည်းအဝေးကို ဂျပန်နိုင်ငံကသဘာပတိလုပ်ပြီး လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးတဲ ပထမဦးဆုံးအကြိမ်အစည်း အဝေးအဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂအဖွဲ့တို့ဟာ ယူက ရိန်းနိုင်ငံက အရပ်ဘက်ပစ်မှတ်တွေနဲ့ စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ရုရှားနိုင်ငံက ပစ်ခတ် တိုက်ခိုက်နေတာကို ပြစ်တင်ရှုတ်ချလိုက်ပြီး အဲဒီလုပ်ရပ်တွေအတွက် နိုင်ငံတကာဥပဒေအရ ရုရှားအစိုးရက တာဝန်ခံရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီအစည်းအဝေးကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီရဲ့ ဖိတ်ကြားချက်အရ ယူကရိန်းနိုင်ငံခြား ရေးဝန်ကြီး ဒီမီထရိုကူလီဘာလည်း ဒီအစည်းအဝေးကိုတက်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက G-7 အဖွဲ့ဝင်နိုင်ငံတွေဟာ တခြား နိုင်ငံတွေနဲ့အတူ ရုရှားသမ္မတဗလာဒီမာပူတင်ပိုင်ဆိုင်မှုတွေနဲ့ ရုရှားဗဟိုဘဏ်က ပိုင်ဆိုင်မှုတွေကို ထုတ်ယူသုံး စွဲခွင့်မပြုဘဲ ချိတ်ပိတ်သိမ်းဆည်းထားသလိုမျိုး စီးပွားရေးအရေးယူပိတ်ဆို့မှုပေါင်းစုံကို ချမှတ်ခဲ့ပါတယ်။

 

ဒါ့အပြင် ရုရှားနိုင်ငံနဲ့ ကုန်သွယ်ရေးတွေကို ပိတ်ဆို့ခဲ့ပြီး ခေတ်မီနည်းပညာသုံးကိရိယာတွေကိုလည်း ရုရှားနိုင်ငံ ကို တင်ပို့ခွင့် ပိတ်ပင်ခဲ့ပါတယ်။

 

Ref: G7 foreign ministers vow to support Ukraine ahead of war’s 1st anniv

 

#PeopleMedia

 

(Unicode)


……………………………………………

 


 


 


 


 


 


 


 


 


 

Ref: G7 foreign ministers vow to support Ukraine ahead of war’s 1st anniv

 

#PeopleMedia


Share this post