• Follow Us on

Home ယူကရိန်းနှင့် နေတိုးအဖွဲ့ကို ဆန့်ကျင်၍ ရုရှားကို တရုတ်ထောက်ခံ

ယူကရိန်းနှင့် နေတိုးအဖွဲ့ကို ဆန့်ကျင်၍ ရုရှားကို တရုတ်ထောက်ခံ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇ (People Media)

 

နေတိုးအဖွဲ့သည် ခေတ်မမီအသုံးမဝင်တော့သောအဖွဲ့ကြီးဖြစ်ပြီး ရုရှားအစိုးရ၏ မျှတပြီးလက်ခံနိုင်သော လုံခြုံ ရေးစိုးရိမ်ပူပန်မှုကို အနောက်နိုင်ငံများအနေဖြင့် လေးလေးနက်နက်စဉ်းစားရန် တောင်းဆိုလိုက်ပြီး တရုတ်နိုင်ငံ က ယူကရိန်းအရေးတွင် ရုရှားနိုင်ငံကို အင်တိုက်အားတိုက် ထောက်ခံလိုက်သည်။

 

မဟာမိတ်နိုင်ငံများအနေဖြင့် ၎င်းတို့အဖွဲ့ဝင်နိုင်ငံများကို ဆက်လက်တိုးချဲ့ခြင်းမပြုရန်ဆိုသည့် ရုရှားနိုင်ငံ၏ တောင်းဆိုချက်မှာ “အောင်မြင်ရန်မဖြစ်နိုင်သောကိစ္စ” ဖြစ်ကြောင်း ပြောဆိုခဲ့သည့် အမေရိကန်ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ဝင်ဒီရှားမန်း၏ ပြောစကားနှင့်ပတ်သက်၍ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကျောင်းလီကျန်းကို ဆင်ဟွာသတင်းဌာနကမေး မြန်းခဲ့သည်။

 

ဂျီနီဗာမြို့တွင်ကျင်းပခဲ့သော မအောင်မြင်သည့် နေတိုး-ရုရှား ဆွေးနွေးပွဲများအပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် “နေတိုးအဖွဲ့ရဲ့ တံခါးဖွင့်မူဝါဒကို ပြင်းပြင်းထန်ထန်ဝေဖန်ဖို့ ကျွန်မတို့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာမဟုတ်ပါဘူး။” ဟု ရှားမန်းက ပြောသည်။

 

ဘေဂျင်းမြို့တွင် အနောက်မဟာမိတ်အုပ်စု၏ ချိုးချိုးဖဲ့ဖဲ့ ပြောဆိုမှုကို စစ်အေးတိုက်ပွဲကာလ လက်ကျန်အဖြစ် ကျောင်းလီကျန်းက ပြောသည်။

 

“ကမ္ဘာ့အကြီးဆုံးမဟာမိတ်အဖွဲ့ကြီးအနေနဲ့ နေတိုးအဖွဲ့ဟာ ခေတ်မမီ အသုံးမကျတော့တဲ့ စစ်အေးတိုက်ပွဲကာ လက စိတ်နေသဘောထားတွေနဲ့ အတွေးအခေါ်ဘက်လိုက်မှုတွေကို စွန့်လွှတ်ပြီး အေးချမ်းတည်ငြိမ်မှု မြင့်တင် ရာမှာ အထောက်အကူဖြစ်စေတဲ့အရာတွေကိုသာ ဆောင်ရွက်ပြုမူသင့်ပါတယ်။” ဟု ၎င်းကပြောသည်။

 

“ဂိုဏ်းဂဏအမျိုးအစားအားလုံးကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။” ဟု ကျောင်းလီကျန်း ကပြောသည်။ နှစ်ဖက်တောင်းဆိုနေကြသည့် လက်ခံနိုင်ဖွယ်ရှိသောလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများကို လေး လေးနက်နက်စဉ်းစားရန်၊ မုန်းတီးမှုများ ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားရန်နှင့် အပြန်အလှန်လေးစားမှုကို အခြေခံ၍ တူညီသောအကြံပြုချက်များမှတစ်ဆင့် မတူကွဲပြားမှုများနှင့် အငြင်းပွားမှုများကို နည်းမှန်လမ်းမှန် ကိုင်တွယ်ဆောင်ရွက်ရန် သက်ဆိုင်ရာနိုင်ငံများကို မတောင်းဆိုမီ ကျောင်းလီကျန်းက ယခုလိုပြောဆိုလိုက် ခြင်းဖြစ်သည်။

 

ယူကရိန်းနိုင်ငံအရှေ့ဘက်နယ်စပ်တစ်လျှောက် ရုရှားတပ်ဖွဲ့ဝင်များ အင်အား ၁၀၀၀၀၀ ကျော်နှင့် သံချပ်ကာ ကားများကို စုဖွဲ့နေရာချထားစဉ်အတွင်း တရုတ်နိုင်ငံ၏ ရုရှားဘက်မှရပ်တည်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။ ရုရှားအစိုးရက ၎င်းတို့အနေဖြင့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိ ကြောင်းပြောဆိုသလို ရုရှားနိုင်ငံ၏ တပ်အင်အားစုဖွဲ့မှုမှာ ယူကရိန်းတစ်နိုင်ငံလုံးကို ကျုူးကျော်တိုက်ခိုက်ရန်အ တွက် အင်အားပြည့်စုဖွဲ့ထားခြင်းမဟုတ်ကြောင်း ယူကရိန်းအစိုးရက ပြောသည်။

 

Ref: China Backs Russia Against Ukraine, NATO

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: China Backs Russia Against Ukraine, NATO

 

#PeopleMedia


Share this post