• Follow Us on

Home ယူကရိန်း လေတပ်စခန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို ရုရှားက တိုက်ခိုက်ဖျက်ဆီး၊ ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သည် ရာနဲ့ချီ ကျဆုံးသည်ဟုဆို

ယူကရိန်း လေတပ်စခန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေကို ရုရှားက တိုက်ခိုက်ဖျက်ဆီး၊ ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သည် ရာနဲ့ချီ ကျဆုံးသည်ဟုဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (Peope Media)

 

ယူကရိန်း လေတပ်အခြေစိုက်စခန်းတွေ၊ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးပစ် လိုက်ပြီလို့ ရုရှားဘက်ကပြောသလို ရုရှားလေယာဉ်ငါးစင်းနှင့် ရဟတ်ယာဉ်တစ်စင်းကို ပစ်ချလိုက်ကြောင်းကို လည်း ယူကရိန်းဘက်ကပြောဆိုကြောင်း စက်ရပ်သတင်းများအရသိရပါတယ်။

 

ရုရှားဘက်ကတိုက်ခိုက်မှုကြောင့် ယူကရိန်းတပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ကျဆုံးမှုရှိကြောင်း ယူကရိန်းအရာရှိ တစ် ယောက်က ပြောကြောင်း WSJ သတင်းဌာနက ပြောပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းစစ်ဘက်ဆိုင်ရာအဆောက်အဦတွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ လေတပ်  စခန်းတွေကိုပဲ တိကျတဲ့လက်နက်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းမြို့ကြီးတွေကို ပစ်မှတ်  ထားတိုက်ခိုက်ခြင်းမရှိကြောင်း အစောပိုင်းကာလက ရုရှားနိုင်ငံက ပြောပါတယ်။

 

ရုရှားအစိုးရဟာ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကိုရော မြို့ကြီးအတော်များများကိုရော ဒုံးကျည်တွေနဲ့ ပစ် မှတ်ထားတိုက်ခိုက်နေတာမို့ ယူကရိန်းနိုင်ငံတစ်ခုလုံးကို အင်အားအပြည့်တိုက်ခိုက်နေတာဖြစ်ကြောင်း ယူက ရိန်းအစိုးရက ပြောပါတယ်။

 

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာအဆောက်အဦတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို တိုက်ခိုက် နေပြီဖြစ်ပေမဲ့လည်း ယူကရိန်းနိုင်ငံသားများအနေနဲ့ အထိတ်တလန့်ကြောက်ရွံံဖို့မလိုဘဲ အောင်ပွဲရအောင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီက ဖေဖော်ဝါရီလ ၂၄ ရက် (ကြာသာ ပတေးနေ့) က ပြောကြားလိုက်ပါတယ်။

 

“စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်သုံးလေယာဉ်ကွင်း တွေနဲ့ လေတပ်အခြေစိုက်စခန်းတွေကို တိကျတဲ့ပစ်မှတ်ရှာ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့ပါ တယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးကပြောကြောင်း ရုရှားသတင်းဌာနတွေကဖော်ပြကြပါတယ်။

 

Ref: Russia Destroys Ukraine Airbases, Air Defences; Hundreds Of Ukrainian Service Members Killed

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: Russia Destroys Ukraine Airbases, Air Defences; Hundreds Of Ukrainian Service Members Killed

 

#PeopleMedia


Share this post