• Follow Us on

Home ယူရေနီယံဈေးနှုန်း ရုတ်တရက်မြင့်တက်မှုကြောင့် ကာဇက်စတန်တွင် ဆူပူအုံကြွမှုဖြစ်

ယူရေနီယံဈေးနှုန်း ရုတ်တရက်မြင့်တက်မှုကြောင့် ကာဇက်စတန်တွင် ဆူပူအုံကြွမှုဖြစ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၇ (People Media)

 

ကမ္ဘာပေါ်တွင် ရေဒီယိုသတ္တိကြွသတ္တုအများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည့် ကာဇက်စတန်နိုင်ငံတွင် ယူရေနီ ယံဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာအတွင်း နိုင်ငံ၏ခေါင်းဆောင်မှုကို စိန်ခေါ်နေသည့် ပြင်းထန်သည့် ဆန္ဒပြပွဲများကို ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် ကာဇက်စတန်အစိုးရက ကြိုးပမ်းရုန်းကန်နေရသည်။

 

ယခင်က ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့သော ဗဟိုအာရှနိုင်ငံ ကာဇက်စတန်သည် ကမ္ဘာ့ယူရေနီ ယံ ၄၀% ကိုထုတ်လုပ်သောနိုင်ငံဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံတွင်းဆက်သွယ်ရေးကွန်ရက်များပြတ်တောက် ကာ ဆူပူအုံကြွမှုကို နှိမ်နှင်းရန်အတွက် ခရီးစဉ်အချို့ကို ကန့်သတ်တားဆီးထားသည်။

 

ကာဇက်စတန်သမ္မတကက်ဆန်ဂျိုးမတ်တိုကာယက်ဗ်၏ အကူအညီတောင်းမှုကြောင့် ပူးတွဲလုံခြုံရေးအဖွဲ့ဝင်စာ ချုပ်နိုင်ငံများ (ရုရှား၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကျားဂစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်သောလုံခြုံရေးပူးပေါင်းဆောင်ရွက်သည့်နိုင်ငံများ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံကစေလွှတ်သွား မည်ဖြစ်ကြောင်း ရုရှားအစိုးရကပြောသည်။

 

ယူရေနီယံဈေးနှုန်းမှာ ဇန်နဝါရီလ ၄ ရက်နေ့တွင် တစ်ပေါင်လျှင် ၄၂ ဒေါ်လာရှိရမှာ ဇန်နဝါရီလ ၅ ရက်နေ့တွင် ၄၅.၂၅ ဒေါ်လာအထိ မြင့်တက်ခဲ့ရာ ဈေးနှုန်း ၈% မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဝရုန်းသုန်းကားအခြေအနေများမှာ ကာဇက်စတန်နိုင်ငံပြင်ပရှိ ယူရေနီယံထုတ်လုပ်သည့်ကုမ္ပဏီများကို မှီခိုအားထားနေရသည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရပြီး မြောက်အမေရိကနှင့် သြစတေးလျရှိ ယူရေနီယံကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ရုတ်တရက်ထိုးတက်သွားခဲ့သည်။

 

“ကာဇက်စတန်နိုင်ငံဟာ ကမ္ဘာ့နံပတ်တစ် ယူရေနီယမ်ထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့အချက်ကိုထောက်ရှု လိုက်ရင် ဆော်ဒီမှာ ရေနံပြဿနာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ သွားတူနေတာပေါ့။ လောလောဆယ် ယူရေနီယံ ပြတ် လပ်မှုမရှိသေးဘူးဆိုရင်တောင်မှ လက်ရှိအချိန်မှာ လူတွေအမြတ်ထုတ်နေတာဟာ အနာဂတ်မှာ ယူရေနီယံ ပြတ်လပ်သွားနိုင်တဲ့ အလားအလာရှိတာပေါ့ဗျာ။” ဟု နိုင်ငံတကာနျူကလီးယားလောင်စာကုမ္ပဏီ UxC LLC ၏ ဥက္ကဋ္ဌ ဂျွန်နသန်ဟင်ဇေးက ပြောသည်။

 

၂၀၀၈ ခုနှစ်နှောင်းပိုင်းကတည်းက အကောင်းဆုံးစွမ်းဆောင်နိုင်သည့်လအဖြစ် စက်တင်ဘာလတွင် နျူကလီး ယားလောင်စာဈေးနှုန်းများမှာ ၂၄% အထိ အံ့သြဖွယ်ရာထိုးတက်လာခဲ့သည်။

 

နျူကလီးယားလောင်စာဈေးနှုန်းများမြင့်တက်မှုကြောင့် ကာဇက်စတန်နိုင်ငံတွင်း ဆူပူအုံကြွမှုများဖြစ်ပွားနေ သော်လည်း ယူရေနီယံလောင်စာပြတ်တောက်မည့် သို့မဟုတ် နျူကလီးယားစက်ရုံများ ပိတ်ပစ်မည့်အခြေအ နေများမတွေ့ရပေ။

 

Ref: Uranium prices surge on Kazakhstan unrest

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 

Ref: Uranium prices surge on Kazakhstan unrest

 

#PeopleMedia


Share this post