• Follow Us on

Home ယနေ့မနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှကိုဗီရှီးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ မြန်မာ၊ ဆေရှဲနှင့် မော်ရေးရှပ်နိုင်ငံ တို့ထံ ပို့ဆောင်

ယနေ့မနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှကိုဗီရှီးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ မြန်မာ၊ ဆေရှဲနှင့် မော်ရေးရှပ်နိုင်ငံ တို့ထံ ပို့ဆောင်

Share this post

မွမ်ဘိုင်း၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

မြန်မာ၊ ဆေရှဲနှင့် မော်ရေးရှပ်နိုင်ငံတို့ထံပို့ဆောင်မည့် အိန္ဒိယနိုင်ငံရှိ ဆီရမ်အင်စတီကျူ့ကထုတ်လုပ်သော ကိုဗီရှီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ သောကြာနေ့မနက်အစောပိုင်းတွင် မွမ်ဘိုင်းမြို့ရှိ ချက်ထရာပါတီရှီ ဗာဂျီမဟာရာ့ဂျ် နိုင်ငံတကာလေဆိပ်သို့ရောက်ရှိလာသည်။

မွမ်ဘိုင်းစံတော်ချိန်မနက် ၆ နာရီ ၄၀ မိနစ်တွင် မြန်မာနိုင်ငံသို့ပျံသန်းမည့်လေယာဉ်ထွက်ခွာမည်ဖြစ်ပြီး ၁၁ နာရီတွင် မော်ရေးရှပ်နှင့်ဆေရှဲနိုင်ငံတို့သို့ ထွက်ခွာမည်ဖြစ်သည်။

ယနေ့တွင် ရန်ကုန်မြို့သို့ ကိုဗီရှီးကာကွယ်ဆေး ၁၅ သိန်းရောက်ရှိမည်ဖြစ်သည်။

ဆေရှဲနိုင်ငံအတွက် ၅၀၀၀၀ ရောက်ရှိမည်ဖြစ်ကာ ထိုဆေးများသည် အိန္ဒိယနိုင်ငံ၏ကာကွယ်ဆေးလှူဒါန်းမှု အစီအစဉ်အရရောက်ရှိခြင်းဖြစ်သည်။

မော်ရေးရှပ်နိုင်ငံသို့ ကာကွယ်ဆေး ၁ သိန်းရောက်ရှိမည်ဖြစ်သည်။

ဘူတန်၊ မော်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာနှင့် ဆေရှဲနိုင်ငံတို့ကို အိမ်နီးချင်းပထမမူဝါဒနှင့်အညီ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဦးစားပေးပို့ဆောင်သွားမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ တွင်ကြေညာသည်။

Ref : India to dispatch COVID-19 vaccine ‘Covishield’ to Myanmar, Seychelles, Mauritius

#PeopleMedia

(unicode)
…………………………………………………..








Ref : India to dispatch COVID-19 vaccine ‘Covishield’ to Myanmar, Seychelles, Mauritius

#PeopleMedia


Share this post