• Follow Us on

Home ယနေ့ဖြစ်ပေါ်နေသည့်အခြေအနေများကို ကျော်လွှားနိုင်ရန် အစိုးရတစ်ခုတည်းဆောင်ရွက်ခြင်းထက် ပြည်သူ များပါဝင်ပါက ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးပြောကြား

ယနေ့ဖြစ်ပေါ်နေသည့်အခြေအနေများကို ကျော်လွှားနိုင်ရန် အစိုးရတစ်ခုတည်းဆောင်ရွက်ခြင်းထက် ပြည်သူ များပါဝင်ပါက ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ မတ် ၇

 

ယနေ့ဖြစ်ပေါ်နေသည့် အခြေအနေများကို ကျော်လွှားနိုင်ရန် အစိုးရတစ်ခုတည်း ဆောင်ရွက်ခြင်းထက် ပြည်သူ များပါဝင်ပါက ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရုပ်ရှင်စည်းအရုံး ယာယီ အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မကြာခင်ကာလမှာ ရုပ်ရှင်အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ စီစဉ်နေပြီတဲ့အတွက် မင်္ဂလာရှိတဲ့ အချိန်ဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေဖြစ်ရပ်တွေကို ကျော်လွှားနိုင်ဖို့ အစိုးရတစ်ခု တည်း ဆောင်ရွက်ခြင်းထက် ပြည်သူတွေ ပါဝင်ရင် ပိုမိုအောင်မြင်မှာဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေနဲ့ အခြေအနေတွေကို ပြည်သူတွေ မှန်ကန်စွာ သုံးသပ်နိုင်ဖို့ လိုအပ်တယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်သည့် အရာမှာ အနုပညာပင်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရက အနုပညာဗဟိုဌာန (Art Centre) ကြီးများကို တည်ဆောက်ပြီးစီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုပြင် စာပေနှင့်ပတ်သက်၍ စာဆိုဗိမာန်ကိုလည်း တည်ဆောက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အနုပညာနှင့် ပတ် သက်၍ လည်းကောင်း၊ အနုပညာရှင်များနှင့်ပတ်သက်၍လည်းကောင်း အလေးထားသည်ကို အကြိမ်ကြိမ်ပြော ဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် ရပ်နားထားသည့် အနုပညာလုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရေးအတွက် လက်တွေ့ကျကျ လုပ်ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ပြန် ကြားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 

#PeopleMedia


Share this post