• Follow Us on

Home ယနေ့ စတင်ဖွင့်လှစ်မည့် အခြေခံကျောင်းများ၌ ကျောင်းသား/သူများ တက်ရောက်ခြင်း မပြုရန် ဗကသများ အဖွဲ့ချုပ်လှုံ့ဆော်၊ ဗကသများအဖွဲ့ချုပ်သည် ကျောင်းသား/သူများ ကျောင်းတက်ရေး/မတက်ရေးနှင့် ပတ် သက်၍ ဆုံးဖြတ်ပေးနိုင်သော အဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း ကျောင်းသားမိဘများ တုန့်ပြန်

ယနေ့ စတင်ဖွင့်လှစ်မည့် အခြေခံကျောင်းများ၌ ကျောင်းသား/သူများ တက်ရောက်ခြင်း မပြုရန် ဗကသများ အဖွဲ့ချုပ်လှုံ့ဆော်၊ ဗကသများအဖွဲ့ချုပ်သည် ကျောင်းသား/သူများ ကျောင်းတက်ရေး/မတက်ရေးနှင့် ပတ် သက်၍ ဆုံးဖြတ်ပေးနိုင်သော အဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း ကျောင်းသားမိဘများ တုန့်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁ (People Media)

 

ယနေ့မှ စတင်ဖွင့်လှစ်မည့် အခြေခံကျောင်းများ၌ ကျောင်းသား/သူများ ကျောင်းတက်ရောက်ခြင်း မပြုရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က လှုံ့ဆော်မှု ပြုလုပ်လျှက်ရှိသည်။

 

ထိုကဲ့သို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ လှုံ့ဆော်ချက်အပေါ် ကျောင်းသားမိဘ တစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ”ကိုယ်အနာဂတ် ကိုယ်တိုင်ဆုံးဖြတ်ရတာ။ ဒီအပေါ်မှာ ဗကသများအဖွဲ့ ချုပ်အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်သူကမှ ပေးမထားပါဘူး” လို့ ပြောပါတယ်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး ပြည်နယ်များရှိ ဗကသများအဖွဲ့ချုပ်သည် ဖက်ဆစ်အစိုးရ၏ အလိုတော်ကျ ဖွင့်လှစ်ထားသောကျောင်းများတွင် တက်ရောက်မှုမပြုခြင်းဖြင့် အကြမ်းဖက်အစိုးရကို သပိတ်မှောက်ဆန့် ကျင်ရန်၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးများအား ဘဝအာမခံချက်မရှိသော ဖက်ဆစ် စစ်ကျွန်ပညာရေးအောက်တွင် ကျောင်းမတက်ရောက်စေခြင်းဖြင့် တော်လှန်ရန် နှိုးဆော်မှု ပြုထားပါတယ်။

 

အဆိုပါထုတ်ပြန်ချက်အပေါ် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းရာ “ကျောင်းတက်လို့ စစ်ကျွန်ဘဝရောက်မယ်ဆိုတာ သူတို့ကိုယ်တိုင်ကောက်ချက်ချပြီးရေးနေကြတာ။ အခု ဟိုလိုထုတ်ပြန် ဒီလို ထုတ်ပြန်လုပ်နေတဲ့သူတွေကလည်း ဒီပညာရေးနဲ့ လူဖြစ်လာကြသူတွေပါ။ ပညာရေးဆိုတာ အပြီးတိုင် ဘာမှ မရဘူး။ စဉ်ဆက်မပျက် လေ့လာနေရတာ” လို့ ပြောပါတယ်။

 

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသလို အဝေးသင်ကျောင်းများကိုလည်း နိုဝင်ဘာ (၁) ရက်နေ့မှ နိုဝင်ဘာ (၉) ရက်နေ့အထိ ကျောင်း အပ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

Photo – မကွေးတိုင်းအစိုးရ

 

#PeopleMedia #ပညာရေး

 

(unicode)


…………………………………………………………

 


 


 


 


 


 



 



Share this post