• Follow Us on

Home ယနေ့ နံနက်ပိုင်းက သန်လျင်နှင့် တိုက်ကြီးမြို့နယ်တို့၌ စစ်မှုထမ်းဟောင်းအပါအဝင် အမျိုးသားနှစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရ

ယနေ့ နံနက်ပိုင်းက သန်လျင်နှင့် တိုက်ကြီးမြို့နယ်တို့၌ စစ်မှုထမ်းဟောင်းအပါအဝင် အမျိုးသားနှစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၉ (People Media)

 

ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် စစ်မှုထမ်းဟောင်းတစ်ဦးအပါအဝင် အမျိုးသား (၂) ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်လာလ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် သန်လျင်မြို့၊ နေထိုင်သူ ခင်မောင်ဇော် (၅၂) နှစ်သည် နေအိမ်မှ မြို့မတောင်ရပ်ကွက်သို့ သန့်ရှင်းရေးအလုပ်လုပ်ကိုင်ရန်အတွက် ထွက်လာစဉ် ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ (၁)၊ ပါရမီလမ်းပေါ်အရောက်တွင် အမည်မသိ အမျိုးသား (၂) ဦးမှ ဆိုက်ကယ် (၁) စီးဖြင့် ရောက်ရှိလာပြီး ဦးခင်မောင်ဇော်၏ ရှေ့၌ ပိတ်ရပ်ကာ ၎င်းတို့ (၂) ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခင်မောင်ဇော်၏ လည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာ(၂)ချက်၊ (ဝဲ/ယာ)ပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ(၂) ချက်၊ ယာဘက်နားထင် ကျည်ထောက်ဝင် ဒဏ်ရာ(၁)ချက်အပါအဝင် စုစုပေါင်း ဒဏ်ရာ(၈)ချက် ရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့ပါတယ်။

 

အခင်းဖြစ်ရာ ပတ်ဝန်းကျင်တွင် ပစ်ခတ်ခဲ့သည့် ကျည်ခွံ (၁၂)ခုအား တွေ့ရှိရပြီး၊ ၎င်း ကျည်ခွံမှာ 9MM အမျိုးအစား ထိုင်းနိုင်ငံထုတ် ကျည်ခွံ (၄)ခု၊ LUGER အမျိုးအစား USA နိုင်ငံထုတ် ကျည်ခွံ (၈) ခု တွေ့ရှိခဲ့ ပါတယ်။

 

ဆက်လက်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တိုက်မြို့နယ်၊ ဖာလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင်းကျေးရွာနေ ဦးအောင်ကြည်ငြိမ်း(စစ်မှုထမ်းဟောင်း)သည် ကွမ်းသီးမြောင်ကျေးရွာ တောင်ဖက် (၂)မိုင်ခန့်အကွာ ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ လမ်းဘေးဈေးဆိုင်တွင် အမည်မသိ သေနတ်သမား (၂) ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သွားရာ နေရာတွင် သေဆုံးသွားခဲ့ပါတယ်။

 

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီး

(unicode)


……………………………………………………

 


 


 


 


 


 



Share this post