• Follow Us on

Home ယနေ့ နံနက်ပိုင်းက ဝက်လက်မြို့နယ်ရှိ PDF စခန်းတစ်ခု ဝင်ရောက်စီနင်းခံရ

ယနေ့ နံနက်ပိုင်းက ဝက်လက်မြို့နယ်ရှိ PDF စခန်းတစ်ခု ဝင်ရောက်စီနင်းခံရ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၁၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ထုံဘိုကုန်းကျေးရွာ၊ ဘိုးနတ်တောင်ပေါ်ရှိ ဝက်လက်မြို့ PDF စခန်းတစ်ခုကို လုံခြုံရေးအဖွဲ့များက ယနေ့နံနက်ပိုင်း၌ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အချို့ထံက သိရပါတယ်။

 

“ဒီမနက် ဝက်လက် PDF စခန်းကို ဝင်တိုက်သွားတာ။ သေကြေမှုတော့ အတိအကျမသိဘူး။ စခန်းကိုတော့ မီးရှို့သွားတယ်ကြားတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝက်လက်မြို့နယ်၊ ကူကြီးကျေးရွာရှိ PDF စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရ ပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

 

“ကူကြီး PDF အဖွဲ့ဝင် အချို့ အဖမ်းခံရတော့ ကွင်းဆက်အနေနဲ့ လိုက်ရှင်းနေတာ ဖြစ်နိုင်တယ်လို့” ဒေသခံ တစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များ လှုပ်ရှားသည် နယ်မြေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာ နချုပ်အလိုက် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိနေပါတယ်။

 

#PeopleMedia #ဝက်လက်မြို့PDF

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post