• Follow Us on

Home ရက္ ၁၀၀ ၾကာ ႏွာေခါင္းစည္းမ်ားတပ္ဆင္ေရး ဘိုင္ဒန္ၫႊန္ၾကားမည္

ရက္ ၁၀၀ ၾကာ ႏွာေခါင္းစည္းမ်ားတပ္ဆင္ေရး ဘိုင္ဒန္ၫႊန္ၾကားမည္

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၄ (People Media)

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေလွ်ာ့ခ်ႏိုင္ရန္ သမၼတအျဖစ္ပထမဆံုးရက္ ၁၀၀ အတြင္း အေမရိကန္ႏိုင္ငံသားမ်ား ႏွာေခါင္းစည္းတပ္ေရးၫႊန္ၾကားမည္ဟု အေမရိကန္ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ကေျပာသည္။

အေမရိကန္ႏိုင္ငံသားတိုင္း မ်က္ႏွာတြင္အကာအကြယ္႐ွိပါက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား သိသိသာသာ ေလ်ာ့က်သြားမည္ဟုယံုၾကည္ေၾကာင္း စီအန္အန္သတင္းဌာနကိုေျပာသည္။

အေမရိကန္အစိုးရအေဆာက္အအံုတိုင္းတြင္ ႏွာေခါင္းစည္းမ်ားတပ္ဆင္ေရးလည္း အမိန္႔ထုတ္မည္ဟုေျပာ သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၁၄ သန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၂၇၅၀၀၀ ေက်ာ္႐ွိ သည္။

အေမရိကန္သမၼတတြင္ ႏိုင္ငံသားမ်ားကို ႏွာေခါင္းစည္း၀တ္ဆင္ရန္အမိန္႔ထုတ္ႏိုင္သည့္ အခြင့္အာဏာမ႐ွိ ေၾကာင္း ဖြဲ႕စည္းပံုအေျခခံဥပေဒကၽြမ္းက်င္သူမ်ားကေျပာေသာ္လည္း သူႏွင့္ ဒုတိယသမၼတ ကမ္မလာ ဟားရစ္တို႔က ဥပမာအေနျဖင့္ မ်က္ႏွာအကာအကြယ္မ်ားတပ္ဆင္သြားမည္ဟု ေတြ႕ဆံုေမးျမန္းမႈတြင္ မစၥတာ ဘိုင္ဒန္ကေျပာသည္။

Ref : Biden to ask Americans to wear masks for 100 days

#PeopleMedia

(unicode)
ရက် ၁၀၀ ကြာ နှာခေါင်းစည်းများတပ်ဆင်ရေး ဘိုင်ဒန်ညွှန်ကြားမည်
…………………………………………..

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ (People Media)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလျှော့ချနိုင်ရန် သမ္မတအဖြစ်ပထမဆုံးရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများ နှာခေါင်းစည်းတပ်ရေးညွှန်ကြားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကပြောသည်။

အမေရိကန်နိုင်ငံသားတိုင်း မျက်နှာတွင်အကာအကွယ်ရှိပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ သိသိသာသာ လျော့ကျသွားမည်ဟုယုံကြည်ကြောင်း စီအန်အန်သတင်းဌာနကိုပြောသည်။

အမေရိကန်အစိုးရအဆောက်အအုံတိုင်းတွင် နှာခေါင်းစည်းများတပ်ဆင်ရေးလည်း အမိန့်ထုတ်မည်ဟုပြော သည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၄ သန်းကျော်ရှိပြီး သေဆုံးသူ ၂၇၅၀၀၀ ကျော်ရှိ သည်။

အမေရိကန်သမ္မတတွင် နိုင်ငံသားများကို နှာခေါင်းစည်းဝတ်ဆင်ရန်အမိန့်ထုတ်နိုင်သည့် အခွင့်အာဏာမရှိ ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကျွမ်းကျင်သူများကပြောသော်လည်း သူနှင့် ဒုတိယသမ္မတ ကမ်မလာ ဟားရစ်တို့က ဥပမာအနေဖြင့် မျက်နှာအကာအကွယ်များတပ်ဆင်သွားမည်ဟု တွေ့ဆုံမေးမြန်းမှုတွင် မစ္စတာ ဘိုင်ဒန်ကပြောသည်။

Ref : Biden to ask Americans to wear masks for 100 days

#PeopleMedia


Share this post