• Follow Us on

Home ရက် ၈၀ အတွင်း စီးပွားရေးမြှင့်တင်ရန် ကင်ဂျုံအန်ဆုံးဖြတ်


Share this post

ဆိုးလ်၊ အောက်တိုဘာ ၆







#Peoplemedia

(Unicode)
ရက် ၈၀ အတွင်း စီးပွားရေးမြှင့်တင်ရန် ကင်ဂျုံအန်ဆုံးဖြတ်
……………………………………

ဆိုးလ်၊ အောက်တိုဘာ ၆

ဇန်နဝါရီတွင်ပြုလုပ်မည့် ပါတီညီလာခံတစ်ခုမတိုင်မီ နိုင်ငံတဝန်းစီးပွားရေးမြင့်တင်ရန်လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က အမိန့်ထုတ်သည်ဟု အင်္ဂါနေ့တွင် နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ကဖော်ပြသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် မကြာသေးမီကရေကြီးမှုများကြောင့် စီးပွားရေးကျဆင်းခဲ့ပြီးနောက် ထို ဆုံးဖြတ်ချက်ကို အာဏာရအလုပ်သမားပါတီအစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။

အလုပ်ချိန်ပိုတိုးခြင်းနှင့်တာဝန်တိုးခြင်းကဲ့သို့သော အဓိကတွန်းအားများကို မြောက်ကိုရီးယားတွင် အဓိက အခမ်းအနားများမတိုင်ခင် ပုံမှန်ပြုလုပ်လေ့ရှိသည်။

ပြီးခဲ့သည့် ၅ နှစ်အတွင်းပထမဆုံးအနေဖြင့် ဇန်နဝါရီတွင်ကျင်းပမည့်မြောက်ကိုရီးယားပါတီညီလာခံတွင် စီးပွားရေးအစီအစဉ်သစ်များချမှတ်ရန်ရှိနေသည်။

မြောက်ကိုရီးယားနိုင်ငံ၏ယခင်စီးပွားရေးအစီအစဉ်ကို ယခုနှစ်အစောပိုင်းတွင်ဖျက်သိမ်းခဲ့သည်။

Ref : North Korea’s Kim orders 80-day ‘battle’ to boost economy

#Peoplemedia


Share this post