• Follow Us on

Home ရခိုင့်အင်အားကြီးပါတီဖြစ်သည့် ANP ပါတီ၏ ပါတီမူဝါဒနှင့် လုပ်ဆောင်ချက်များကို လက်မခံနိုင်၍ ANP ပါတီမှ ခေါင်းဆောင်ဖြစ်သူ ဦးဖေသန်း ပါတီမှ နုတ်ထွက်၊ ၎င်းအနေဖြင့် ရခိုင့်အမျိုးသားရေးသာ ဆက်လက်ဆောင် ရွက်မည်ဟုဆို

ရခိုင့်အင်အားကြီးပါတီဖြစ်သည့် ANP ပါတီ၏ ပါတီမူဝါဒနှင့် လုပ်ဆောင်ချက်များကို လက်မခံနိုင်၍ ANP ပါတီမှ ခေါင်းဆောင်ဖြစ်သူ ဦးဖေသန်း ပါတီမှ နုတ်ထွက်၊ ၎င်းအနေဖြင့် ရခိုင့်အမျိုးသားရေးသာ ဆက်လက်ဆောင် ရွက်မည်ဟုဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၁ (People Media)

 

တပ်မတော်မှ နိုင်ငံတော်အာဏာအားရယူပြီးနောက် ရခိုင့်အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကို မကြိုက်ခြင်းကြောင့် ANP ပါတီမှ ခေါင်းဆောင်ပိုင်းဖြစ်သူ ဦးဖေသန်း ပါတီမှ နုတ်ထွက်သွားသည်။

 

ဦးဖေသန်းသည် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဖြစ်သလို (ANP) ၏ မူဝါဒရေး ရာဦးဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်သည်။

 

“ကျွန်တော်က ပါတီကတော့ မပြောင်းပါဘူး၊ ကျွန်တော်က အဲ့ဒီပါတီမှာ ဆက်လုပ်လိုတဲ့ဆန္ဒမရှိတော့လို့ နုတ်ထွက်တာ ဖြစ်ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ပြောပါတယ်။

 

ဦးဖေသန်းသည် ၎င်းအနေဖြင့် ပါတီနိုင်ငံရေး ဆက်လက်လုပ်လိုခြင်းမရှိတော့သည့်အတွက် ရခိုင်အမျိုးသား ပါတီ(ANP) မှ နုတ်ထွက်ခြင်းဖြစ်ပြီး ပါတီသစ်ထောင်ရန် စိတ်ကူးမရှိကြောင်း၊ ရခိုင်အမျိုးသားရေးကိုသာ ဆက် လက်လုပ်ဆောင်သွားမယ်လို့ ပြောသည်။

 

“အဲ့ဒီပါတီမှာ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေကြောင့် နုတ်ထွက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ပါတီသစ်မထောင်ပါဘူး၊ ပါတီမပြောင်းပါဘူး” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြော ဆိုသည်။

 

ဦးဖေသန်းသည် ပြီးခဲ့သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခုနှစ် ရွေး ကောက်ပွဲများတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

 

#PeopleMedia #ANP #ဦးဖေသန်း

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post