• Follow Us on

Home ရခိုင္တြင္ နယ္ေျမခံတပ္မွ အရာရွိတစ္ဦးႏွင့္ စစ္သည္တစ္ဦး ေစ်းဝယ္ရန္သြားခိုက္ လူ ၈ ဦးခန္႔က တုတ္ဓါးမ်ားျဖင့္ ဝိုင္းဝန္း ထိုးႏွက္႐ိုက္ႏွက္ကာ စစ္သည္အား ဖမ္းဆီးေခၚေဆာင္သြား

ရခိုင္တြင္ နယ္ေျမခံတပ္မွ အရာရွိတစ္ဦးႏွင့္ စစ္သည္တစ္ဦး ေစ်းဝယ္ရန္သြားခိုက္ လူ ၈ ဦးခန္႔က တုတ္ဓါးမ်ားျဖင့္ ဝိုင္းဝန္း ထိုးႏွက္႐ိုက္ႏွက္ကာ စစ္သည္အား ဖမ္းဆီးေခၚေဆာင္သြား

Share this post

ေနျပည္ေတာ္၊ ဇြန္ – ၁၁

ရခိုင္ျပည္နယ္ပုဏၰားကြၽန္းၿမိဳ႕၊ နယ္ေျမခံတပ္မွ အရာရွိတစ္ဦးႏွင့္စစ္သည္တစ္ဦးတို႔သည္ ယေန႔နံနက္ ၇ နာရီခြဲခန္႔တြင္ ေစ်းဝယ္ရန္ ၿမိဳ႕သစ္ေစ်းသို႔ အရပ္ဝတ္ျဖင့္ ဆိုင္ကယ္စီးနင္း၍ သြားေရာက္ခဲ့ရာ ၿမိဳ႕သစ္ေစ်းအနီးေအးေစတီလမ္းဆံုတြင္ အမ်ိဳးသား ၈ဦး ခန္႔က တုတ္ဓါးမ်ားျဖင့္ ဝိုင္း႐ိုက္ကာ စစ္သည္ကိုဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္လိုက္သည္။

ဝိုင္း၀န္း႐ိုက္ႏွက္သည့္လူမ်ားအနက္ တစ္ဦးမွ အရာရွိအား ဓားျဖင့္ထိုးရာ အရာရွိမွ ျပန္လည္ခုခံ၍ပါလာသည့္ပစၥတိုေသနတ္ျဖင့္ ထုတ္ခ်ိန္စဥ္ ေနာက္ထပ္လူ ၇ ဦးခန္႔မွ သံတုတ္မ်ားျဖင့္ အရာရွိႏွင့္ စစ္သည္အား ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ၾကျခင္းျဖစ္သည္။

ယင္းေနာက္ပတ္ဝန္းက်င္မွ အရပ္သားမ်ား ဝိုင္းအုံလာသျဖင့္ ခုခံ႐ုန္းကန္ေနေသာအရာရွိထံမွ ပစၥတိုေသနတ္ကိုလုယူၿပီးေနာက္ အ႐ိုက္ခံရသျဖင့္ လဲက်ေမ့ေမ်ာေနေသာ စစ္သည္အား ဖမ္းဆီးေခၚေဆာင္ကာ ဆိုင္ကယ္ ၅ စီးျဖင့္ ထြက္ေျပးသြားခဲ့ၾကေၾကာင္း သိရသည္။

အရာရွိတြင္ ဓားထိုးခံရျခင္း၊ သံတုတ္ျဖင့္႐ိုက္ႏွက္ခံရျခင္းေၾကာင့္ ဒဏ္ရာရရွိခဲ့ၿပီး မစိုးရိမ္ရေၾကာင္းႏွင့္ လိုအပ္ေသာ ေဆးကုသ မႈခံယူေစလ်က္ရွိေၾကာင္း တပ္မေတာ္မွသတင္းထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူမ်ားသည္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၊ ယင္းတို႔ႏွင့္ ဆက္စပ္ပတ္သက္ သူမ်ားျဖစ္ႏိုင္ၿပီး ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္း၌ လုပ္ထုံးလုပ္နည္းႏွင့္အညီ အမႈဖြင့္အေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးေခၚေဆာင္ျခင္းခံရ သည့္ စစ္သည္အား ျပန္လည္ရရွိေရးဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္းသတင္းရရွိသည္။

#PeopleMedia

(unicode)
ရခိုင်တွင် နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး ဈေးဝယ်ရန်သွားခိုက် လူ ၈ ဦးခန့်က တုတ်ဓါးများဖြင့် ဝိုင်းဝန်း ထိုးနှက်ရိုက်နှက်ကာ စစ်သည်အား ဖမ်းဆီးခေါ်ဆောင်သွား
================================

နေပြည်တော်၊ ဇွန် – ၁၁

ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့်စစ်သည်တစ်ဦးတို့သည် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ဈေးဝယ်ရန် မြို့သစ်ဈေးသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်း၍ သွားရောက်ခဲ့ရာ မြို့သစ်ဈေးအနီးအေးစေတီလမ်းဆုံတွင် အမျိုးသား ၈ဦး ခန့်က တုတ်ဓါးများဖြင့် ဝိုင်းရိုက်ကာ စစ်သည်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်လိုက်သည်။

ဝိုင်းဝန်းရိုက်နှက်သည့်လူများအနက် တစ်ဦးမှ အရာရှိအား ဓားဖြင့်ထိုးရာ အရာရှိမှ ပြန်လည်ခုခံ၍ပါလာသည့်ပစ္စတိုသေနတ်ဖြင့် ထုတ်ချိန်စဉ် နောက်ထပ်လူ ၇ ဦးခန့်မှ သံတုတ်များဖြင့် အရာရှိနှင့် စစ်သည်အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက်ပတ်ဝန်းကျင်မှ အရပ်သားများ ဝိုင်းအုံလာသဖြင့် ခုခံရုန်းကန်နေသောအရာရှိထံမှ ပစ္စတိုသေနတ်ကိုလုယူပြီးနောက် အရိုက်ခံရသဖြင့် လဲကျမေ့မျောနေသော စစ်သည်အား ဖမ်းဆီးခေါ်ဆောင်ကာ ဆိုင်ကယ် ၅ စီးဖြင့် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အရာရှိတွင် ဓားထိုးခံရခြင်း၊ သံတုတ်ဖြင့်ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းနှင့် လိုအပ်သော ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် AA အကြမ်းဖက်သောင်းကျန်းသူများ၊ ယင်းတို့နှင့် ဆက်စပ်ပတ်သက် သူများဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ သည့် စစ်သည်အား ပြန်လည်ရရှိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

#PeopleMedia


Share this post