• Follow Us on

Home ရခိုင္မွ စစ္ေဘးေရွာင္ ခ်င္းတိုင္းရင္းသား ၃၆ ဦးအား လ၀ကမွ ဧည့္စာရင္းျဖင့္ ေနထိုင္ခြင့္ျပဳ၊ မည္သို႔ထားရွိရန္ တိုင္းအမတ္မွ တိုင္းအစိုးရအဖြဲ႕ထံ တင္ျပ

ရခိုင္မွ စစ္ေဘးေရွာင္ ခ်င္းတိုင္းရင္းသား ၃၆ ဦးအား လ၀ကမွ ဧည့္စာရင္းျဖင့္ ေနထိုင္ခြင့္ျပဳ၊ မည္သို႔ထားရွိရန္ တိုင္းအမတ္မွ တိုင္းအစိုးရအဖြဲ႕ထံ တင္ျပ

Share this post

ရန္ကုန္၊ မတ္ – ၁၆

ရခိုင္ျပည္နယ္မွ စစ္ေဘးေရွာင္ ခ်င္းတိုင္းရင္းသား ၃၆ ဦးအား လ၀ကမွ ဧည့္စာရင္းျဖင့္ေနထိုင္ခြင့္ျပဳထားၿပီး မည္သို႔ထားရွိရန္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မွ တိုင္းအစိုးရအဖြဲ႕ထံ တင္ျပထားေၾကာင္း တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္၀င္းမွ ေျပာသည္။

ရခိုင္ျပည္နယ္အတြင္း၌ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ အမ္းၿမိဳ႕နယ္၊ ဒါးလက္အုပ္စု၊ ရြာေဟာင္းေက်းရြာ၌ ေနထိုင္သည့္ ခ်င္းတိုင္းရင္းသား ၃၆ ဦးသည္ မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕နယ္၊ သဖန္းေရာင္ေက်းရြာသို႔ မတ္လ ပထမအပတ္၌ ေရႊ႕ေျပာင္းလာျခင္းျဖစ္သည္။

“သူတို႔ကို ဘယ္လိုပံုစံမ်ဳိးနဲ႔ အသိအမွတ္ျပဳထားတာမ်ဳိးေတာ့ မရွိေသးဘူး။ အခုေျပာင္းေရႊ႕လာတဲ့သူအကုန္လံုး ဧည့္စာရင္း ခုနစ္ရက္တစ္ပတ္တိုင္ၿပီး ေနထိုင္ရမယ္ေပါ့။ ၿပီးေတာ့ ကၽြန္ေတာ္တို႔ဘက္ကေနၿပီး တိုင္းအစိုးအရ အဖြဲ႕ကို စာတင္ထားတယ္။ ခ်င္းျပည္နယ္က ဒီလိုေရာက္ရွိလာတဲ့အေၾကာင္းေပါ့ေနာ္။ သူတို႔ထြက္လာတဲ့ရြာက ေန ေထာက္ခံစာ၊ လ၀ကမွ ထြက္စာအဆင့္ဆင့္ယူရဦးမယ္”ဟု မင္းတုန္းၿမိဳ႕၊ အမွတ္(၁) တိုင္းေဒသႀကီး လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးတင္၀င္းမွ ေျပာသည္။

အလားတူ ခ်င္းတိုင္းရင္သားမ်ားအား သဖန္းေရာင္ေက်းရြာ၌ ေနထိုင္အေျခခ်ခြင့္ျပဳရန္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မွ ၿမိဳ႕နယ္ေထြအုပ္၊ ၿမိဳ႕နယ္လ၀ကႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံအဆင့္ဆင့္စာတင္ထားေၾကာင္း သိရ သည္။

#PeopleMedia

(Unicode)
ရခိုင်မှ စစ်ဘေးရှောင် ချင်းတိုင်းရင်းသား ၃၆ ဦးအား လဝကမှ ဧည့်စာရင်းဖြင့် နေထိုင်ခွင့်ပြု၊ မည်သို့ထားရှိရန် တိုင်းအမတ်မှ တိုင်းအစိုးရအဖွဲ့ထံ တင်ပြ
…………………………………………………

ရန်ကုန်၊ မတ် – ၁၆

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ချင်းတိုင်းရင်းသား ၃၆ ဦးအား လဝကမှ ဧည့်စာရင်းဖြင့်နေထိုင်ခွင့်ပြုထားပြီး မည်သို့ထားရှိရန် တိုင်းလွှတ်တော်ကိုယ်စားလှယ်မှ တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ရွာဟောင်းကျေးရွာ၌ နေထိုင်သည့် ချင်းတိုင်းရင်းသား ၃၆ ဦးသည် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ သဖန်းရောင်ကျေးရွာသို့ မတ်လ ပထမအပတ်၌ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။

“သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ အသိအမှတ်ပြုထားတာမျိုးတော့ မရှိသေးဘူး။ အခုပြောင်းရွှေ့လာတဲ့သူအကုန်လုံး ဧည့်စာရင်း ခုနစ်ရက်တစ်ပတ်တိုင်ပြီး နေထိုင်ရမယ်ပေါ့။ ပြီးတော့ ကျွန်တော်တို့ဘက်ကနေပြီး တိုင်းအစိုးအရ အဖွဲ့ကို စာတင်ထားတယ်။ ချင်းပြည်နယ်က ဒီလိုရောက်ရှိလာတဲ့အကြောင်းပေါ့နော်။ သူတို့ထွက်လာတဲ့ရွာက နေ ထောက်ခံစာ၊ လဝကမှ ထွက်စာအဆင့်ဆင့်ယူရဦးမယ်”ဟု မင်းတုန်းမြို့၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ ပြောသည်။

အလားတူ ချင်းတိုင်းရင်သားများအား သဖန်းရောင်ကျေးရွာ၌ နေထိုင်အခြေချခွင့်ပြုရန် ကျေးရွာအုပ်ချုပ်ရေးမှူး မှ မြို့နယ်ထွေအုပ်၊ မြို့နယ်လဝကနှင့် လွှတ်တော်ကိုယ်စားလှယ်များထံအဆင့်ဆင့်စာတင်ထားကြောင်း သိရ သည်။

#PeopleMedia


Share this post