• Follow Us on

Home ရခိုင္သို႔ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈျပန္ေရာက္လာသည့္အရိပ္အေယာ င္မေတြ႕ဟု ARU အစီရင္ခံစာေဖာ္ျပ

ရခိုင္သို႔ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈျပန္ေရာက္လာသည့္အရိပ္အေယာ င္မေတြ႕ဟု ARU အစီရင္ခံစာေဖာ္ျပ

Share this post

ဒါကာ၊ ၾသဂုတ္ ၂၄

မၾကာမီ မည့္သည့္အခ်ိန္မဆို ရခိုင္ျပည္နယ္သို႔ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈျပန္ေရာက္လာႏိုင္သည့္ အရိပ္အေ ယာင္မ႐ွိေၾကာင္း အစီရင္ခံစာတစ္ရပ္အရသိရသည္။

ျမန္မာႏိုင္ငံမွ ရခိုင္ျပည္နယ္ေျမျပင္အေျခအေနမ်ားကို အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအသင္း(အိုအိုင္စီ) ထံ အာရကန္႐ိုဟင္ဂ်ာအဖြဲ႔ခ်ဳပ္(ARU) ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ဝါကာ အူအင္က စေနေန႔တြင္ အစီရင္ခံစာတင္သြင္းသည္။

ျမန္မာတပ္မေတာ္ႏွင့္ အာရကန္တပ္ဖြဲ႔(ေအေအ)တို႔ၾကားလက္နက္ကိုင္ပဋိပကၡမ်ားဆက္လက္ ျမင့္တက္ေနခ်ိန္တြင္ ရခိုင္ျပည္နယ္မွအထိအခိုက္လြယ္သည့္အေျခအေနသို႔ ျမန္မာအစိုးရက ေရြးေကာက္ပြဲအျငင္းအခံုဆိုသည့္ေနာက္ထပ္ပစၥည္းတစ္ခုထပ္မံထည့္သြင္းေနေၾကာင္း အစီရင္ခံစာတြင္ေဖာ္ျပသည္။

အစိုးရက လာမည့္အေထြေထြေ႐ြးေကာက္ပြဲတြင္ ပါ၀င္ခြင့္ပိတ္ထားသျဖင့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ တပ္မေတာ္၏လူထုညီလာခံအပါအ၀င္ ဗဟိုအဆင့္ႏွင့္ျပည့္နယ္အဆင့္လႊတ္ေတာ္မ်ားတြင္ မဲေပးၿပီး တာ၀န္ထမ္းေဆာင္ခဲ့ၾကသည္ဟုဆိုေသာ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အသိုက္အ၀န္းၾကား ေဒါသႏွင့္မေက်မနပ္ျဖစ္မႈမ်ား စုပံုေနသည္။

အ႐ွဳပ္အေထြမ်ားၾကားတြင္ ဘဂၤါလီအသိုက္အ၀န္းအေနႏွင့္ ရခိုင္ျပည္နယ္တြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ျမင့္တက္လာသည့္ကိစၥရပ္အတြက္လည္း လက္ကမ္းႀကိဳေနသည္။

မၾကာေသးမီက စစ္ေတြတြင္ ကူးစက္ခံရမႈမ်ားျမင့္တက္လာခဲ့ၿပီး ေဘးကင္းလံုျခံဳမႈပညာေပးျခင္းႏွင့္ ပစၥည္းေထာက္ပံ့မႈကင္းမဲ့ျခင္းေၾကာင့္ ဘဂၤါလီအသိုက္အ၀န္းအတြက္ ေရာဂါကာကြယ္ေရးအစီအစဥ္မ်ား မ႐ွိသေလာက္နည္းပါးျဖစ္ေနသည္ဟုဆိုသည္။

Ref : ARU report: No sign of peace, stability returning to Arakan

#PeopleMedia

(unicode)
ရခိုင်သို့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုပြန်ရောက်လာသည့်အရိပ်အယော င်မတွေ့ဟု ARU အစီရင်ခံစာဖော်ပြ
…………………………………………………

ဒါကာ၊ ဩဂုတ် ၂၄

မကြာမီ မည့်သည့်အချိန်မဆို ရခိုင်ပြည်နယ်သို့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုပြန်ရောက်လာနိုင်သည့် အရိပ်အ ေယာင်မရှိကြောင်း အစီရင်ခံစာတစ်ရပ်အရသိရသည်။

မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်မြေပြင်အခြေအနေများကို အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း(အိုအိုင်စီ) ထံ အာရကန်ရိုဟင်ဂျာအဖွဲ့ချုပ်(ARU) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါကာ အူအင်က စနေနေ့တွင် အစီရင်ခံစာတင်သွင်းသည်။

မြန်မာတပ်မတော်နှင့် အာရကန်တပ်ဖွဲ့(အေအေ)တို့ကြားလက်နက်ကိုင်ပဋိပက္ခများဆက်လက် မြင့်တက်နေချိန်တွင် ရခိုင်ပြည်နယ်မှအထိအခိုက်လွယ်သည့်အခြေအနေသို့ မြန်မာအစိုးရက ရွေးကောက်ပွဲအငြင်းအခုံဆိုသည့်နောက်ထပ်ပစ္စည်းတစ်ခုထပ်မံထည့်သွင်းနေကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။

အစိုးရက လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပိတ်ထားသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော်၏လူထုညီလာခံအပါအဝင် ဗဟိုအဆင့်နှင့်ပြည့်နယ်အဆင့်လွှတ်တော်များတွင် မဲပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟုဆိုသော ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အသိုက်အဝန်းကြား ဒေါသနှင့်မကျေမနပ်ဖြစ်မှုများ စုပုံနေသည်။

အရှုပ်အထွေများကြားတွင် ဘင်္ဂါလီအသိုက်အဝန်းအနေနှင့် ရခိုင်ပြည်နယ်တွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု မြင့်တက်လာသည့်ကိစ္စရပ်အတွက်လည်း လက်ကမ်းကြိုနေသည်။

မကြာသေးမီက စစ်တွေတွင် ကူးစက်ခံရမှုများမြင့်တက်လာခဲ့ပြီး ဘေးကင်းလုံခြုံမှုပညာပေးခြင်းနှင့် ပစ္စည်းထောက်ပံ့မှုကင်းမဲ့ခြင်းကြောင့် ဘင်္ဂါလီအသိုက်အဝန်းအတွက် ရောဂါကာကွယ်ရေးအစီအစဉ်များ မရှိသလောက်နည်းပါးဖြစ်နေသည်ဟုဆိုသည်။

Ref : ARU report: No sign of peace, stability returning to Arakan

#PeopleMedia


Share this post