• Follow Us on

Home ရခိုင္အပါအဝင္ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ေဒသမ်ား၌ ေရြးေကာက္ပြဲက်င္းပနိုင္ျခင္းရွိမရွိကို မၾကာမီ ေၾကျငာမည္

ရခိုင္အပါအဝင္ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ေဒသမ်ား၌ ေရြးေကာက္ပြဲက်င္းပနိုင္ျခင္းရွိမရွိကို မၾကာမီ ေၾကျငာမည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၀

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲကို တစ္နိုင္ငံလုံး အတိုင္းအတာျဖင့္ က်င္းပမည္ျဖစ္ေသာ္လည္း တိုက္ ပြဲမ်ားျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းေျမာက္ေဒသမ်ား၌ ေရြးေကာက္ပြဲက်င္းပနိုင္ျခင္းရွိမရွိကို မၾကာမီ ေၾကျငာသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ေအာက္တိုဘာ ၁၀ ရက္ေန႔ VOA ႏွင့္ သီးသန္႔အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားလိုက္ပါတယ္။

ရခိုင္ျပည္နယ္ႏွင့္ ရွမ္းေျမာက္ေဒသမ်ား၌ ေရြးေကာက္ပြဲက်င္းပနိုင္ျခင္းရွိမရွိကို ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနမ်ားကို သေဘာထားမွတ္ခ်က္မ်ားကို ေတာင္းခံထားမႈအရ အေၾကာင္းျပန္သည့္ အေပၚမူတည္၍ ထုတ္ျပန္ေၾကျငာသြားမည္ျဖစ္ေၾကာင္းကိုလဲ ဦးလွသိန္းက ေျဖၾကားပါတယ္။

“ကာကြယ္ေရး၀န္ႀကီးဌာနရယ္၊ ျပည္ထဲေရး၀န္ႀကီးဌာနရယ္၊ တည္ၿငိမ္ေအးခ်မ္းစာ က်င္းပနိုင္တဲ့အေျခအေန ရွိမရွိ သေဘာထားေတြ ကၽြန္ေတာ္တို႔ ေတာင္းခံထားပါတယ္။ ေတာင္းခံထားတဲ့ သူတို႔ဆီက သေဘာထားေတြ ရလာၿပီဆိုရင္ အဲဒီသေဘာထားကို အေျခခံၿပီးေတာ့ ေရြးေကာက္ပြဲ က်င္းပနိုင္တဲ့ ၿမိဳ႕နယ္ေတြကို ေၾကညာ ေပးမွာပါ။ အဲဒီအေျခအေနက ကၽြန္ေတာ္တို႔ Concern ၿပီးေတာ့ ၾကည့္ေနတဲ့အေျခအေနျဖစ္ပါတယ္။ မၾကာ ခင္ေတာ့ ကၽြန္ေတာ္တို႔ ေၾကညာနိုင္မယ္လို႔ေမၽွာ္လင့္ပါတယ္” ဦးလွသိန္းက ေျဖၾကားထားပါတယ္။

ေရြးေကာက္ပြဲကို ဒီဇင္ဘာလအထိ ေရြ႕ဆိုင္းက်င္းပရန္ တင္ျပမႈေတြရွိေနေပမယ့္လည္း အျခားနိုင္ငံေတြမွာလဲ ျပဳလုပ္ေနသည့္အတြက္ ျမန္မာနိုင္ငံအေနျဖင့္လဲ ေရြ႕ဆိုင္းရန္မရွိေၾကာင္းကိုလဲ အထက္ပါ အင္တာဗ်ဴးမွာ ေျဖၾကားထားပါတယ္။

“COVID ကာလမွာ က်င္းပသြားတဲ့ ေတာင္ကိုရီးယားတို႔ စကၤာပူတို႔၊ သီရိလကၤာတို႔ ရွိၿပီးသားေတြ သူတို႔လည္း ကိုဗစ္ကာလမွာ လုပ္သြားတာပဲ။ အခုကၽြန္ေတာ္တို႔နဲ႔အတူ အေမရိကန္မွာေတာင္လုပ္မွာပဲ နို၀င္ဘာ ၃ ရက္ေန႔ ။ ဒီေလာက္လူအေသအေပ်ာက္ရွိေနတာ သူတို႔ေရႊ႕လား၊ အေမရိကန္မွာ အေမရိကန္သမၼတ ေရြးေကာက္ပြဲ လုပ္မွာပဲ မဟုတ္လား၊ ႏုိ၀င္ဘာ ၃ ရက္ေန႔မွာ၊ အဲဒီေတာ့ ဒီေလာက္ဆိုးဝါးတဲ့ နိုင္ငံေတာင္လုပ္ေနတာ ကၽြန္ ေတာ္တို႔က သူ႔ေလာက္ အျဖစ္နည္းတဲ့ေနရာက မလုပ္ဘူးဆိုရင္ ဘာအေၾကာင္းျပမလဲေနာ္” ဟု ဦးလွသိန္းက ေျဖၾကားထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ေအေအ လက္နက္ကိုင္အဖြဲ႕ၾကား တိုက္ပြဲမ်ားျဖစ္ပြားေနမႈ ေၾကာင့္ စစ္ေဘးေရွာင္ဦးေရ ၂ သိန္းေက်ာ္အထိရွိလာေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအစည္း႐ုံး (REC) မွ ထုတ္ျပန္ထားပါတယ္။

#PeopleMedia #UEC #2020election

(unicode)
ရခိုင်အပါအဝင် တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသများ၌ ရွေးကောက်ပွဲကျင်းပ နိုင်ခြင်းရှိမရှိကို မကြာမီ ကြေငြာမည်
…………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁၀

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည်ဖြစ်သော်လည်း တိုက် ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိမရှိကို မကြာမီ ကြေငြာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အောက်တိုဘာ ၁၀ ရက်နေ့ VOA နှင့် သီးသန့်အင်တာဗျူးတစ်ခုမှာ ဖြေကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသများ၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိမရှိကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို သဘောထားမှတ်ချက်များကို တောင်းခံထားမှုအရ အကြောင်းပြန်သည့် အပေါ်မူတည်၍ ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်းကိုလဲ ဦးလှသိန်းက ဖြေကြားပါတယ်။

“ကာကွယ်ရေးဝန်ကြီးဌာနရယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ တည်ငြိမ်အေးချမ်းစာ ကျင်းပနိုင်တဲ့အခြေအနေ ရှိမရှိ သဘောထားတွေ ကျွန်တော်တို့ တောင်းခံထားပါတယ်။ တောင်းခံထားတဲ့ သူတို့ဆီက သဘောထားတွေ ရလာပြီဆိုရင် အဲဒီသဘောထားကို အခြေခံပြီးတော့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေကို ကြေညာ ပေးမှာပါ။ အဲဒီအခြေအနေက ကျွန်တော်တို့ Concern ပြီးတော့ ကြည့်နေတဲ့အခြေအနေဖြစ်ပါတယ်။ မကြာ ခင်တော့ ကျွန်တော်တို့ ကြေညာနိုင်မယ်လို့မျှော်လင့်ပါတယ်” ဦးလှသိန်းက ဖြေကြားထားပါတယ်။

ရွေးကောက်ပွဲကို ဒီဇင်ဘာလအထိ ရွေ့ဆိုင်းကျင်းပရန် တင်ပြမှုတွေရှိနေပေမယ့်လည်း အခြားနိုင်ငံတွေမှာလဲ ပြုလုပ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လဲ ရွေ့ဆိုင်းရန်မရှိကြောင်းကိုလဲ အထက်ပါ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

“COVID ကာလမှာ ကျင်းပသွားတဲ့ တောင်ကိုရီးယားတို့ စင်္ကာပူတို့၊ သီရိလင်္ကာတို့ ရှိပြီးသားတွေ သူတို့လည်း ကိုဗစ်ကာလမှာ လုပ်သွားတာပဲ။ အခုကျွန်တော်တို့နဲ့အတူ အမေရိကန်မှာတောင်လုပ်မှာပဲ နိုဝင်ဘာ ၃ ရက်နေ့ ။ ဒီလောက်လူအသေအပျောက်ရှိနေတာ သူတို့ရွှေ့လား၊ အမေရိကန်မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ လုပ်မှာပဲ မဟုတ်လား၊ နိုဝင်ဘာ ၃ ရက်နေ့မှာ၊ အဲဒီတော့ ဒီလောက်ဆိုးဝါးတဲ့ နိုင်ငံတောင်လုပ်နေတာ ကျွန် တော်တို့က သူ့လောက် အဖြစ်နည်းတဲ့နေရာက မလုပ်ဘူးဆိုရင် ဘာအကြောင်းပြမလဲနော်” ဟု ဦးလှသိန်းက ဖြေကြားထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် အေအေ လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားနေမှု ကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းရုံး (REC) မှ ထုတ်ပြန်ထားပါတယ်။

#PeopleMedia #UEC #2020election


Share this post