• Follow Us on

Home ရခိုင္ေမာင္ေတာၿမိဳ႕နယ္၌ ပစၥတိုတစ္လက္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား က်ပ္သိန္း ၄ ေသာင္းေက်ာ္ဖိုး ဖမ္းဆီး ရမိ

ရခိုင္ေမာင္ေတာၿမိဳ႕နယ္၌ ပစၥတိုတစ္လက္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား က်ပ္သိန္း ၄ ေသာင္းေက်ာ္ဖိုး ဖမ္းဆီး ရမိ

Share this post

ရန္ကုန္၊ ဇြန္ ၁

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ ကံသာယာေက်းရြာ၌ ပစၥတိုေသနတ္တစ္လက္ႏွင့္ ေငြက်ပ္ ၄ ေသာင္းေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း နယ္ေျမရဲစခန္းမွသတင္းရရွိသည္။

ရခိုင္ျပည္နယ္ေမာင္ေတာၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနသည့္ ပူးေပါင္းအဖြဲ႕သည္ ယခုလ ၃၁ ရက္ နံနက္ပိုင္းက ကံသာယာေက်းရြာေန ေရႊသိန္း(ဘ)ဦးေက်ာ္သာစိန္၏ ေနအိမ္အား သတင္းအရ သြားေရာက္ စစ္ေဆးရွာေဖြရာ ေရႊသိန္းကို မေတြ႕ရွိရဘဲ ၎၏ဇနီးျဖစ္သူ ေဒၚဦးမစိန္(ဘ)ဦးအရဲေခ်ႏွင့္အတူ ေက်ာ္မင္း(ဘ) ဦးသာေက်ာ္၊ ၀င္းျမင့္ေအာင္(ဘ)ဦးေက်ာ္သန္း၊ ခ်စ္ထူး(ဘ)ဦးသာေအာင္ေက်ာ္၊ ေက်ာ္ေက်ာ္ႏိုင္(ဘ)ဦး၀င္းႏိုင္ တို႔ ၅ ဦးအား ေနအိမ္အတြင္းေတြ႕ရွိရၿပီး ဆက္လက္ရွာေဖြရာ ေနအိမ္အိပ္ခန္းအတြင္းရွိ ေကာ္ပုံးအတြင္းမွ Austria ႏိုင္ငံလုပ္ Glock ပစၥတိုတစ္လက္ႏွင့္ ၎က်ည္ ၅ေတာင့္တို႔အား သိမ္းဆည္းရမိခဲ့သည္။

ဆက္လက္ၿပီး ပူးေပါင္းအဖြဲ႕က ကံသာယာေက်းရြာထိပ္ရွိ ေရႊသိန္းပိုင္ဆိုင္သည့္ ကားဂိုေဒါင္အား ဆက္လက္ရွာ ေဖြရာ ကားဂိုေဒါင္အနီး စိုးေမာင္(ဘ)ဦးေက်ာ္သန္းေအာင္အား ဖမ္းဆီးရမိခဲ့ၿပီး ကားဂိုေဒါင္အတြင္းမွ Forland အမ်ိဳးအစားေမာ္ေတာ္ယာဥ္ အမွတ္YGN-9P/—-၁စီးႏွင့္ ဟိုက္ဂ်က္အမ်ိဳးအစားေမာ္ေတာ္ယာဥ္အမွတ္ 1J/——၁စီးအား ေတြ႕ရွိရၿပီး ေမာ္ေတာ္ယာဥ္မ်ားအတြင္း ရွာေဖြရာ Forland ကားအတြင္းမွ WY စာတန္းပါစိတ္ႂကြ႐ူး သြပ္ေဆးျပားေပါင္း ၂၄၃၇၅၀ဝ ျပား (ခန္႔မွန္းတန္ဖိုးက်ပ္သိမ္းေပါင္း ၄၈၀၀၀ကေက်ာ္) ဖမ္းဆီးရမိခဲ့သည္။

အဆိုဖမ္းဆီးရမိသူမ်ားႏွင့္ လက္နက္၊ ပစၥည္းမ်ားကို ေမာင္ေတာၿမိဳ႕မရဲစခန္းမွ တရားဥပေဒအရအေရးယူႏိုင္ ေရးဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ရခိုင်မောင်တောမြို့နယ်၌ ပစ္စတိုတစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း ၄ သောင်းကျော်ဖိုး ဖမ်းဆီး ရမိ
………………………………………………………

ရန်ကုန်၊ ဇွန် ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကံသာယာကျေးရွာ၌ ပစ္စတိုသေနတ်တစ်လက်နှင့် ငွေကျပ် ၄ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေရဲစခန်းမှသတင်းရရှိသည်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် ယခုလ ၃၁ ရက် နံနက်ပိုင်းက ကံသာယာကျေးရွာနေ ရွှေသိန်း(ဘ)ဦးကျော်သာစိန်၏ နေအိမ်အား သတင်းအရ သွားရောက် စစ်ဆေးရှာဖွေရာ ရွှေသိန်းကို မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဦးမစိန်(ဘ)ဦးအရဲချေနှင့်အတူ ကျော်မင်း(ဘ) ဦးသာကျော်၊ ဝင်းမြင့်အောင်(ဘ)ဦးကျော်သန်း၊ ချစ်ထူး(ဘ)ဦးသာအောင်ကျော်၊ ကျော်ကျော်နိုင်(ဘ)ဦးဝင်းနိုင် တို့ ၅ ဦးအား နေအိမ်အတွင်းတွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကော်ပုံးအတွင်းမှ Austria နိုင်ငံလုပ် Glock ပစ္စတိုတစ်လက်နှင့် ၎င်းကျည် ၅တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့က ကံသာယာကျေးရွာထိပ်ရှိ ရွှေသိန်းပိုင်ဆိုင်သည့် ကားဂိုဒေါင်အား ဆက်လက်ရှာ ဖွေရာ ကားဂိုဒေါင်အနီး စိုးမောင်(ဘ)ဦးကျော်သန်းအောင်အား ဖမ်းဆီးရမိခဲ့ပြီး ကားဂိုဒေါင်အတွင်းမှ Forland အမျိုးအစားမော်တော်ယာဉ် အမှတ်YGN-9P/—-၁စီးနှင့် ဟိုက်ဂျက်အမျိုးအစားမော်တော်ယာဉ်အမှတ် 1J/——၁စီးအား တွေ့ရှိရပြီး မော်တော်ယာဉ်များအတွင်း ရှာဖွေရာ Forland ကားအတွင်းမှ WY စာတန်းပါစိတ်ကြွရူး သွပ်ဆေးပြားပေါင်း ၂၄၃၇၅၀ဝ ပြား (ခန့်မှန်းတန်ဖိုးကျပ်သိမ်းပေါင်း ၄၈၀၀၀ကကျော်) ဖမ်းဆီးရမိခဲ့သည်။

အဆိုဖမ်းဆီးရမိသူများနှင့် လက်နက်၊ ပစ္စည်းများကို မောင်တောမြို့မရဲစခန်းမှ တရားဥပဒေအရအရေးယူနိုင် ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post