• Follow Us on

Home ရခိုင္ျပည္နယ္တြင္ တပ္မေတာ္က လူအစုလိုက္သတ္ျဖတ္မႈမ်ားျပဳလုပ္ခဲ့သည္ဟုဆိုကာ ဘဂၤလားေဒ့႐ွ္မွ ရခိုင္အသိုက္အ၀န္းဆႏၵျပ

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္က လူအစုလိုက္သတ္ျဖတ္မႈမ်ားျပဳလုပ္ခဲ့သည္ဟုဆိုကာ ဘဂၤလားေဒ့႐ွ္မွ ရခိုင္အသိုက္အ၀န္းဆႏၵျပ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၂
 
ရခိုင္ျပည္နယ္တြင္ လူသတ္မႈ၊ မုဒိမ္းမႈ၊ မီး႐ွိဳ႕မႈႏွင့္ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္သည့္အျခားျပစ္မႈမ်ားကို ဆန္႔က်င္ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံေရာက္ရခိုင္အသိုက္အ၀န္းက ဒါကာၿမိဳ႕တြင္ တနဂၤေႏြေန႔က ဆႏၵထုတ္ေဖာ္ခဲ့သည္။
 
အိမ္မ်ားကို စစ္ဘက္ဆိုင္ရာစီးနင္းမႈမ်ားေၾကာင့္ အရပ္သား ၃၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး ၆၀၀ ေက်ာ္ဒဏ္ရာ ရခဲ့ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏုိင္ငံမွရခိုင္အသိုက္အ၀န္းမ်ားကိုဦးေဆာင္သူ ဦးကံႏိုင္ကေျပာၿပီး လူ ၂ သိန္းခြဲခန္႔ အိုးအိမ္ပ်က္စီးၿပီး ဒုကၡသည္မ်ားျဖစ္လာေၾကာင္းလည္း စြပ္စြဲသည္။
 
ျမန္မာတပ္မေတာ္သည္ ေက်း႐ြာမ်ားကို ပါးပါးနပ္နပ္ႏွင့္စနစ္တက်ထိုးေဖာက္၀င္ေရာက္ၿပီး ႏွိပ္စက္မႈ၊ မုဒိမ္း က်င့္မႈ၊ လုယက္မႈႏွင့္ အိမ္မ်ားကိုမီး႐ွိဳ႕မႈမ်ားက်ဴးလြန္ခဲ့ေၾကာင္းလည္း စြပ္စြဲသည္။
 
ဥေရာပေကာ္မ႐ွင္၊ တ႐ုတ္ႏွင့္ ႐ု႐ွားတို႔အပါအ၀င္ ႏုိင္ငံတကာအသိုက္အ၀န္းအေနျဖင့္လည္း လိုအပ္ေသာ အေရးယူေဆာင္႐ြက္ မႈမ်ားျပဳလုပ္ရန္ ဆႏၵထုတ္ေဖာ္သူမ်ားကေတာင္းဆိုသည္။
 
ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ အင္တာနက္၀န္ေဆာင္မႈျပန္လည္ဖြင့္ေပးရန္ ကမာၻ႔က်န္းမာ ေရးအဖြဲ႔က ေတာင္းဆိုေသာ္လည္း ျမန္မာအစိုးရက လစ္လ်ဴ႐ွဳထားသည္ဟုလည္းေျပာသည္။
 
ျမန္မာႏိုင္ငံဆိုင္ရာလြတ္လပ္ေသာစံုစမ္းစစ္ေဆးမႈယႏၱယားကလည္း လူအေျမာက္အျမားသတ္ျဖတ္မႈမ်ားကို စတင္စံုစမ္းေနၿပီျဖစ္သည္။
 
Ref : Rakhine protests in Dhaka against Myanmar ‘massacre’
 
#PeopleMedia
 
(Unicode)
ရခိုင်ပြည်နယ်တွင် တပ်မတော်က လူအစုလိုက်သတ်ဖြတ်မှုများပြုလုပ်ခဲ့သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်မှ ရခိုင်အသိုက်အဝန်းဆန္ဒပြ
……………………………………
 
ဒါကာ၊ အောက်တိုဘာ ၁၂
 
ရခိုင်ပြည်နယ်တွင် လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်အခြားပြစ်မှုများကို ဆန့်ကျင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရခိုင်အသိုက်အဝန်းက ဒါကာမြို့တွင် တနင်္ဂနွေနေ့က ဆန္ဒထုတ်ဖော်ခဲ့သည်။
 
အိမ်များကို စစ်ဘက်ဆိုင်ရာစီးနင်းမှုများကြောင့် အရပ်သား ၃၀၀ ကျော်သေဆုံးခဲ့ပြီး ၆၀၀ ကျော်ဒဏ်ရာ ရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှရခိုင်အသိုက်အဝန်းများကိုဦးဆောင်သူ ဦးကံနိုင်ကပြောပြီး လူ ၂ သိန်းခွဲခန့် အိုးအိမ်ပျက်စီးပြီး ဒုက္ခသည်များဖြစ်လာကြောင်းလည်း စွပ်စွဲသည်။
 
မြန်မာတပ်မတော်သည် ကျေးရွာများကို ပါးပါးနပ်နပ်နှင့်စနစ်တကျထိုးဖောက်ဝင်ရောက်ပြီး နှိပ်စက်မှု၊ မုဒိမ်း ကျင့်မှု၊ လုယက်မှုနှင့် အိမ်များကိုမီးရှို့မှုများကျူးလွန်ခဲ့ကြောင်းလည်း စွပ်စွဲသည်။
 
ဥရောပကော်မရှင်၊ တရုတ်နှင့် ရုရှားတို့အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း လိုအပ်သော အရေးယူဆောင်ရွက် မှုများပြုလုပ်ရန် ဆန္ဒထုတ်ဖော်သူများကတောင်းဆိုသည်။
 
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန် အင်တာနက်ဝန်ဆောင်မှုပြန်လည်ဖွင့်ပေးရန် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တောင်းဆိုသော်လည်း မြန်မာအစိုးရက လစ်လျူရှုထားသည်ဟုလည်းပြောသည်။
 
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တယားကလည်း လူအမြောက်အမြားသတ်ဖြတ်မှုများကို စတင်စုံစမ်းနေပြီဖြစ်သည်။
 
Ref : Rakhine protests in Dhaka against Myanmar ‘massacre’
 
#PeopleMedia

Share this post