• Follow Us on

Home ရခိုင္ျပည္နယ္တြင္ အာရကန္႐ိုဟင္ဂ်ာတပ္ဖြဲ႔ေပၚထြက္လာ

ရခိုင္ျပည္နယ္တြင္ အာရကန္႐ိုဟင္ဂ်ာတပ္ဖြဲ႔ေပၚထြက္လာ

Share this post

ဒါကာ၊ စက္တင္ဘာ ၈

ရက္စက္မႈမ်ားေတြ႕ၾကံဳခဲ့သည့္ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား၏အခြင့္အေရးကိုကာကြယ္ရန္ အာရကန္႐ိုဟင္ဂ်ာတပ္ဖြဲ႔(ARA)ဟုအမည္ရေသာလက္နက္ကိုင္အဖြဲ႔တစ္ဖြဲ႔ ျမန္မာႏိုင္ငံတြင္ေပၚေပါက္လာသည္။

အဖြဲ႔တည္႐ွိေၾကာင္း စက္တင္ဘာ ၁ ရက္တြင္ ARA က ထုတ္ျပန္ခ်က္တစ္ခုျဖင့္ေၾကညာသည္။
ဖ်က္ဆီးခံထားရသည့္လူ႔အခြင့္အေရး၊ ဘဂၤါလီအခြင့္အေရးမ်ားျပန္လည္ရ႐ွိရန္ႏွင့္ အျခားလူနည္းစုတိုင္းရင္းသားမ်ားႏွင့္အတူ ညီမွ်သည့္အခြင့္အေရးရေစရန္ ျမန္မာႏိုင္ငံမွဘဂၤါလီမ်ားႏွင့္အဖြဲ႔ဖြဲ႔စည္းခဲ့သည္ဟု ARA ကေျပာသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ တည္႐ွိမည္ဟု ARA ကေျပာထားၿပီး အျခားႏိုင္ငံမ်ား၏နယ္ေျမကို အသံုးျပဳမည္မဟုတ္ဟုလည္းေျပာသည္။

ဘာသာအားလံုးကိုေထာက္ခံမည္ျဖစ္ၿပီး လူနည္းစုမ်ား၏အသက္ႏွင့္ဂုဏ္သိကၡာကိုကာကြယ္ရန္ လုပ္ေဆာင္သြားမည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ၂၀၁၇ ခုႏွစ္ျမန္မာႏိုင္ငံမွထြက္ေျပးခဲ့သည့္ဘဂၤါလီ ၁.၁ သန္း႐ွိေနသည္။

Ref : Rohingya rights: New armed group ARA emerges in Rakhine

#PeopleMedia

(unicode)
ရခိုင်ပြည်နယ်တွင် အာရကန်ရိုဟင်ဂျာတပ်ဖွဲ့ပေါ်ထွက်လာ
…………………………………..

ဒါကာ၊ စက်တင်ဘာ ၈

ရက်စက်မှုများတွေ့ကြုံခဲ့သည့်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ၏အခွင့်အရေးကိုကာကွယ်ရန် အာရကန်ရိုဟင်ဂျာတပ်ဖွဲ့(ARA)ဟုအမည်ရသောလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာသည်။

အဖွဲ့တည်ရှိကြောင်း စက်တင်ဘာ ၁ ရက်တွင် ARA က ထုတ်ပြန်ချက်တစ်ခုဖြင့်ကြေညာသည်။
ဖျက်ဆီးခံထားရသည့်လူ့အခွင့်အရေး၊ ဘင်္ဂါလီအခွင့်အရေးများပြန်လည်ရရှိရန်နှင့် အခြားလူနည်းစုတိုင်းရင်းသားများနှင့်အတူ ညီမျှသည့်အခွင့်အရေးရစေရန် မြန်မာနိုင်ငံမှဘင်္ဂါလီများနှင့်အဖွဲ့ဖွဲ့စည်းခဲ့သည်ဟု ARA ကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိမည်ဟု ARA ကပြောထားပြီး အခြားနိုင်ငံများ၏နယ်မြေကို အသုံးပြုမည်မဟုတ်ဟုလည်းပြောသည်။

ဘာသာအားလုံးကိုထောက်ခံမည်ဖြစ်ပြီး လူနည်းစုများ၏အသက်နှင့်ဂုဏ်သိက္ခာကိုကာကွယ်ရန် လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်မြန်မာနိုင်ငံမှထွက်ပြေးခဲ့သည့်ဘင်္ဂါလီ ၁.၁ သန်းရှိနေသည်။

Ref : Rohingya rights: New armed group ARA emerges in Rakhine

#PeopleMedia


Share this post