• Follow Us on

Home ရခိုင္ျပည္နယ္မွ ထြက္ခြာလာေသာ ဘဂၤါလီ ၂၈ ဦးကို မေကြးတိုင္းေဒသႀကီး သရက္ခ႐ိုင္ ကံမၿမိဳ႕နယ္တြင္ ဖမ္းမိ

ရခိုင္ျပည္နယ္မွ ထြက္ခြာလာေသာ ဘဂၤါလီ ၂၈ ဦးကို မေကြးတိုင္းေဒသႀကီး သရက္ခ႐ိုင္ ကံမၿမိဳ႕နယ္တြင္ ဖမ္းမိ

Share this post

ရန္ကုန္၊ ႏိုဝင္ဘာ ၇

 

မေလးရွားႏိုင္ငံသို႔သြားေရာက္ရန္ ရခိုင္ျပည္နယ္မွ ထြက္ခြာလာသည့္ ဘဂၤါလီ ၂၈ ဦးကို မေကြးတိုင္းေဒသႀကီး သရက္ခရိုင္ ကံမၿမိဳ႕နယ္ သာဇီေက်းရြာအနီး ပုသိမ္-မုံရြာကားလမ္း မိုင္တိုင္ (၁၅၉/၅)ႏွင့္(၁၅၉/၆)ၾကားတြင္ နိုဝင္ဘာလ ၅ ရက္ နံနက္ ၁၀ နာရီခြဲအခ်ိန္ကဖမ္းဆီးရမိခဲ့သည္။

 

အထက္ပါ ဘဂၤါလီမ်ားသည္ မေလးရွားႏိုင္ငံသို႔သြားေရာက္ရန္ မေကြးတိုင္းေဒသႀကီး စိန္ေတာလမ္းေပါက္မွ ေျခလ်င္လမ္းေလၽွာက္လာခဲ့ျခင္းျဖစ္ၿပီး ယင္းဘဂၤါလီမ်ားကို နယ္ေျမေဒသခံမ်ားႏွင့္အတူ ရဲတပ္ဖြဲ႕ဝင္မ်ားမွ စုေပါင္း၍ ဝိုင္းဝန္းဖမ္းဆီးခဲ့ရျခင္းျဖစ္သည္။

 

မေကြးတိုင္းေဒသႀကီး သရက္ခရိုင္ ကံမၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့ေသာ ဘဂၤါလီ ၂၈ ဦးတြင္ အမ်ိဳးသား (၂၆) ဦး အမ်ိဳးသမီး (၂) ပါ၀င္ၿပီး ၎တို႔ကို ႀကိဳ႕ပင္ေက်းရြာ အထကတြင္ ေခတၱထိန္းသိမ္းထားရွိၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးတာဝန္ယူေဆာင္ရြက္လၽွက္ရွိသည္။

 

မေကြးတိုင္းေဒသႀကီး သရက္ခ႐ိုင္ ကံမၿမိဳ႕နယ္ သာဇီေက်းရြာအနီ ဖမ္းဆီးရမိခဲ့သည့္ဘဂၤါလီမ်ားသည္ မေလး ရွားနိုင္ငံသို႔ သြားေရာက္ရန္အတြက္ ရခိုင္ျပည္နယ္မွထြက္ခြာလာခဲ့ျခင္းျဖစ္ၿပီး ပြဲစားထံတစ္ဦးလၽွင္ ေငြက်ပ္ (၂၀) သိန္းစီ ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ပြဲစားမ်ားကထားရစ္ခဲ့၍ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ထြက္ခ်က္ေပးထား သည္။

 

#PeopleMedia

 

(unicode)

ရခိုင်ပြည်နယ်မှ ထွက်ခွာလာသော ဘင်္ဂါလီ ၂၈ ဦးကို မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဖမ်းမိ

……………………………………………………….

 

ရန်ကုန်၊ နိုဝင်ဘာ ၇

 

မလေးရှားနိုင်ငံသို့သွားရောက်ရန် ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် ဘင်္ဂါလီ ၂၈ ဦးကို မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် သာဇီကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၁၅၉/၅)နှင့်(၁၅၉/၆)ကြားတွင် နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ နာရီခွဲအချိန်ကဖမ်းဆီးရမိခဲ့သည်။

 

အထက်ပါ ဘင်္ဂါလီများသည် မလေးရှားနိုင်ငံသို့သွားရောက်ရန် မကွေးတိုင်းဒေသကြီး စိန်တောလမ်းပေါက်မှ ခြေလျင်လမ်းလျှောက်လာခဲ့ခြင်းဖြစ်ပြီး ယင်းဘင်္ဂါလီများကို နယ်မြေဒေသခံများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်း၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သော ဘင်္ဂါလီ ၂၈ ဦးတွင် အမျိုးသား (၂၆) ဦး အမျိုးသမီး (၂) ပါဝင်ပြီး ၎င်းတို့ကို ကြို့ပင်ကျေးရွာ အထကတွင် ခေတ္တထိန်းသိမ်းထားရှိပြီး ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် သာဇီကျေးရွာအနီ ဖမ်းဆီးရမိခဲ့သည့်ဘင်္ဂါလီများသည် မလေး ရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ရခိုင်ပြည်နယ်မှထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ပွဲစားထံတစ်ဦးလျှင် ငွေကျပ် (၂၀) သိန်းစီ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပွဲစားများကထားရစ်ခဲ့၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ချက်ပေးထား သည်။

 

#PeopleMedia


Share this post