• Follow Us on

Home ရခိုင္ျပည္နယ္မွ ဘဂၤါလီစခန္းမ်ားသည္ အသားအေရာင္ခြဲျခားမႈပံုစံတစ္မ်ိဳးျဖစ္ေနေၾကာင္း HRW ေျပာ

ရခိုင္ျပည္နယ္မွ ဘဂၤါလီစခန္းမ်ားသည္ အသားအေရာင္ခြဲျခားမႈပံုစံတစ္မ်ိဳးျဖစ္ေနေၾကာင္း HRW ေျပာ

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၈
 
ျမန္မာႏိုင္ငံက ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) ၁၃၀၀၀၀ အတြက္ ထိန္းသိမ္းေရးစခန္းမ်ားဟု ေျပာႏိုင္သည့္ေနရာမ်ားသည္ လူမ်ိဳးေရးခြဲျခားမႈပံုစံတစ္မ်ိဳးဟု လူ႔အခြင့္အေရးအဖြဲ႕တစ္ဖြဲ႕က ၾကာသ ပေတးေန႔တြင္စြပ္စြဲၿပီး ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အစိုးရကိုဖိအားေပးၿပီး သူတို႔ကိုလႊတ္ေပးရန္လည္း တိုက္တြန္းသည္။
 
ရခိုင္ျပည္နယ္မွ တင္းတင္းၾကပ္ၾကပ္ကန္႔သတ္ထားသည့္စခန္း ၂၄ ခုႏွင့္ ျပင္ပအထိအေတြ႔မ႐ွိေသာ လူမႈ အဖြဲ႔အစည္းမ်ားသည္ အသက္႐ွင္ေနထိုင္ခြင့္ႏွင့္ အျခားအေျခခံအခြင့္အေရးမ်ားကို ၿခိမ္းေျခာက္ေနေၾကာင္း လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔ (HRW) က အစီရင္ခံစာသစ္တခုတြင္ေျပာသည္။
 
“အရက္စက္ဆံုးႏိုင္ငံတကာျပစ္မႈေတြမက်ဴးလြန္ဘူးဆိုတဲ့အစိုးရရဲ႕အခိုင္အမာေျပာဆိုခ်က္ေတြက သံဆူးႀကိဳးေတြကိုျဖတ္ၿပီး ဘဂၤါလီေတြကို တရားဥပေဒအရကာကြယ္မႈအျပည့္အ၀နဲ႔အိမ္ျပန္ခြင့္မျပဳမခ်င္း စစ္မွန္ေနမွာမဟုတ္ပါဘူး” ဟု HRW ၏ အာ႐ွေရးရာသုေတသီႏွင့္အစီရင္ခံစာေရးသားသူ ေ႐ွနာ ေဘာ့ခ်္နာကေျပာသည္။
 
စခန္းမ်ားတြင္ေနသူမ်ားသည္ တရား၀င္မူ၀ါဒမ်ား၊ အေျခအေနအေပၚမူတည္ၿပီးထုတ္ေ၀သည့္အေလ့အထမ်ား၊ စစ္ေဆးေရးဂိတ္မ်ား၊ သံဆူးႀကိဳးတပ္ၿခံစည္း႐ိုးမ်ားႏွင့္ ခရီးသြားလာခြင့္ကန္႔သတ္ထားသည့္ က်ယ္ျပန္႔ ေသာဖိႏွိပ္မႈမ်ားေၾကာင့္ လြတ္လပ္စြာလႈပ္႐ွားသြားလာခြင့္မ႐ွိေၾကာင္းလည္း HRW ကေျပာသည္။
 
ပညာသင္ၾကားမႈႏွင့္အလုပ္အကိုင္အခြင့္အလမ္းကင္းမဲ့မႈတို႔သည္လည္း ဆိုးက်ိဳးျဖစ္လာႏိုင္ေသာ စနစ္တက် ထိခိုက္မႈျဖစ္သည္ဟု အစီရင္ခံစာက ေထာက္ျပသည္။
 
Ref : Rights group decries Myanmar’s camps for displaced Rohingya
 
#Peoplemedia
 
(Unicode)
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီစခန်းများသည် အသားအရောင်ခွဲခြားမှုပုံစံတစ်မျိုးဖြစ်နေကြောင်း HRW ပြော
…………………………………………
 
ဘန်ကောက်၊ အောက်တိုဘာ ၈
 
မြန်မာနိုင်ငံက ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ၁၃၀၀၀၀ အတွက် ထိန်းသိမ်းရေးစခန်းများဟု ပြောနိုင်သည့်နေရာများသည် လူမျိုးရေးခွဲခြားမှုပုံစံတစ်မျိုးဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ကြာသ ပတေးနေ့တွင်စွပ်စွဲပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုဖိအားပေးပြီး သူတို့ကိုလွှတ်ပေးရန်လည်း တိုက်တွန်းသည်။
 
ရခိုင်ပြည်နယ်မှ တင်းတင်းကြပ်ကြပ်ကန့်သတ်ထားသည့်စခန်း ၂၄ ခုနှင့် ပြင်ပအထိအတွေ့မရှိသော လူမှု အဖွဲ့အစည်းများသည် အသက်ရှင်နေထိုင်ခွင့်နှင့် အခြားအခြေခံအခွင့်အရေးများကို ခြိမ်းခြောက်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က အစီရင်ခံစာသစ်တခုတွင်ပြောသည်။
 
“အရက်စက်ဆုံးနိုင်ငံတကာပြစ်မှုတွေမကျူးလွန်ဘူးဆိုတဲ့အစိုးရရဲ့အခိုင်အမာပြောဆိုချက်တွေက သံဆူးကြိုးတွေကိုဖြတ်ပြီး ဘင်္ဂါလီတွေကို တရားဥပဒေအရကာကွယ်မှုအပြည့်အဝနဲ့အိမ်ပြန်ခွင့်မပြုမချင်း စစ်မှန်နေမှာမဟုတ်ပါဘူး” ဟု HRW ၏ အာရှရေးရာသုတေသီနှင့်အစီရင်ခံစာရေးသားသူ ရှေနာ ဘော့ချ်နာကပြောသည်။
 
စခန်းများတွင်နေသူများသည် တရားဝင်မူဝါဒများ၊ အခြေအနေအပေါ်မူတည်ပြီးထုတ်ဝေသည့်အလေ့အထများ၊ စစ်ဆေးရေးဂိတ်များ၊ သံဆူးကြိုးတပ်ခြံစည်းရိုးများနှင့် ခရီးသွားလာခွင့်ကန့်သတ်ထားသည့် ကျယ်ပြန့် သောဖိနှိပ်မှုများကြောင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်မရှိကြောင်းလည်း HRW ကပြောသည်။
 
ပညာသင်ကြားမှုနှင့်အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့မှုတို့သည်လည်း ဆိုးကျိုးဖြစ်လာနိုင်သော စနစ်တကျ ထိခိုက်မှုဖြစ်သည်ဟု အစီရင်ခံစာက ထောက်ပြသည်။
 
Ref : Rights group decries Myanmar’s camps for displaced Rohingya
 
#Peoplemedia

Share this post