• Follow Us on
Latest News

Home ရခိုင္ျပည္နယ္မွ ရန္ကုန္သို႔ ေရႊ႕ေျပာင္းလုပ္သားအျဖစ္ လာေရာက္လုပ္ကိုင္သည့္ ရခိုင္တိုင္းရင္းသားမ်ား မဲစာရင္းတြင္ပါ၀င္ရန္ႏွင့္ဆႏၵမဲေပးခြင့္ရရန္ အခက္ၾကဳံေနေၾကာင္း ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီး အျဖစ္ ၀င္ေရာက္ယွဥ္ျပဳိင္မည့္ ေဒၚထုေမေျပာၾကား

ရခိုင္ျပည္နယ္မွ ရန္ကုန္သို႔ ေရႊ႕ေျပာင္းလုပ္သားအျဖစ္ လာေရာက္လုပ္ကိုင္သည့္ ရခိုင္တိုင္းရင္းသားမ်ား မဲစာရင္းတြင္ပါ၀င္ရန္ႏွင့္ဆႏၵမဲေပးခြင့္ရရန္ အခက္ၾကဳံေနေၾကာင္း ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီး အျဖစ္ ၀င္ေရာက္ယွဥ္ျပဳိင္မည့္ ေဒၚထုေမေျပာၾကား

Share this post

ရန္ကုန္၊ ၂၀၂၀ ၾသဂုတ္လ ၁၈ရက္

ရခိုင္ျပည္နယ္မွ ရန္ကုန္သို႔ ေရႊ႕ေျပာင္းလုပ္သားအျဖစ္ လာေရာက္လုပ္ကိုင္သည့္ ရခိုင္တိုင္းရင္းသားမ်ား မဲစာရင္းတြင္ပါ၀င္ရန္ႏွင့္ဆႏၵမဲေပးခြင့္ရရန္ အခက္ၾကဳံေနေၾကာင္း ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီး အျဖစ္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းအျဖစ္၀င္ေရာက္ယွဥ္ျပဳိင္မည့္ ေဒၚထုေမကေျပာၾကားလိုက္သည္။

မဲစာရင္းမ်ားႏွင့္ပတ္သက္၍ people mediaကၾသဂုတ္လ ၁၈ရက္ဆက္သြယ္ေမးျမန္းရာတြင္ ရန္ကုန္တိုင္းေဒသႀကီး ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီး အျဖစ္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းအျဖစ္၀င္ေရာက္ယွဥ္ျပဳိင္မည့္ ေဒၚထုေမကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ရခိုင္တိုင္းရင္းသားေတြအေနနဲ႔ အခုမဲစာရင္းမွာမပါလာတာေတြ အမ်ားႀကီးေတြ႕ရတယ္။မိသားစုလိုက္မပါလာတာ ေတြအမ်ားႀကီးေတြ႕ရတယ္။ေနာက္တစ္ခ်က္က ရခိုင္အမ်ားစုသည္ ေရႊျပည္သာတို႔မဂၤလာဒုံတို႔ လႈိင္သာယာတို႔မွာ အမ်ားဆုံးေနထိုင္ၾကေတာ့ အလုပ္ခ်ိန္နဲ႔ မဲစာရင္းေၾကညာတဲ့အခ်ိန္ သြားမၾကည့္ႏိုင္တာၾကဳံရတယ္။သူတို႔က မနက္က်အလုပ္သြား ညက်ျပန္လာေတာ့ေကာ္မရွင္႐ုံးကမရွိေတာ့တဲ့အေျခအေနနဲ႔ၾကဳံေတြ႕ရပါတယ္။အခုက မဲစာရင္းမွာ မပါလို႔ ျပန္ထည့္ရင္ သန္းေခါင္စာရင္းမိတၱဴတို႔ ၊ မွတ္ပုံတင္မိတၱဴတို႔စတဲ့အေထာက္အထားေတြေတာင္းတယ္။ ရခိုင္ျပည္နယ္ကေရႊ႕ေျပာင္းလာလုပ္ၾကတဲ့တိုင္းရင္းသားေတြက သန္းေခါင္စာရင္းမပါေတာ့ သူ႔စက္႐ုံမွာ အလုပ္လုပ္တဲ့အေထာက္အထား၊ အေဆာင္ေနအေထာက္အထားဒါေတြေတာင္းတယ္။ဒါေတြမေပးရင္မဲ မေပးရေတာ့ဘူးလား။မဲေပးခြင့္ဆုံးရႈံးရမဲ့အေျခအေနေရာက္ေနပါတယ္။ အမွန္က မွတ္ပုံတင္ရွိတာနဲ႕ကိုမဲေပးခြင့္ရတဲ့အေျခအေနတစ္ရပ္ကိုဖန္တီးေပးရပါမယ္’’ဟု ၎ကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ရခိုင္တိုင္းရင္းသားေရးရာ၀န္ႀကီး ေနရာအတြက္ ရန္ကုန္တိုင္းတြင္ မဲဆႏၵရွင္ေပါင္း၇၃၀၀၀ေက်ာ္ ရွိေၾကာင္းသိရသည္။

“အခုကအေထာက္အထားေတြအမ်ားႀကီးေတာင္းတယ္။ေနထိုင္ေၾကာင္းေတြေတာင္းတယ္။သန္းေခါင္စာရင္းေတြေတာင္းတယ္။ဒီလိုမ်ိဳးဟာေတြမရမကေတာင္းေနရင္ျပည္သူေတြက မဲေပးခြင့္ကိုစိတ္ပ်က္သြားႏိုင္ပါတယ္။အဲဒါေၾကာင့္ ဒါေတြကိုျဖည္ေလွ်ာ့ ဖို႔လိုပါမယ္။ မွတ္ပုံတင္ရွိၿပီး ဒီႏိုင္ငံသားမွန္ကန္တယ္ဆိုလို႔ရွိရင္ မဲေပးလို႔ရတဲ့အခြင့္အေရးရွိကိုရွိရပါမယ္ရွင့္”ဟု ေဒၚထုေမက ထပ္မံေျပာသည္။

၂၀၂၀ေရြးေကာက္ပြဲအား ႏို၀င္ဘာ ၈ရက္က်င္းပေပးမည္ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေၾကညာထားၿပီး မဲဆႏၵရွင္ ၃၇သန္းေက်ာ္ရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်သည့် ရခိုင်တိုင်းရင်းသားများ မဲစာရင်းတွင်ပါဝင်ရန်နှင့်ဆန္ဒမဲပေးခွင့်ရရန် အခက်ကြုံနေကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ထုမေပြောကြား
………………………………………………………

ရန်ကုန်၊ ၂၀၂၀ ဩဂုတ်လ ၁၈ရက်

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်သည့် ရခိုင်တိုင်းရင်းသားများ မဲစာရင်းတွင်ပါဝင်ရန်နှင့်ဆန္ဒမဲပေးခွင့်ရရန် အခက်ကြုံနေကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ထုမေကပြောကြားလိုက်သည်။

မဲစာရင်းများနှင့်ပတ်သက်၍ people mediaကဩဂုတ်လ ၁၈ရက်ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ထုမေကပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အခုမဲစာရင်းမှာမပါလာတာတွေ အများကြီးတွေ့ရတယ်။မိသားစုလိုက်မပါလာတာ တွေအများကြီးတွေ့ရတယ်။နောက်တစ်ချက်က ရခိုင်အများစုသည် ရွှေပြည်သာတို့မင်္ဂလာဒုံတို့ လှိုင်သာယာတို့မှာ အများဆုံးနေထိုင်ကြတော့ အလုပ်ချိန်နဲ့ မဲစာရင်းကြေညာတဲ့အချိန် သွားမကြည့်နိုင်တာကြုံရတယ်။သူတို့က မနက်ကျအလုပ်သွား ညကျပြန်လာတော့ကော်မရှင်ရုံးကမရှိတော့တဲ့အခြေအနေနဲ့ကြုံတွေ့ရပါတယ်။အခုက မဲစာရင်းမှာ မပါလို့ ပြန်ထည့်ရင် သန်းခေါင်စာရင်းမိတ္တူတို့ ၊ မှတ်ပုံတင်မိတ္တူတို့စတဲ့အထောက်အထားတွေတောင်းတယ်။ ရခိုင်ပြည်နယ်ကရွှေ့ပြောင်းလာလုပ်ကြတဲ့တိုင်းရင်းသားတွေက သန်းခေါင်စာရင်းမပါတော့ သူ့စက်ရုံမှာ အလုပ်လုပ်တဲ့အထောက်အထား၊ အဆောင်နေအထောက်အထားဒါတွေတောင်းတယ်။ဒါတွေမပေးရင်မဲ မပေးရတော့ဘူးလား။မဲပေးခွင့်ဆုံးရှုံးရမဲ့အခြေအနေရောက်နေပါတယ်။ အမှန်က မှတ်ပုံတင်ရှိတာနဲ့ကိုမဲပေးခွင့်ရတဲ့အခြေအနေတစ်ရပ်ကိုဖန်တီးပေးရပါမယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ရန်ကုန်တိုင်းတွင် မဲဆန္ဒရှင်ပေါင်း၇၃၀၀၀ကျော် ရှိကြောင်းသိရသည်။

“အခုကအထောက်အထားတွေအများကြီးတောင်းတယ်။နေထိုင်ကြောင်းတွေတောင်းတယ်။သန်းခေါင်စာရင်းတွေတောင်းတယ်။ဒီလိုမျိုးဟာတွေမရမကတောင်းနေရင်ပြည်သူတွေက မဲပေးခွင့်ကိုစိတ်ပျက်သွားနိုင်ပါတယ်။အဲဒါကြောင့် ဒါတွေကိုဖြည်လျှော့ ဖို့လိုပါမယ်။ မှတ်ပုံတင်ရှိပြီး ဒီနိုင်ငံသားမှန်ကန်တယ်ဆိုလို့ရှိရင် မဲပေးလို့ရတဲ့အခွင့်အရေးရှိကိုရှိရပါမယ်ရှင့်”ဟု ဒေါ်ထုမေက ထပ်မံပြောသည်။

၂၀၂၀ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ရက်ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီး မဲဆန္ဒရှင် ၃၇သန်းကျော်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post