• Follow Us on

Home ရခိုင္ျပည္နယ္မွ ေနျပည္ေတာ္၊ အျခားတိုင္းေဒသႀကီးသို့ ေရာက္ရွိေနသူမ်ား ကာယကံရွင္ကိုယ္တိုင္ သတင္းေပးပို့ရန္၊ သိလ်က္ႏွင့္ဖုံးကြယ္ထားသူမ်ားအား သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒအရ အေရးယူမည္

ရခိုင္ျပည္နယ္မွ ေနျပည္ေတာ္၊ အျခားတိုင္းေဒသႀကီးသို့ ေရာက္ရွိေနသူမ်ား ကာယကံရွင္ကိုယ္တိုင္ သတင္းေပးပို့ရန္၊ သိလ်က္ႏွင့္ဖုံးကြယ္ထားသူမ်ားအား သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒအရ အေရးယူမည္

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၉

ရခိုင္ျပည္နယ္မွ ေနျပည္ေတာ္၊ အျခားတိုင္းေဒသႀကီးသို့ ေရာက္ရွိေနသူမ်ား ကာယကံရွင္ကိုယ္တိုင္ သတင္းေပး ပို့ရန္၊ သိလ်က္ႏွင့္ဖုံးကြယ္ထားသူမ်ားအား သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန္႔ခြဲမွုဥပေဒအရ အေရး ယူမည္ျဖစ္ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ ထုတ္ျပန္ထားသည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ ရခိုင္ျပည္နယ္မွ ေနျပည္ေတာ္၊ အျခားတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို့ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိသူမ်ားအေနျဖင့္ သက္ဆိုင္ရာတာ၀န္ရွိသည့္ဌာန၊ အဖြဲ႕အစည္းမ်ား ႏွင့္ နီးစပ္ရာက်န္းမာေရးဌာနမ်ားသို့ စက္တင္ဘာလ ၁၁ ရက္ေန႔ေနာက္ဆုံးထားၿပီး ကိုယ္တိုင္မပ်က္မကြက္ သတင္းပို့ၾကရန္ႏွင့္ ကာယကံရွင္မ်ားကိုယ္တိုင္ေသာ္လည္းေကာင္း၊ ကာယကံရွင္မည္သူျဖစ္ သည္ကို သိလ်က္ႏွင့္ ဖုံးကြယ္ထားသူမ်ားအေနျဖင့္ ယင္းေန႔ေနာက္ဆုံးထားၿပီး သတင္းေပးပို့ရန္ ပ်က္ကြက္ေၾကာင္း ေတြ႕ရွိပါက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမွုဥပေဒအရ အေရးယူမည္ျဖစ္ ေၾကာင္း စက္တင္ဘာ ၈ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ထားသည္။

ဆက္လက္ၿပီး ရခိုင္ျပည္နယ္မွ ရန္ကုန္တိုင္းေဒသႀကီးသို့ ေလယာဥ္ျဖင့္ ခရီးသြားေရာက္ခဲ့သူ ၅၄၀၉ ဦးရွိၿပီး က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွ ဆက္သြယ္မွုရရွိခဲ့သူ ၂၆၂၂ ဦးအနက္ ၁၅၇၄ ဦးသာ သက္ဆိုင္ရာတာ၀န္ရွိသည့္ဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ က်န္းမာေရးဌာနမ်ားသို့ သတင္းေပးပို့ခဲ့ၿပီး က်န္ ရွိသူမ်ားမွာ ဆက္သြယ္မရျခင္းႏွင့္ သတင္းေပးပို့ျခင္းမရွိေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီး ဌာနမွ ထုတ္ျပန္ထားသည္။

ျမန္မာနိုင္ငံတြင္ ယေန႔နံနက္ ၈ နာရီအခ်ိန္ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါပိုးေတြ႕ရွိသူ စုစုေပါင္း ၁၈၀၇ ဦးရွိၿပီး ေသဆုံးသူဦးေရ ၁၂ ဦးႏွင့္ ေဆး႐ုံဆင္းခြင့္ရရွိသူ ၄၆၀ ဦးရွိၿပီျဖစ္သည္။

#PeopleMedia #က်န္းမာေရး #COVID

(unicode)
ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြားတိုင်းဒေသကြီးသို့ ရောက်ရှိနေသူများ ကာယကံရှင်ကိုယ်တိုင် သတင်းပေးပို့ရန်၊ သိလျက်နှင့်ဖုံးကွယ်ထားသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေအရ အရေးယူမည်

…………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၉

ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြားတိုင်းဒေသကြီးသို့ ရောက်ရှိနေသူများ ကာယကံရှင်ကိုယ်တိုင် သတင်းပေး ပို့ရန်၊ သိလျက်နှင့်ဖုံးကွယ်ထားသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေး ယူမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများ နှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ စက်တင်ဘာလ ၁၁ ရက်နေ့နောက်ဆုံးထားပြီး ကိုယ်တိုင်မပျက်မကွက် သတင်းပို့ကြရန်နှင့် ကာယကံရှင်များကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်မည်သူဖြစ် သည်ကို သိလျက်နှင့် ဖုံးကွယ်ထားသူများအနေဖြင့် ယင်းနေ့နောက်ဆုံးထားပြီး သတင်းပေးပို့ရန် ပျက်ကွက်ကြောင်း တွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ် ကြောင်း စက်တင်ဘာ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ လေယာဉ်ဖြင့် ခရီးသွားရောက်ခဲ့သူ ၅၄၀၉ ဦးရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆက်သွယ်မှုရရှိခဲ့သူ ၂၆၂၂ ဦးအနက် ၁၅၇၄ ဦးသာ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ခဲ့ပြီး ကျန် ရှိသူများမှာ ဆက်သွယ်မရခြင်းနှင့် သတင်းပေးပို့ခြင်းမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ယနေ့နံနက် ၈ နာရီအချိန်ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၈၀၇ ဦးရှိပြီး သေဆုံးသူဦးရေ ၁၂ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၄၆၀ ဦးရှိပြီဖြစ်သည်။

#PeopleMedia #ကျန်းမာရေး #COVID


Share this post