• Follow Us on

Home ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအပါအဝင် လူဦးရေ ၅၀၀၀၀ ခန့်နှင့် NCA ထိုးထားသည့် EAO အဖွဲ့မှ လူဦးရေ ၁၀၀၀ ခန့်အား ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးကြောင်း ကျန်မာရေးဒုဝန်ကြီးပြောကြား

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအပါအဝင် လူဦးရေ ၅၀၀၀၀ ခန့်နှင့် NCA ထိုးထားသည့် EAO အဖွဲ့မှ လူဦးရေ ၁၀၀၀ ခန့်အား ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးကြောင်း ကျန်မာရေးဒုဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀ (People Media)

 

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် နေထိုင်သည့် ဘင်္ဂါလီအပါ အဝင် လူဦးရေ ၅၀၀၀၀ ခန့်နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့များမှ လူဦးရေ ၁၀၀၀ ခန့်အား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေး ထွန်းက ပြောသည်။

 

စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြားအဆောက်အဦး၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများအပေါ် သံတမန်များအား ရှင်းလင်းခြင်း အခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ကာ ကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူပေါင်း ၂ ဒသမ ၆ သန်းကျော် ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံ ပြီးစီးသူပေါင်း ၂ ဒသမ ၁ သန်းကျော်၊ ကာကွယ်ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း ၄ ဒသမ ၈ သန်းကျော် ကာ ကွယ်ဆေးထိုးနှံပြီးစီးသည့်အကြိမ်ရေ စုစုပေါင်း ခုနှစ်သန်းခွဲကျော်ရှိပြီဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

 

တတိယလှိုင်းအတွင်း ယခုအထိ ဓာတ်ခွဲနမူနာပေါင်း ၁၁၃၉၄၆၆ ခုကို စစ်ဆေးပေးနိုင်ခဲ့လို့ တစ်နေ့ပျမ်းမျှ ၁၁၂၈၂ ခု စစ်ဆေးပေးနိုင်ကြောင်း၊ ဓာတ်ခွဲစစ်ဆေး ပိုးတွေ့နှုန်းမှာ ဇူလိုင်လအလယ်က ၄၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ယခုအချိန်မှာ ၉ ရာခိုင်နှုန်းအထိ လျော့ကျလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာအေးထွန်းက ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19

 

(unicode)


………………………………………………………………………

 


 


 


 


 


 

#PeopleMedia #COVID19


Share this post