• Follow Us on

Home ရခိုင္ျပည္နယ္ရွိ သဇင္ၿမိဳင္ရဲကင္းစခန္းအား AA မွ ၀င္ေရာက္တိုက္ခိုက္၊ ရဲတပ္ဖြဲ႕၀င္ ၁၀ ဦးႏွင့္ မိသားစု၀င္ ၃ ဦး ေပ်ာက္ဆံုး

ရခိုင္ျပည္နယ္ရွိ သဇင္ၿမိဳင္ရဲကင္းစခန္းအား AA မွ ၀င္ေရာက္တိုက္ခိုက္၊ ရဲတပ္ဖြဲ႕၀င္ ၁၀ ဦးႏွင့္ မိသားစု၀င္ ၃ ဦး ေပ်ာက္ဆံုး

Share this post

ရန္ကုန္၊ ေမ – ၂၉

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္အစပ္ရွိ သဇင္ၿမိဳင္ရဲကင္းစခန္းအား ရခိုင္တပ္မ ေတာ္ AA မွ ၀င္ေရာက္တိုက္ခိုက္ခဲ့ရာ ရဲတပ္ဖဲြ႕၀င္ ၁၀ ဦးႏွင့္ မိသားစု၀င္ ၃ ဦးေပ်ာက္ဆံုးလ်က္ရွိေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္ထားသည္။

အဆိုပါ ရခိုင္တပ္မေတာ္ AA မွ အဖြဲ႕၀င္ ၁၀၀ ခန္႔ျဖင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ သဇင္ၿမိဳင္ ရဲကင္းစခန္းရွိ ပင္မ စခန္းေနရာအား အေနာက္ေျမာက္ဘက္မွေန၍ ယေန႔နံနက္ ၂ နာရီေက်ာ္ခန္႔တြင္ ၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီး၊ နံနက္ ၅ နာရီခန္႔တြင္ အင္အားမမွ်၍ ပင္မစခန္းမွ ရဲတပ္ဖြဲ႕၀င္တခ်ဳိ႕ ကာကင္းကုန္စခန္းသို႔ သြားေရာက္ ပူး ေပါင္းခဲ့သည္။

ရဲတပ္ဖြဲ႕၀င္တခ်ဳိ႕မွာ ေပ်ာက္ဆံုးလ်က္ရွိၿပီး အဆိုပါရဲကင္းစခန္းေနရာသို႔ ရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္စစ္ေၾကာင္း မ်ားမွ စစ္ကူေပးႏိုင္ရန္ သြားေရာက္ပူးေပါင္းလ်က္ရွိေၾကာင္း တပ္မေတာ္၏ သတင္းထုတ္ျပန္ေဖာ္ျပခ်က္တြင္ ပါရွိသည္။

သဇင္ၿမိဳင္ရဲစခန္းအား ၀င္ေရာက္တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး လတ္တေလာတြင္ AA ဘက္မွ သတင္းထုတ္ျပန္ ျခင္းမရွိေပ။

Photo – Credit

#PeopleMedia

(unicode)
ရခိုင်ပြည်နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား AA မှ ဝင်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦး ပျောက်ဆုံး
……………………………………………………

ရန်ကုန်၊ မေ – ၂၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား ရခိုင်တပ်မ တော် AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦးပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

အဆိုပါ ရခိုင်တပ်မတော် AA မှ အဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းရှိ ပင်မ စခန်းနေရာအား အနောက်မြောက်ဘက်မှနေ၍ ယနေ့နံနက် ၂ နာရီကျော်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နံနက် ၅ နာရီခန့်တွင် အင်အားမမျှ၍ ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ ကာကင်းကုန်စခန်းသို့ သွားရောက် ပူး ပေါင်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်တချို့မှာ ပျောက်ဆုံးလျက်ရှိပြီး အဆိုပါရဲကင်းစခန်းနေရာသို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်း များမှ စစ်ကူပေးနိုင်ရန် သွားရောက်ပူးပေါင်းလျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ဖော်ပြချက်တွင် ပါရှိသည်။

သဇင်မြိုင်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လတ်တလောတွင် AA ဘက်မှ သတင်းထုတ်ပြန် ခြင်းမရှိပေ။

Photo – Credit

#PeopleMedia


Share this post