• Follow Us on

Home ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္၌ ေရြးေကာက္ပြဲဖ်က္သိမ္းမႈေၾကာင့္ ၂၀၂၀ အလြန္ တပ္မေတာ္ လႊမ္းမိုး ေသာ နိုင္ငံေရးအခင္းအက်င္းျဖစ္လာမယ္လို႔ ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ေျပာဆို

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္၌ ေရြးေကာက္ပြဲဖ်က္သိမ္းမႈေၾကာင့္ ၂၀၂၀ အလြန္ တပ္မေတာ္ လႊမ္းမိုး ေသာ နိုင္ငံေရးအခင္းအက်င္းျဖစ္လာမယ္လို႔ ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၀

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္အား ေရြးေကာက္ပြဲက်င္းပမႈ ဖ်က္သိမ္းခဲ့သည့္အတြက္ လာမည့္ ၂၀၂၀ အလြန္ ရခိုင္ျပည္နယ္၌ တပ္မေတာ္လႊမ္းမိုးေသာ နိုင္ငံေရးအခင္းအက်င္းတစ္ခု ျဖစ္လာနိုင္ေၾကာင္း ရခိုင္အ မ်ိဳးသားပါတီ (ANP) ဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

ရခိုင္ျပည္နယ္တြင္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲက်င္းပရန္ ဖ်က္သိမ္းခဲ့သည့္ ေပါက္ေတာၿမိဳ႕နယ္၊ ပုဏၰား ကၽြန္းၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ မင္းျဗားၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမပုံၿမိဳ႕နယ္စသည့္ ၿမိဳ႕နယ္မ်ားျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ NLD ပါတီ အနိုင္မရရွိေသာ နယ္ေျမမ်ားလဲျဖစ္ပါတယ္။

“တပ္ကေတာ့ သူတို႔ ကိုယ္စားလွယ္ ၁၂ ေယာက္ကေတာ့ သူတို႔ေနရာ အျပည့္ယူမွာပဲ အဲ့ဒါေၾကာင့္ လူထုကိုယ္စားလွယ္ ၁၄ ေယာက္နဲ႔ တပ္ကိုယ္စားလွယ္ ၁၂ ေယာက္နဲ႔ အစိုးရဖြဲ႕မွာေပ့ါ ျပည္နယ္ လႊတ္ေတာ္က တပ္ကလႊမ္းမိုးတဲ့ နိုင္ငံေရးအခင္းအက်ဥ္းျဖစ္ဖို႔အေျခအေနမ်ားတယ္။ အခုအတိုင္းဆိုရင္ လူထုကိုယ္စားလွယ္က နည္းတဲ့အတြက္ ဒီမိုကေရစီစံခ်ိန္စံညႊန္းအရ အရည္အေသြးမမွီတဲ့ လႊတ္ေတာ္တစ္ခုပဲ ျဖစ္လာမွာ”ဟု ဦးသာထြန္းလွက ေျပာပါတယ္။

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္အား ေရြးေကာက္ပြဲကို ဖ်က္သိမ္းခဲ့သည့္အတြက္ေၾကာင့္ နိုင္ငံေရး ေဘာင္က်ဥ္းေျမာင္းကာ စစ္ေဘာင္ခ်ဲ႕မူသည္ ပိုမိုက်ယ္ျပန႔္လာနိုင္ၿပီး ယခုကဲ့သို႔ ရခိုင္ျပည္နယ္က်င္းပမည့္ ေရြးေကာက္ပြဲအားဖ်က္သိမ္းျခင္းသည္ ရခိုင္တိုင္းရင္းသားမ်ား၏ နိုင္ငံေရးခံယူခ်က္အေပၚ ဖ်က္ဆီးျခင္းျဖစ္ေၾကာင္း ဦးသာထြန္းလွက ဆိုပါတယ္။

“ဒါက ရခိုင္ျပည္နယ္ရဲ့ ရခိုင္လူမ်ိဳးေတြရဲ့ နိုင္ငံေရးကိုဖ်က္ဆီးလိုက္တာပဲ အဲ့ဒီလို နိုင္ငံေရးကိုဖ်က္ဆီးတဲ့ အတြက္ေၾကာင့္ နိုင္ငံေရးေဘာင္က က်ဥ္းသြားၿပီ နိုင္ငံေရးေဘာင္က်ဥ္းလာရင္ စစ္ေဘာင္ကေတာ့ က်ယ္လာတာပဲ ဒါက နိယာမတစ္ခုပဲ” ဦးသာထြန္းလွက ေျပာပါတယ္။

ရခိုင္ျပည္နယ္တြင္၊ စစ္ေတြၿမိဳ႕နယ္၊ ေပါက္ေတာၿမိဳ႕နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မာန္ေအာင္ၿမိဳ႕နယ္၊ ရမ္းျဗဲၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ မင္းျဗားၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေျမပုံၿမိဳ႕နယ္၊ ဂြၿမိဳ႕နယ္၊ သံတြဲၿမိဳ႕နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေမာင္းေတာၿမိဳ႕နယ္စသည့္ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္အနက္ ၉ ၿမိဳ႕နယ္အား ဖ်က္သိမ္းခဲ့ျခင္းျဖစ္ပါတယ္။

#PeopleMedia #ရခိုင္အမ်ိဳးသားပါတီ #2020election

(unicode)
ရခိုင်ပြည်နယ်ရှိ မြို့နယ်(၉)မြို့နယ်၌ ရွေးကောက်ပွဲဖျက်သိမ်းမှုကြောင့် ၂၀၂၀ အလွန် တပ်မတော် လွှမ်းမိုး သော နိုင်ငံရေးအခင်းအကျင်းဖြစ်လာမယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောဆို
………………………………………………..

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်ရှိ မြို့နယ်(၉)မြို့နယ်အား ရွေးကောက်ပွဲကျင်းပမှု ဖျက်သိမ်းခဲ့သည့်အတွက် လာမည့် ၂၀၂၀ အလွန် ရခိုင်ပြည်နယ်၌ တပ်မတော်လွှမ်းမိုးသော နိုင်ငံရေးအခင်းအကျင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ရခိုင်အ မျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကျင်းပရန် ဖျက်သိမ်းခဲ့သည့် ပေါက်တောမြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းဗြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်စသည့် မြို့နယ်များဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်မရရှိသော နယ်မြေများလဲဖြစ်ပါတယ်။

“တပ်ကတော့ သူတို့ ကိုယ်စားလှယ် ၁၂ ယောက်ကတော့ သူတို့နေရာ အပြည့်ယူမှာပဲ အဲ့ဒါကြောင့် လူထုကိုယ်စားလှယ် ၁၄ ယောက်နဲ့ တပ်ကိုယ်စားလှယ် ၁၂ ယောက်နဲ့ အစိုးရဖွဲ့မှာပေ့ါ ပြည်နယ် လွှတ်တော်က တပ်ကလွှမ်းမိုးတဲ့ နိုင်ငံရေးအခင်းအကျဉ်းဖြစ်ဖို့အခြေအနေများတယ်။ အခုအတိုင်းဆိုရင် လူထုကိုယ်စားလှယ်က နည်းတဲ့အတွက် ဒီမိုကရေစီစံချိန်စံညွှန်းအရ အရည်အသွေးမမှီတဲ့ လွှတ်တော်တစ်ခုပဲ ဖြစ်လာမှာ”ဟု ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အား ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့သည့်အတွက်ကြောင့် နိုင်ငံရေး ဘောင်ကျဉ်းမြောင်းကာ စစ်ဘောင်ချဲ့မူသည် ပိုမိုကျယ်ပြန့်လာနိုင်ပြီး ယခုကဲ့သို့ ရခိုင်ပြည်နယ်ကျင်းပမည့် ရွေးကောက်ပွဲအားဖျက်သိမ်းခြင်းသည် ရခိုင်တိုင်းရင်းသားများ၏ နိုင်ငံရေးခံယူချက်အပေါ် ဖျက်ဆီးခြင်းဖြစ်ကြောင်း ဦးသာထွန်းလှက ဆိုပါတယ်။

“ဒါက ရခိုင်ပြည်နယ်ရဲ့ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးကိုဖျက်ဆီးလိုက်တာပဲ အဲ့ဒီလို နိုင်ငံရေးကိုဖျက်ဆီးတဲ့ အတွက်ကြောင့် နိုင်ငံရေးဘောင်က ကျဉ်းသွားပြီ နိုင်ငံရေးဘောင်ကျဉ်းလာရင် စစ်ဘောင်ကတော့ ကျယ်လာတာပဲ ဒါက နိယာမတစ်ခုပဲ” ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းဗြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြေပုံမြို့နယ်၊ ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ်စသည့် မြို့နယ် ၁၇ မြို့နယ်အနက် ၉ မြို့နယ်အား ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

#PeopleMedia #ရခိုင်အမျိုးသားပါတီ #2020election


Share this post