• Follow Us on

Home ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်နေရာများကို NLD ပါတီမှ ၎င်းတို့၏ ပါတီဝင်များကို ခန့်အပ်လျှင် ရခိုင်ပြည်သူကို ကိုယ်စားပြုသည့်အစိုးရအဖွဲ့မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် အင်အားကြီး ပါတီဖြစ်သည့် ANP ဥက္ကဋ္ဌပြောကြား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်နေရာများကို NLD ပါတီမှ ၎င်းတို့၏ ပါတီဝင်များကို ခန့်အပ်လျှင် ရခိုင်ပြည်သူကို ကိုယ်စားပြုသည့်အစိုးရအဖွဲ့မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် အင်အားကြီး ပါတီဖြစ်သည့် ANP ဥက္ကဋ္ဌပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်နေရာများကို NLD ပါတီက ၎င်းတို့၏ ပါတီဝင်များကို ခန့်အပ်တာဝန်ပေးပါက ရခိုင်ပြည်သူ လူထုကိုကိုယ်စားပြုသော အစိုးရအဖွဲ့မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်၏ အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက People Media ကို ပြောဆို သည်။
၂၀၂၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်ရှိ လူဦးရေ ၁၆ သိန်းကျော်ရှိသည့်အနက် ရွေးကောက်ပွဲကော်မရှင်က ၆ မြို့နယ်သာ ရွေးကောက်ပွဲကျင်းပပေးမှုကြောင့် လူဦးရေ ၄ သိန်းကျော်သာ မဲပေးခွင့်ရရှိပြီး ကျန်(၉)မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပပေးမှုမရှိသောကြောင့် ၂၀၂၁ ခုနှစ်၌ ဖြစ်ပေါ်လာမည့် ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ် တော်သည် ရခိုင်ပြည်နယ်ရှိ ပြည်သူများကို ကိုယ်စားမပြုကြောင်း ဦးသာထွန်းလှက ပြောသည်။
“ရခိုင်ပြည်သူအများစု မဲပေးခွင့်မရခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တယ်။ အဲ့ဒါကြောင့် ဒီရွေးကောက်ပွဲက ဒီမိုက ရေစီ စံချိန်စံညွန်းနဲ့ မညီဘူးလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် အဲ့ရွေးကောက်ပွဲက ဖြစ်ပေါ်လာတဲ့ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်လွှတ်တော်ကို ဖွဲ့စည်းမယ်ဆိုရင်လည်း လွှတ်တော်ကလည်း ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်တစ်ရက် ဖြစ်လာစရာ အကြောင်းမရှိဘူး။ အဲ့ဒါကြောင့် အဲ့လွှတ်တော်က ဖွဲ့ပေးတဲ့ အစိုးရကိုယ်တိုင်ကလည်း ပြည်သူအများစုကို ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့တစ်ခု မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ထပ်မံပြောပါတယ်။
NLD ပါတီသည် ၂၀၂၁ အစိုးရမဖွဲ့မှီကာလ၌ ကချင်၊မွန်၊ရှမ်း၊ကယားအပါအဝင် အခြားသော တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံခဲ့သော်လည်း ရခိုင်အမျိုးသားပါတီနှင့် တွေ့ဆုံခဲ့ခြင်းမရှိပါ။
အလားတူ ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၀ ရွေးကောက်ပွဲအပြီး၌ တပ်မ တော်၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များအပါအဝင် အခြားသော တိုင်းရင်းသားပါတီလွှတ်တော်ကိုယ်စား လှယ်များစုပေါင်း၍ ဒုတိယအကြိမ် အရေးပေါ်လွှတ်တော်ခေါ်ယူရန် တောင်းဆိုခဲ့ကြသည်။
(unicode)
……………………………………………………………….

Share this post