• Follow Us on

Home ရခိုင္ျပည္နယ္အတြက္ တစ္ႏိုင္ငံလုံးမွျပည္သူမ်ားစိုးရိမ္ပူပန္ေနခ်ိန္ AA ေခါင္းေဆာင္ေတြအေနျဖင့္ ေသာက္တလြဲေတြ ေျပာေနလို႔ အဆင္မေျပေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူေျပာၾကား

ရခိုင္ျပည္နယ္အတြက္ တစ္ႏိုင္ငံလုံးမွျပည္သူမ်ားစိုးရိမ္ပူပန္ေနခ်ိန္ AA ေခါင္းေဆာင္ေတြအေနျဖင့္ ေသာက္တလြဲေတြ ေျပာေနလို႔ အဆင္မေျပေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူေျပာၾကား

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၅

စက္တင္ဘာ ၄ ရက္က ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္တြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ သတင္းေထာက္တစ္ဦးက ရခိုင္ေျမာက္ပိုင္းတြင္ COVID-19 ေရာဂါ ကူးစက္ပ်ံ႕ပြားလာျခင္းႏွင့္ ပတ္သက္၍ AA အဖြဲ႕ေခါင္းေဆာင္က ႏိုင္ငံေရး၊ စစ္ေရး အေၾကာင္းခံၿပီး ေရာက္လာသည္ဆိုေသာ ေျပာၾကားမႈႏွင့္ ပတ္သက္၍ ေမးျမန္းမႈအေပၚ ဦးေဇာ္ေဌးက အထက္ပါအတိုင္း ထည့္သြင္းေျဖၾကား ခဲ့ျခင္းျဖစ္သည္။

“အခုဆိုရင္ ရခိုင္မွာ ရမ္းၿဗဲကလြဲလို႔ က်န္တဲ့ ၁၆ ၿမိဳ႕နယ္လုံး Positive ေတြ ေတြ႕ေနၿပီ။ အဲဒီေတာ့ ရခိုင္ျပည္သူလူထု ဒုကၡေရာက္တဲ့ အခ်ိန္မွာ ဝိုင္းကူတယ္။ ေျပာရရင္ တစ္ႏိုင္ငံလုံးက လူေတြက စိုးရိမ္ပူပန္ၿပီး လုပ္ေနခ်ိန္မွာ AA ေခါင္းေဆာင္ေတြက ေသာက္တလြဲေတြ ေျပာေနလို႔ အဆင္မေျပဘူး”ဟု ဦးေဇာ္ေဌးက ယေန႔ ေနျပည္ေတာ္တြင္ သတင္းေထာက္မ်ား ကို ေျပာသည္။

“COVID ရခိုင္မွာ ပ်ံ႕တဲ့ကာလမွာ ကူညီမႈေတြ မ်ားလာတယ္။ ဒါအထင္အရွားပဲ။ ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ ကြၽန္ေတာ္တို႔က ကူညီတာ။ ရွင္းရွင္းေျပာရရင္ အၾကမ္းဖက္သမားနဲ႔ ျပည္သူကို ကြၽန္ေတာ္တို႔က ခြဲျမင္တယ္။ က်န္တဲ့ တစ္ႏိုင္ငံလုံးက ျပည္သူကလည္း ခြဲျမင္တယ္။ AA အၾကမ္းဖက္သမားက သပ္သပ္၊ ရခိုင္ျပည္သူလူထုက သပ္သပ္။ အဲဒီေတာ့ ရခိုင္ျပည္သူလူထု ဒုကၡေရာက္တဲ့အခ်ိန္မွာ ဝိုင္းကူတယ္။ ဒါရွင္းရွင္းေလးရယ္။ အရင္တုန္းက ခင္ဗ်ားတို႔ၾကည့္လိုက္၊ AA အတြက္ ဘယ္သူက ဘ႑ာေငြေတြ၊ အလွဴေငြေတြ ေကာက္လဲ။ ႏိုင္ငံျခားမွာ ေရာက္ေနတဲ့ အုပ္စုေတြေပါ႔ေနာ္၊ သူတို႔အမ်ိဳးႏြယ္အုပ္စုေတြ ဒါေတြပဲ ေကာက္တာ။ ျပည္တြင္းက ဘယ္သူကမွ မကူဘူး။ IDP စခန္းေတြ၊ တိုက္ပြဲေရွာင္စခန္းေတြ ဘယ္သူမွ မကူဘူး၊ ျပည္တြင္းက။ ဒါေပမဲ့ COVID ျဖစ္တဲ့အခ်ိန္မွာကူတယ္။ ဒါသိသာထင္ရွားတဲ့ အခ်က္ေပါ႔။ ေျပာရရင္ တစ္ႏိုင္ငံလုံးက လူေတြက စိုးရိမ္ပူပန္ၿပီး လုပ္ေနတဲ့ အခ်ိန္မွာ AA ေခါင္းေဆာင္ေတြက ေသာက္တလြဲေတြ ေျပာေနလို႔ အဆင္မေျပဘူး။ ေျပာတာ၊ ေၾကညာခ်က္က တစ္ခု၊ ေအာက္မွာလုပ္တာကသပ္သပ္ ေျပာင္းျပန္ေတြ ျဖစ္ေနတယ္”ဟု ဦးေဇာ္ေဌးက ေျပာၾကားသည္။
AA အဖြဲ႕အေနျဖင့္ အပစ္ရပ္ေၾကညာထားသည့္ ေနာက္ပိုင္းတြင္ အၾကမ္းဖက္လုပ္ရပ္မ်ားကို ေလွ်ာ့ခ်ရန္ လိုအပ္ၿပီး မိုင္းေထာင္ျခင္းမ်ားကို မလုပ္ရန္ အပါအဝင္ မၾကာေသးခင္ ကာလအတြင္းက ရိကၡာယာဉ္တန္းကို မိုင္းေထာင္ျခင္းမ်ား၊ အျခားေသာ တိုက္ခိုက္မႈမ်ား၊ ဖမ္းဆီးေခၚေဆာင္မႈမ်ားသည္ ေန႔စဉ္လိုလို ျဖစ္ပြားေနသည့္အတြက္ရခိုင္ျပည္နယ္တြင္ COVID-19 ဗိုင္းရပ္စ္ပိုး ပ်ံ႕ ႏွံ႔ မႈေၾကာင့္ ရခိုင္လူထုမွာ ဒုကၡေရာက္ေနသျဖင့္ တႏိုင္ငံလုံးက လူမ်ားက စိုးရိမ္ပူပန္မႈမ်ား ရွိေနခ်ိန္တြင္ (AA) ေခါင္းေဆာင္မ်ားက အေျပာတစ္မ်ိဳး၊ အလုပ္တစ္မ်ိဳး လုပ္ေနသည္ဟု သမၼတ႐ုံး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။

ဦးေဇာ္ေဌးက “အခု ေျပာသြားတဲ့ စကားေတြ ကြၽန္ေတာ္တို႔ တစ္လုံးမက်န္ နားေထာင္တယ္။ ဒီေအာက္က ေဒသခံ ျပည္သူေတြ ကို အထင္ အျမင္လြဲမွားေအာင္ ဒီလိုမ်ိဳး COVID – 19 ကာလမွေတာင္မွ ႏိုင္ငံေရး အျမတ္ထုတ္ေနတယ္။ စစ္ေရး အျမတ္ထုတ္ေနတယ္ေပါ႔။ ဒါမ်ိဳးေတြက မလုပ္သင့္ဘူးလို႔ ကြၽန္ေတာ္တို႔က ေျပာခ်င္တယ္”ဟု ေျပာသည္။

#PeopleMedia

(unicode)
ရခိုင်ပြည်နယ်အတွက် တစ်နိုင်ငံလုံးမှပြည်သူများစိုးရိမ်ပူပန်နေချိန် AA ခေါင်းဆောင်တွေအနေဖြင့် သောက်တလွဲတွေ ပြောနေလို့ အဆင်မပြေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြောကြား
……………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၅

စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်မြောက်ပိုင်းတွင် COVID-19 ရောဂါ ကူးစက်ပျံ့ပွားလာခြင်းနှင့် ပတ်သက်၍ AA အဖွဲ့ခေါင်းဆောင်က နိုင်ငံရေး၊ စစ်ရေး အကြောင်းခံပြီး ရောက်လာသည်ဆိုသော ပြောကြားမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“အခုဆိုရင် ရခိုင်မှာ ရမ်းဗြဲကလွဲလို့ ကျန်တဲ့ ၁၆ မြို့နယ်လုံး Positive တွေ တွေ့နေပြီ။ အဲဒီတော့ ရခိုင်ပြည်သူလူထု ဒုက္ခရောက်တဲ့ အချိန်မှာ ဝိုင်းကူတယ်။ ပြောရရင် တစ်နိုင်ငံလုံးက လူတွေက စိုးရိမ်ပူပန်ပြီး လုပ်နေချိန်မှာ AA ခေါင်းဆောင်တွေက သောက်တလွဲတွေ ပြောနေလို့ အဆင်မပြေဘူး”ဟု ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များ ကို ပြောသည်။

“COVID ရခိုင်မှာ ပျံ့တဲ့ကာလမှာ ကူညီမှုတွေ များလာတယ်။ ဒါအထင်အရှားပဲ။ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ကျွန်တော်တို့က ကူညီတာ။ ရှင်းရှင်းပြောရရင် အကြမ်းဖက်သမားနဲ့ ပြည်သူကို ကျွန်တော်တို့က ခွဲမြင်တယ်။ ကျန်တဲ့ တစ်နိုင်ငံလုံးက ပြည်သူကလည်း ခွဲမြင်တယ်။ AA အကြမ်းဖက်သမားက သပ်သပ်၊ ရခိုင်ပြည်သူလူထုက သပ်သပ်။ အဲဒီတော့ ရခိုင်ပြည်သူလူထု ဒုက္ခရောက်တဲ့အချိန်မှာ ဝိုင်းကူတယ်။ ဒါရှင်းရှင်းလေးရယ်။ အရင်တုန်းက ခင်ဗျားတို့ကြည့်လိုက်၊ AA အတွက် ဘယ်သူက ဘဏ္ဍာငွေတွေ၊ အလှူငွေတွေ ကောက်လဲ။ နိုင်ငံခြားမှာ ရောက်နေတဲ့ အုပ်စုတွေပေါ့နော်၊ သူတို့အမျိုးနွယ်အုပ်စုတွေ ဒါတွေပဲ ကောက်တာ။ ပြည်တွင်းက ဘယ်သူကမှ မကူဘူး။ IDP စခန်းတွေ၊ တိုက်ပွဲရှောင်စခန်းတွေ ဘယ်သူမှ မကူဘူး၊ ပြည်တွင်းက။ ဒါပေမဲ့ COVID ဖြစ်တဲ့အချိန်မှာကူတယ်။ ဒါသိသာထင်ရှားတဲ့ အချက်ပေါ့။ ပြောရရင် တစ်နိုင်ငံလုံးက လူတွေက စိုးရိမ်ပူပန်ပြီး လုပ်နေတဲ့ အချိန်မှာ AA ခေါင်းဆောင်တွေက သောက်တလွဲတွေ ပြောနေလို့ အဆင်မပြေဘူး။ ပြောတာ၊ ကြေညာချက်က တစ်ခု၊ အောက်မှာလုပ်တာကသပ်သပ် ပြောင်းပြန်တွေ ဖြစ်နေတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။
AA အဖွဲ့အနေဖြင့် အပစ်ရပ်ကြေညာထားသည့် နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကို လျှော့ချရန် လိုအပ်ပြီး မိုင်းထောင်ခြင်းများကို မလုပ်ရန် အပါအဝင် မကြာသေးခင် ကာလအတွင်းက ရိက္ခာယာဉ်တန်းကို မိုင်းထောင်ခြင်းများ၊ အခြားသော တိုက်ခိုက်မှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများသည် နေ့စဉ်လိုလို ဖြစ်ပွားနေသည့်အတွက်ရခိုင်ပြည်နယ်တွင် COVID-19 ဗိုင်းရပ်စ်ပိုး ပျံ့ နှံ့ မှုကြောင့် ရခိုင်လူထုမှာ ဒုက္ခရောက်နေသဖြင့် တနိုင်ငံလုံးက လူများက စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် (AA) ခေါင်းဆောင်များက အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်နေသည်ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “အခု ပြောသွားတဲ့ စကားတွေ ကျွန်တော်တို့ တစ်လုံးမကျန် နားထောင်တယ်။ ဒီအောက်က ဒေသခံ ပြည်သူတွေ ကို အထင် အမြင်လွဲမှားအောင် ဒီလိုမျိုး COVID – 19 ကာလမှတောင်မှ နိုင်ငံရေး အမြတ်ထုတ်နေတယ်။ စစ်ရေး အမြတ်ထုတ်နေတယ်ပေါ့။ ဒါမျိုးတွေက မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က ပြောချင်တယ်”ဟု ပြောသည်။

#PeopleMedia


Share this post