• Follow Us on

Home ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးစိုးရိမ်မှုများနှင့်အတူ လူမျိုးရေးပဋိပက္ခများသို့ ဦးတည်လာမည်ကို စိုး ရိမ်ဖွယ်ရာဖြစ်၍ ဆင်ခြင်သတိထားရန် AA ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးစိုးရိမ်မှုများနှင့်အတူ လူမျိုးရေးပဋိပက္ခများသို့ ဦးတည်လာမည်ကို စိုး ရိမ်ဖွယ်ရာဖြစ်၍ ဆင်ခြင်သတိထားရန် AA ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ (People Media)

 

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးစိုးရိမ်မှုများနှင့်အတူ လူမျိုးရေးပဋိပက္ခများသို့ ဦးတည်လာမည်ကို စိုးရိမ်ဖွယ်ရာ ဖြစ်၍ ဆင်ခြင်သတိထားရန် ရက္ခိုင့်တပ်တော်(AA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

ရခိုင်ပြည်နယ်၏ မြို့နယ်တစ်ချို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ထူးခြားဖြစ်စဉ်များကို ဆက်တိုက် တွေ့လာရကြောင်း၊ ယင်းအပြင် လူမျိုးရေးပဋိပက္ခများကို ဦးတည်လာနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက် တွေ့နေရကြောင်း ထုတ်ပြန်ထားသည်။

 

ဒီဇင်ဘာလ (၉) ရက်နေ့တွင် မြောက်ဦးမြို့ အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းစက် (၂)လုံးအား မီးရှှို့ဖျက်ဆီးခြင်း၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကျောက်တော်မြို့ တောင်ဘွယ်ကျေးရွာ၌ ရခိုင်အမျိုးသမီး တစ်ဦးအား မူဆလင် (၂) ဦးမှ မုဒိမ်းကျင့်ရန် ကြံစည်ခြင်း၊ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဂွမြို့ ရွာမရပ်ကွက် မူလတန်း(လွန်)ကျောင်း မီးရှို့ခြင်းနှင့် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ကျောက်ဖြူမြို့ စည်မော်ကျေးရွာ၌ ရိတ်သိမ်းပြီး စပါးများကို မီးရှှို့ဖျက်ဆီးခြင်း စသည်တို့ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဤဖြစ်ရပ်များသည် အဖွဲ့အစည်းတစ်ခုခုက မကောင်းသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံံ့ဆော်မှုများအား နောက်ကွယ်မှ ကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယဖြစ်ပြီး၊ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများနှင့် လူမျိုးရေးပဋိပက္ခ များကို ဦးတည်လာမည်ကို စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် ရပ်ရွာ၊ မြို့များ၌ ရှိသည့် လူငယ်များအနေဖြင့် ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေး၊ မီးအန္တရာယ်များ ကင်းဝေးစေရေးအတွက် မိမိတို့ ရပ်ရွာ၊ မြို့များအတွင်း လူစိမ်းအဝင်အထွက်များအား သတိထားစောင့်ကြည့်ကြရန် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

AA အနေဖြင့်လည်း ယင်းဖြစ်စဉ်များကို ပြည်သူများနှင့် လက်တွဲပြီး သီးခြားစုံစမ်းစစ်ဆေးမည်ဖြစ်ပြီး၊ ပြည်သူ့လုံခြုံရေးကိုလည်း တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Photo – AA

 

#PeopleMedia #AA

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 

Photo – AA

 

#PeopleMedia #AA


Share this post